DVB Logo
Home
မြန်မာသတင်း
ဝေါမြို့နယ်တွင် ရေကြီးမှုကြောင့် လူပေါင်း ၂၀၀၀ ကျော်ကို အရေးပေါ်ပြောင်းရွှေ့ 
DVB
·
August 12, 2019
ဝေါမြို့နယ်တွင် ရေကြီးမှုကြောင့် လူပေါင်း ၂၀၀၀ ကျော်ကို အရေးပေါ်ပြောင်းရွှေ့ 
1 / 5
Donate to DVB

ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်မှာ မိုးအဆက်မပြတ်ရွာသွန်းတဲ့အတွက် မြို့ပေါ်ရပ်ကွက် ၅ ခု နဲ့ ကျေးရွာ ၉ ရွာမှာ ရေကြီးနစ်မြုပ်နေပါတယ်။

‌ဝေါမြို့ပေါ်ရပ်ကွက် ၅ ခု နဲ့ ကျေးရွာ ၉ ရွာတို့က အိမ်ခြေပေါင်း ၄၇၉ အိမ်မှာ ရေကြီးနစ်မြုပ်တာတွေ ဖြစ်ပေါ်နေတဲ့အတွက် လူဦးရေပေါင်း ၂၂၃၂ ဦးကို ကယ်ဆယ်ရေးစခန်း ၄ ခုဖွင့်လှစ်ကာ အရေးပေါ်ပြောင်းရွှေ့ပေးထားတယ်လို့ ဝေါမြို့နယ် မဲဆန္ဒနယ် အမှတ် ၁ က လွှတ်တော်ကိုယ်စားလှယ် ဒေါ်ရီရီထိုက်က ပြောပါတယ်။

ဩဂုတ် ၁၀ ရက်နေ့ကစပြီး ၁၁ ရက်အထိ နှစ်ရက်ဆက်တိုက်ရွာလိုက်တဲ့မိုးကြောင့် ခုလို ဝေါမြို့နယ်က အနိမ့်ပိုင်းကျေးရွာတွေနဲ့ရပ်ကွက်တွေထဲ ရေဝင်သွားတာပါ။ 

ရေကြီးမှုကြောင့် စာသင်ကျောင်း ၁၇ ကျောင်းကိုလည်း ယာယီ ပိတ်ထားရသလို ကျွဲနွားတွေကိုလည်း တာဘောင်တွေမှာ ချည်ထားရပါတယ်။ လယ်တွေကတော့ ဘယ်လောက်ထိပျက်စီးမယ်ဆိုတာ မသိရသေးပါဘူး။ 

သတင်း- အောင်စိုးမိုး




ေဝါၿမိဳ႕နယ္တြင္ ေရႀကီးမႈေၾကာင့္ လူေပါင္း ၂၀၀၀ ေက်ာ္ကို အေရးေပၚေျပာင္းေ႐ႊ႕
DVB
ပဲခူးတိုင္းေဒသႀကီး၊ ေဝါၿမိဳ႕နယ္မွာ မိုးအဆက္မျပတ္႐ြာသြန္းတဲ့အတြက္ ၿမိဳ႕ေပၚရပ္ကြက္ ၅ ခု နဲ႔ ေက်း႐ြာ ၉ ႐ြာမွာ ေရႀကီးနစ္ျမဳပ္ေနပါတယ္။

‌ေဝါၿမိဳ႕ေပၚရပ္ကြက္ ၅ ခု နဲ႔ ေက်း႐ြာ ၉ ႐ြာတို႔က အိမ္ေျခေပါင္း ၄၇၉ အိမ္မွာ ေရႀကီးနစ္ျမဳပ္တာေတြ ျဖစ္ေပၚေနတဲ့အတြက္ လူဦးေရေပါင္း ၂၂၃၂ ဦးကို ကယ္ဆယ္ေရးစခန္း ၄ ခုဖြင့္လွစ္ကာ အေရးေပၚေျပာင္းေ႐ႊ႕ေပးထားတယ္လို႔ ေဝါၿမိဳ႕နယ္ မဲဆႏၵနယ္ အမွတ္ ၁ က လႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚရီရီထိုက္က ေျပာပါတယ္။

ဩဂုတ္ ၁၀ ရက္ေန႔ကစၿပီး ၁၁ ရက္အထိ ႏွစ္ရက္ဆက္တိုက္႐ြာလိုက္တဲ့မိုးေၾကာင့္ ခုလို ေဝါၿမိဳ႕နယ္က အနိမ့္ပိုင္းေက်း႐ြာေတြနဲ႔ရပ္ကြက္ေတြထဲ ေရဝင္သြားတာပါ။

ေရႀကီးမႈေၾကာင့္ စာသင္ေက်ာင္း ၁၇ ေက်ာင္းကိုလည္း ယာယီ ပိတ္ထားရသလို ကြၽဲႏြားေတြကိုလည္း တာေဘာင္ေတြမွာ ခ်ည္ထားရပါတယ္။ လယ္ေတြကေတာ့ ဘယ္ေလာက္ထိပ်က္စီးမယ္ဆိုတာ မသိရေသးပါဘူး။
သတင္း- ေအာင္စိုးမိုး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013