DVB Logo
Home
မြန်မာသတင်း
ပုဂံ-ရန်ကုန် မီးရထားလမ်း ချောင်းရေတိုက်စားခံရသဖြင့် ယာယီပိတ်ထားရ
DVB
·
August 12, 2019
ပုဂံ-ရန်ကုန် မီးရထားလမ်း ချောင်းရေတိုက်စားခံရသဖြင့် ယာယီပိတ်ထားရ
1 / 6
Donate to DVB

ပုဂံ-ရန်ကုန်ပြေးဆွဲနေတဲ့ ရထားလမ်းပိုင်း ညောင်ဦးမြို့နယ် ပုဂံဘူတာနဲ့ တောင်ဇင်းဘူတာ အကြား တံတားအမှတ်(၁၃၅)ကို သြဂုတ် ၁၀ ရက် ညနေက မိုးရေတိုက်စားပြီး ဒေါက်တိုင်တွေ တိမ်းစောင်းခဲ့တဲ့အတွက် ဖြတ်သန်းမှုရပ်ဆိုင်းထားရပါတယ်။

မိုင်တိုင်က ၃၈၇/၂၂ တံတား က ပေ ၁၂၀ရှိတာ တံတားရဲ့ရေလည်တိုင် PR 3 က ၄၅ ဒီဂရီ လောက်စောင်းသွားတာလို့ ပုဂံ မီးရထားဘူတာ ရုံပိုင်ကြီး ဦးဉာဏ်တင့်က ပြောပါတယ်။

 “ပေ ၂၀ အရှည်ရှိတဲ့ တံတားသံဘောင်က ပြုတ်ကျတယ်။ ရေလယ်တိုင် အမှတ် လေးပေါ့။ PR4 ကတော့ တုံးလုံးလဲသွားတယ်၊ တံတားပြင်ဆင်တဲ့ အလုပ်ရုံက အဖွဲ့တွေ ဒီနေ့ရောက်မယ်၊ ခန့်မှန်းကတော့ တပတ်ပေါ့။ ဒီထက်လည်း စောရင်လည်း စောပြီးနိုင်ပါတယ်”

လက်ရှိအခြေအနေမှာတော့ ပုဂံ၊ နေပြည်တော်၊ ရန်ကုန် ရထားကို ကျောက်ပန်းတောင်း ဘူတာအထိသာ ပြေးဆွဲပေးနေပါတယ်။

စဖြစ်တဲ့နေ့က ရန်ကုန်ကနေ ပုဂံလိုက်ပါလာတဲ့ ခရီးသည်တွေကို ကျောက်ပန်းတောင်းဘူတာကနေ ကားတွေနဲ့ အိမ်အရောက် လိုက်လံပို့ဆောင်ပေးခဲ့ပြီး ပုဂံဘူတာရောက်နေတဲ့ ခရီးသည်တွေကိုတော့ ခရီးစဉ်ဖျက်သိမ်းကာ ငွေပြန် အမ်းပေးခဲ့ပါတယ်။

သြဂုတ် ၁၀ ရက် ညနေပိုင်း ရွာသွန်းတဲ့မိုးကြောင့် ပုဂံညောင်ဦး မြို့အဝင်ချောင်းတွေနဲ့ မြို့တွင်းရှိ ဝက်ကြီးအင်း ချောင်းတွေအပါအဝင် ချောင်း ၅ ခုလောက်မှာ ရေကြီးနေတယ်လို့ ဒေသခံက ပြောပါတယ်။

သတင်း- ကိုလင်း(ချောက်)၊ ဓာတ်ပုံ ဦးညီညီလွင်




ပုဂံ-ရန္ကုန္ မီးရထားလမ္း ေခ်ာင္းေရတိုက္စားခံရသျဖင့္ ယာယီပိတ္ထားရ
DVB
ပုဂံ-ရန္ကုန္ေျပးဆြဲေနတဲ့ ရထားလမ္းပိုင္း ေညာင္ဦးၿမိဳ႕နယ္ ပုဂံဘူတာနဲ႔ ေတာင္ဇင္းဘူတာ အၾကား တံတားအမွတ္(၁၃၅)ကို ၾသဂုတ္ ၁၀ ရက္ ညေနက မိုးေရတိုက္စားၿပီး ေဒါက္တိုင္ေတြ တိမ္းေစာင္းခဲ့တဲ့အတြက္ ျဖတ္သန္းမႈရပ္ဆိုင္းထားရပါတယ္။

မိုင္တိုင္က ၃၈၇/၂၂ တံတား က ေပ ၁၂၀ရွိတာ တံတားရဲ႕ေရလည္တိုင္ PR 3 က ၄၅ ဒီဂရီ ေလာက္ေစာင္းသြားတာလို႔ ပုဂံ မီးရထားဘူတာ ႐ုံပိုင္ႀကီး ဦးဉာဏ္တင့္က ေျပာပါတယ္။

“ေပ ၂၀ အရွည္ရွိတဲ့ တံတားသံေဘာင္က ျပဳတ္က်တယ္။ ေရလယ္တိုင္ အမွတ္ ေလးေပါ့။ PR4 ကေတာ့ တုံးလုံးလဲသြားတယ္၊ တံတားျပင္ဆင္တဲ့ အလုပ္႐ုံက အဖြဲ႕ေတြ ဒီေန႔ေရာက္မယ္၊ ခန္႔မွန္းကေတာ့ တပတ္ေပါ့။ ဒီထက္လည္း ေစာရင္လည္း ေစာၿပီးႏိုင္ပါတယ္”

လက္ရွိအေျခအေနမွာေတာ့ ပုဂံ၊ ေနျပည္ေတာ္၊ ရန္ကုန္ ရထားကို ေက်ာက္ပန္းေတာင္း ဘူတာအထိသာ ေျပးဆြဲေပးေနပါတယ္။

စျဖစ္တဲ့ေန႔က ရန္ကုန္ကေန ပုဂံလိုက္ပါလာတဲ့ ခရီးသည္ေတြကို ေက်ာက္ပန္းေတာင္းဘူတာကေန ကားေတြနဲ႔ အိမ္အေရာက္ လိုက္လံပို႔ေဆာင္ေပးခဲ့ၿပီး ပုဂံဘူတာေရာက္ေနတဲ့ ခရီးသည္ေတြကိုေတာ့ ခရီးစဥ္ဖ်က္သိမ္းကာ ေငြျပန္ အမ္းေပးခဲ့ပါတယ္။

ၾသဂုတ္ ၁၀ ရက္ ညေနပိုင္း ႐ြာသြန္းတဲ့မိုးေၾကာင့္ ပုဂံေညာင္ဦး ၿမိဳ႕အဝင္ေခ်ာင္းေတြနဲ႔ ၿမိဳ႕တြင္းရွိ ဝက္ႀကီးအင္း ေခ်ာင္းေတြအပါအဝင္ ေခ်ာင္း ၅ ခုေလာက္မွာ ေရႀကီးေနတယ္လို႔ ေဒသခံက ေျပာပါတယ္။
သတင္း- ကိုလင္း(ေခ်ာက္)၊ ဓာတ္ပုံ ဦးညီညီလြင္

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013