DVB Logo
Home
မြန်မာသတင်း
ဖူးကတ်တွင် ဆောက်လက်စတိုက်ပြိုကျသဖြင့် မြန်မာလုပ်သား ၁ ဦးသေဆုံး၊ ၂ ဦးပျောက်ဆုံး
DVB
·
August 12, 2019
ဖူးကတ်တွင် ဆောက်လက်စတိုက်ပြိုကျသဖြင့် မြန်မာလုပ်သား ၁ ဦးသေဆုံး၊ ၂ ဦးပျောက်ဆုံး
1 / 4
Donate to DVB

ထိုင်းတောင်ပိုင်း၊ ဖူးကတ်မြို့မှာ ယမန်နေ့ညနေပိုင်းက ဆောက်လက်စ ကွန်ဒို မီနီယံတိုက်ပြိုကျပြီး ဆောက်လုပ်ရေးလုပ်ငန်းခွင်က မြန်မာအလုပ်သမားတချို့ သေဆုံး ဒဏ်ရာရခဲ့ကြပါတယ်။

ဖူးကတ်မြို့ ရာဝိုင်းအုပ်စုထဲက VIP Galaxy အမည်ရှိ ဆောက်လက်စ ကွန်ဒိုမီနီယံတိုက်ဟာ မနေ့ညနေ ၂ နာရီလောက်က သံငြမ်းစင်ပြိုကျပြီး အလုပ်သမားတွေ သေဆုံးဒဏ်ရာရခဲ့ကြတယ်လို့ ဖူကက် လက်ထောက် ခရိုင် ဝန် နိုင်းထန်းဝပ် ချန်ဖိနစ်က သတင်းထောက်တွေကို ပြောပါတယ်။

အဆိုပါ လုပ်ငန်းခွင်မတော်တဆဖြစ်မှုမှာ ကနဦး သေဆုံးသူ ၁ ဦးရှိပြီး ၂ ဦးမှာ ပြိုကျတဲ့ အပျက်အစီးတွေအောက် ပျောက်ဆုံးလျက်ရှိကြောင်း၊ ဒဏ်ရာရသူ ၈ ဦးရှိကာ အားလုံးကို ဖူးကတ် ချလောင်ဆေးရုံ၊ ဝချီရ ဆေးရုံနဲ့ တီပုတ်ဆေးရုံ ၃ ခုသို့ အသီးသီး ပို့ဆောင်ထားတယ်လို့ ဆိုပါတယ်။

အဆိုပါအဆောက်အဦမှာ ဆောက်လက်စ ၃ ထပ်တိုက်ခန်းဖြစ်ပြီး  အလုပ်သမားတွေက ငြမ်းစင်ပေါ်ကနေ ဒုတိယထပ်ကို အင်္ဂတေလောင်းစဉ် ငြမ်းစင်မှ စတင်ပြိုကျသွားတာဖြစ်ပါတယ်။

အပျက်အစီးပုံအောက် ရောက်သွားသူတွေကို ရှာဖွေရာမှာ ၂ နာရီလောက်အကြာမှာတော့ ၁ ဦးကို အလောင်းအဖြစ် ဖော်ယူရရှိပြီး ၂ ဦးကို ဆက်လက်ရှာဖွေနေဆဲဖြစ်ကြောင်း၊ မတော်တဆဖြစ်ရပုံ အသေးစိတ်ကို မသိရသေးပေမယ့်လည်း ငြမ်းစင်အလေးချိန်များလို့ ဝန်ပိပြီး ပြိုကျတာလို့ တာဝန်ရှိသူတွေက သုံးသပ်ပါတယ်။

ပျောက်ဆုံးသူတွေကို ဇုန် ၄ ဇုန်ခွဲပြီး ကရိန်းစက်တွေ မ ချီကာ အမြန်ဆုံး ရှာဖွေနေပြီး သူတို့ရှိမယ့်နေရာကို သိနိုင်ဖို့ သူတို့လက်ကိုင်ဖုန်းတွေဆီ ဖုန်းဆက်ခေါ်ပေမယ့် ဖုန်းကိုင်သူ မရှိဘူးလို့ ဆိုပါတယ်။

နောက်ဆက်တွဲသတင်းအရ ဒီနေ့မနက် ၂ နာရီခွဲလောက်မှာတော့ ၁ ဦးကို မြေအောက်ခန်းရှိ အုတ်ပုံတွေကြားကနေ ခဲရာခဲဆစ်ဆွဲထုတ်နိုင်ခဲ့ပေမယ့် သေဆုံးသွားပြီဖြစ်ကြောင်း၊  ထိုသူမှာ အသက် ၃၆ နှစ်ရွယ်ရှိ မင်းနိုင်ဆိုသူ မြန်မာလုပ်သား ၁ ဦးဖြစ်ပြီး အလောင်းကို လိုအပ်သလို စစ်ဆေးဖို့ ကယ်ဆယ်ရေးအဖွဲ့တွေက ဝချီရ ဆေးရုံကို ပို့ဆောင်ထားကာ နောက်ထပ် သိန်းထွန်း ဆိုသူ မြန်မာအလုပ်သမား ၁ ဦးကိုတော့ ဆက်လက်ရှာဖွေနေဆဲဘဲလို့   phukethotnews သတင်းမှာ ဖော်ပြပါတယ်။  

Source: https://www.thairath.co.th/news/local/south/1635498




ဖူးကတ္တြင္ ေဆာက္လက္စတိုက္ၿပိဳက်သျဖင့္ ျမန္မာလုပ္သား ၁ ဦးေသဆုံး၊ ၂ ဦးေပ်ာက္ဆုံး
DVB
ထိုင္းေတာင္ပိုင္း၊ ဖူးကတ္ၿမိဳ႕မွာ ယမန္ေန႔ညေနပိုင္းက ေဆာက္လက္စ ကြန္ဒို မီနီယံတိုက္ၿပိဳက်ၿပီး ေဆာက္လုပ္ေရးလုပ္ငန္းခြင္က ျမန္မာအလုပ္သမားတခ်ိဳ႕ ေသဆုံး ဒဏ္ရာရခဲ့ၾကပါတယ္။

ဖူးကတ္ၿမိဳ႕ ရာဝိုင္းအုပ္စုထဲက VIP Galaxy အမည္ရွိ ေဆာက္လက္စ ကြန္ဒိုမီနီယံတိုက္ဟာ မေန႔ညေန ၂ နာရီေလာက္က သံျငမ္းစင္ၿပိဳက်ၿပီး အလုပ္သမားေတြ ေသဆုံးဒဏ္ရာရခဲ့ၾကတယ္လို႔ ဖူကက္ လက္ေထာက္ ခ႐ိုင္ ဝန္ ႏိုင္းထန္းဝပ္ ခ်န္ဖိနစ္က သတင္းေထာက္ေတြကို ေျပာပါတယ္။

အဆိုပါ လုပ္ငန္းခြင္မေတာ္တဆျဖစ္မႈမွာ ကနဦး ေသဆုံးသူ ၁ ဦးရွိၿပီး ၂ ဦးမွာ ၿပိဳက်တဲ့ အပ်က္အစီးေတြေအာက္ ေပ်ာက္ဆုံးလ်က္ရွိေၾကာင္း၊ ဒဏ္ရာရသူ ၈ ဦးရွိကာ အားလုံးကို ဖူးကတ္ ခ်ေလာင္ေဆး႐ုံ၊ ဝခ်ီရ ေဆး႐ုံနဲ႔ တီပုတ္ေဆး႐ုံ ၃ ခုသို႔ အသီးသီး ပို႔ေဆာင္ထားတယ္လို႔ ဆိုပါတယ္။

အဆိုပါအေဆာက္အဦမွာ ေဆာက္လက္စ ၃ ထပ္တိုက္ခန္းျဖစ္ၿပီး အလုပ္သမားေတြက ျငမ္းစင္ေပၚကေန ဒုတိယထပ္ကို အဂၤေတေလာင္းစဥ္ ျငမ္းစင္မွ စတင္ၿပိဳက်သြားတာျဖစ္ပါတယ္။

အပ်က္အစီးပုံေအာက္ ေရာက္သြားသူေတြကို ရွာေဖြရာမွာ ၂ နာရီေလာက္အၾကာမွာေတာ့ ၁ ဦးကို အေလာင္းအျဖစ္ ေဖာ္ယူရရွိၿပီး ၂ ဦးကို ဆက္လက္ရွာေဖြေနဆဲျဖစ္ေၾကာင္း၊ မေတာ္တဆျဖစ္ရပုံ အေသးစိတ္ကို မသိရေသးေပမယ့္လည္း ျငမ္းစင္အေလးခ်ိန္မ်ားလို႔ ဝန္ပိၿပီး ၿပိဳက်တာလို႔ တာဝန္ရွိသူေတြက သုံးသပ္ပါတယ္။

ေပ်ာက္ဆုံးသူေတြကို ဇုန္ ၄ ဇုန္ခြဲၿပီး ကရိန္းစက္ေတြ မ ခ်ီကာ အျမန္ဆုံး ရွာေဖြေနၿပီး သူတို႔ရွိမယ့္ေနရာကို သိႏိုင္ဖို႔ သူတို႔လက္ကိုင္ဖုန္းေတြဆီ ဖုန္းဆက္ေခၚေပမယ့္ ဖုန္းကိုင္သူ မရွိဘူးလို႔ ဆိုပါတယ္။

ေနာက္ဆက္တြဲသတင္းအရ ဒီေန႔မနက္ ၂ နာရီခြဲေလာက္မွာေတာ့ ၁ ဦးကို ေျမေအာက္ခန္းရွိ အုတ္ပုံေတြၾကားကေန ခဲရာခဲဆစ္ဆြဲထုတ္ႏိုင္ခဲ့ေပမယ့္ ေသဆုံးသြားၿပီျဖစ္ေၾကာင္း၊ ထိုသူမွာ အသက္ ၃၆ ႏွစ္႐ြယ္ရွိ မင္းႏိုင္ဆိုသူ ျမန္မာလုပ္သား ၁ ဦးျဖစ္ၿပီး အေလာင္းကို လိုအပ္သလို စစ္ေဆးဖို႔ ကယ္ဆယ္ေရးအဖြဲ႕ေတြက ဝခ်ီရ ေဆး႐ုံကို ပို႔ေဆာင္ထားကာ ေနာက္ထပ္ သိန္းထြန္း ဆိုသူ ျမန္မာအလုပ္သမား ၁ ဦးကိုေတာ့ ဆက္လက္ရွာေဖြေနဆဲဘဲလို႔ phukethotnews သတင္းမွာ ေဖာ္ျပပါတယ္။
Source: https://www.thairath.co.th/news/local/south/1635498

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013