DVB Logo
Home
မြန်မာသတင်း
ရေးမြို့ မြစ်ရေကြီးမှု ဆုံးရှုံးမှုများပြား၊ ပြန်လည်ထူထောင်ရေးအရေးပေါ် အကူအညီလိုအပ်နေ
DVB
·
August 12, 2019
ရေးမြို့ မြစ်ရေကြီးမှု ဆုံးရှုံးမှုများပြား၊ ပြန်လည်ထူထောင်ရေးအရေးပေါ် အကူအညီလိုအပ်နေ
1 / 5
Donate to DVB

မြစ်ရေကြီးမှုနဲ့ ဆိုးဆိုးရွားရွားကြုံခဲ့ရတဲ့ မွန်ပြည်နယ် ရေးမြို့နယ်မှာ ဒီမနက် ရေပြန်လည်ကျ ကျဆင်းသွားပြီး  ပြန်လည်ထူထောင်ရေးအရေးပေါ် အကူအညီတွေ ဆက်လက်လိုအပ်နေတယ်လို့ ရေဘေးသင့်ပြည်သူတွေက ပြောပါတယ်။

ရေပြန်ကျပေမယ့် နေအိမ်တွေ ရေထဲမျောပါသွားတဲ့ မိသားစုတွေကတော့ နေစရာလဲမရှိ စားစရာ ဝတ်စရာလဲမရှိဘဲ အကူညီတွေ လိုအပ်နေတာဖြစ်ပါတယ်။ 

ဒေသခံ ဈေးသည် ကိုတင်ကိုက “အခုရေကြီးတာ နှစ်ပေါင်း ၆၀ အတွင်းမှာ ရေအကြီးဆုံး ဖြစ်တာကြောင့် မထင်မှတ်ဘဲ ရေးမြို့တမြို့လုံးနီးပါး ၈၀ ရာခိုင်နှုန်းကျော်လောက် ရေလွှမ်းခံခဲ့ရတယ်။ ဈေးပစ္စည်းတွေ နေအိမ်တွေ ပျက်စီးတာတွေများပြားတဲ့အတွက် ဆုံးရှုံးမှုက များပြားနေတယ်”လို့ သူက ပြောပါတယ်။

ရေးမြို့နယ်ရေကြီးမှုမှာ နေအိမ်မျောပါတာ ရာဂဏန်းအထိ ရှိလာနေပြီး ဥယျာဉ်ခြံတွေပါ မျောပါပျက်စီးဆုံးရှုံးတာတွေ စာသင်ကျောင်းပါ ပျက်စီးမှုနဲ့ လမ်းပန်းဆက်သွယ်ရေးလည်း သွားလာမှုတွေ ပြတ်တောက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အခုအချိန်အထိ ကယ်ဆယ်ရေးစခန်း ၁၂ ခုမှာ ရေဘေးသင့်ပြည်သူတွေ ၁၀၀၀၀ ခန့် ခိုလှုံနေကြပါတယ်။ ပြန်လည်ထူရေးလုပ်ငန်းတွေကို သက်ဆိုင်ရာအဖွဲ့စည်းနဲ့ ပူးပေါင်း လု‌ပ်ဆောင်သွားမယ်လို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံဝင်းက ပြောပါတယ်။

ရေးမြို့နယ်မှာ ရေကြီးမှုအတွင်း လူ ၁ဦးသေဆုံးပြီး အိမ်မွေးတိရိစ္ဆာန်တွေပါ ရေဘေးဒဏ် ခံစားနေရတာပါ။ ပျက်စီးဆုံးရှုံးမှုတန်ဖိုးကို မခန့်မှန်းနိုင်သေးဘဲ ပျက်စီးမှု ပမာဏ သိရဖို့ စစ်တမ်းကောက်ယူနေလို့ မြို့နယ်က ထုတ်ပြန်ထားပါတယ်။

သတင်း- နေမျိုးထွဋ် (ရေး)




ေရးၿမိဳ႕ ျမစ္ေရႀကီးမႈ ဆုံးရႈံးမႈမ်ားျပား၊ ျပန္လည္ထူေထာင္ေရးအေရးေပၚ အကူအညီလိုအပ္ေန
DVB

ျမစ္ေရႀကီးမႈနဲ႔ ဆိုးဆိုး႐ြား႐ြားႀကဳံခဲ့ရတဲ့ မြန္ျပည္နယ္ ေရးၿမိဳ႕နယ္မွာ ဒီမနက္ ေရျပန္လည္က် က်ဆင္းသြားၿပီး ျပန္လည္ထူေထာင္ေရးအေရးေပၚ အကူအညီေတြ ဆက္လက္လိုအပ္ေနတယ္လို႔ ေရေဘးသင့္ျပည္သူေတြက ေျပာပါတယ္။

ေရျပန္က်ေပမယ့္ ေနအိမ္ေတြ ေရထဲေမ်ာပါသြားတဲ့ မိသားစုေတြကေတာ့ ေနစရာလဲမရွိ စားစရာ ဝတ္စရာလဲမရွိဘဲ အကူညီေတြ လိုအပ္ေနတာျဖစ္ပါတယ္။

ေဒသခံ ေဈးသည္ ကိုတင္ကိုက “အခုေရႀကီးတာ ႏွစ္ေပါင္း ၆၀ အတြင္းမွာ ေရအႀကီးဆုံး ျဖစ္တာေၾကာင့္ မထင္မွတ္ဘဲ ေရးၿမိဳ႕တၿမိဳ႕လုံးနီးပါး ၈၀ ရာခိုင္ႏႈန္းေက်ာ္ေလာက္ ေရလႊမ္းခံခဲ့ရတယ္။ ေဈးပစၥည္းေတြ ေနအိမ္ေတြ ပ်က္စီးတာေတြမ်ားျပားတဲ့အတြက္ ဆုံးရႈံးမႈက မ်ားျပားေနတယ္”လို႔ သူက ေျပာပါတယ္။

ေရးၿမိဳ႕နယ္ေရႀကီးမႈမွာ ေနအိမ္ေမ်ာပါတာ ရာဂဏန္းအထိ ရွိလာေနၿပီး ဥယ်ာဥ္ၿခံေတြပါ ေမ်ာပါပ်က္စီးဆုံးရႈံးတာေတြ စာသင္ေက်ာင္းပါ ပ်က္စီးမႈနဲ႔ လမ္းပန္းဆက္သြယ္ေရးလည္း သြားလာမႈေတြ ျပတ္ေတာက္ေနတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

အခုအခ်ိန္အထိ ကယ္ဆယ္ေရးစခန္း ၁၂ ခုမွာ ေရေဘးသင့္ျပည္သူေတြ ၁၀၀၀၀ ခန႔္ ခိုလႈံေနၾကပါတယ္။ ျပန္လည္ထူေရးလုပ္ငန္းေတြကို သက္ဆိုင္ရာအဖြဲ႕စည္းနဲ႔ ပူးေပါင္း လု‌ပ္ေဆာင္သြားမယ္လို႔ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉး ဦးကံဝင္းက ေျပာပါတယ္။

ေရးၿမိဳ႕နယ္မွာ ေရႀကီးမႈအတြင္း လူ ၁ဦးေသဆုံးၿပီး အိမ္ေမြးတိရိစာၦန္ေတြပါ ေရေဘးဒဏ္ ခံစားေနရတာပါ။ ပ်က္စီးဆုံးရႈံးမႈတန္ဖိုးကို မခန႔္မွန္းႏိုင္ေသးဘဲ ပ်က္စီးမႈ ပမာဏ သိရဖို႔ စစ္တမ္းေကာက္ယူေနလို႔ ၿမိဳ႕နယ္က ထုတ္ျပန္ထားပါတယ္။
သတင္း- ေနမ်ိဳးထြဋ္ (ေရး)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013