DVB Logo
Home
မြန်မာသတင်း
ပေါင်မြို့နယ်တွင် မြေပြိုကျမှုကြောင့် သေဆုံးသူ ၅၆ ဦးရှိပြီ
DVB
·
August 12, 2019
ပေါင်မြို့နယ်တွင် မြေပြိုကျမှုကြောင့် သေဆုံးသူ ၅၆ ဦးရှိပြီ
Donate to DVB

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ သဲဖြူကုန်းကျေးရွာ မြေပြိုမှုဖြစ်ပွားရာ နေရာမှာ ဒီနေ့မနက် အလောင်း ၃ လောင်း ထပ်မံတွေ့ရှိခဲ့တာကြောင့် စုစုပေါင်း သေဆုံးသူ ၅၆ ဦး ရှိသွားပြီလို့ သိရပါတယ်။

မလက်တောင် ပြိုကျတဲ့နေရာမှာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်ဆက်လက်ဆောင်ရွက်ရာမှာ ဒီနေ့မနက် ၇ နာရီခွဲမှာ ၁ လောင်းနဲ့ ၁၀ နာရီကျော်လောက်မှာ ၂ လောင်းထပ်မံတွေ့ရှိခဲ့တာကြောင့် စုစုပေါင်း သေဆုံးသူ ၅၆ ဦးရှိသွားပြီလို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က ဒီနေ့မနက် ထုတ်ပြန်ပါတယ်။

မွန်ပြည်နယ်၊ ပေါင်မြို့နယ်က မလက်တောင် ပြိုကျခဲ့တဲ့နေရာကို အန္တရာယ်ဇုန်အဖြစ် သတ်မှတ်ပြီး ပတ်ဝန်းကျင်က လူတွေကို ရွှေ့ပြောင်းထားတယ်လို့ သိရပါတယ်။ 

မွန်ပြည်နယ် ရေးမြို့ မြစ်ရေကြီးမှုမှာ စိုးရိမ်ရတဲ့အခြေနေမှာ ရောက်ရှိနေကာ မြို့ပေါ်ရပ်ကွက် လူနေအိမ်အများပြား နေအိမ်နစ်မြုပ်နေပြီး လူဦးရေ ၄၀၀၀ လောက် ကယ်ဆယ်ရေးစခန်းတွေမှာ ခိုလှုံနေကြတယ်လို့ သိရပါတယ်။

မိုးသည်းထန်စွာ ရွာသွားတာကြောင့် ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်းနဲ့ ပဲခူးတိုင်းတို့မှာ ရေကြီးရေလျှံဖြစ်နေပြီး လမ်ပိုင်းပြိုကျတာ၊ တောင်မြေပြိုတာတွေ အတော်များများ ဖြစ်ပေါ်နေပါတယ်။ 

နိုင်ငံတဝန်းမှာ ရေဘေးရှောင် ၅ သောင်းလောက် ရှိတယ်လို့ သိရပါတယ်။

ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ မုတ်သုံလေ အားကောင်းရာမှ အားအလွန်ကောင်းနေပြီး ပြည်နယ်နဲ့ တိုင်းအချို့မှာ မိုးကြီးနိုင်တယ်လို့ မိုးဇလက ဒီနေ့မနက် ထုတ်ပြန်ထားပါတယ်။

မကွေးတိုင်း၊ ကချင်နဲ့ ရှမ်းပြည်နယ်တို့မှာ နေရာစိပ်စိပ်၊ ကျန်တိုင်းဒေသကြီးနဲ့ ပြည်နယ်တို့မှာ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကရင်နဲ့ မွန်ပြည်နယ်တို့မှာ ဒေသအလိုက်၊ နေပြည်တော်နဲ့ ရခိုင်ပြည်နယ်တို့မှာ နေရာကွက်ပြီး မိုးကြီးနိုင်ပါတယ်။

မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့မှာလည်း ရံဖန်ရံခါ မိုးသက် လေပြင်းတွေ ကျရောက်ပြီး လှိုင်းကြီးမှာဖြစ်ပြီး လှိုင်းအမြင့် ၉ ပေမှ  ၁၁ ပေခန့် ရှိနိုင်ပါတယ်။




ေပါင္ၿမိဳ႕နယ္တြင္ ေျမၿပိဳက်မႈေၾကာင့္ ေသဆုံးသူ ၅၆ ဦးရွိၿပီ
DVB
မြန္ျပည္နယ္၊ ေပါင္ၿမိဳ႕နယ္၊ သဲျဖဴကုန္းေက်း႐ြာ ေျမၿပိဳမႈျဖစ္ပြားရာ ေနရာမွာ ဒီေန႔မနက္ အေလာင္း ၃ ေလာင္း ထပ္မံေတြ႕ရွိခဲ့တာေၾကာင့္ စုစုေပါင္း ေသဆုံးသူ ၅၆ ဦး ရွိသြားၿပီလို႔ သိရပါတယ္။

မလက္ေတာင္ ၿပိဳက်တဲ့ေနရာမွာ ရွာေဖြကယ္ဆယ္ေရးလုပ္ငန္းေတြ ဆက္ဆက္လက္ေဆာင္႐ြက္ရာမွာ ဒီေန႔မနက္ ၇ နာရီခြဲမွာ ၁ ေလာင္းနဲ႔ ၁၀ နာရီေက်ာ္ေလာက္မွာ ၂ ေလာင္းထပ္မံေတြ႕ရွိခဲ့တာေၾကာင့္ စုစုေပါင္း ေသဆုံးသူ ၅၄ ဦးရွိသြားၿပီလို႔ ျမန္မာႏိုင္ငံ မီးသတ္တပ္ဖြဲ႕က ဒီေန႔မနက္ ထုတ္ျပန္ပါတယ္။

မြန္ျပည္နယ္၊ ေပါင္ၿမိဳ႕နယ္က မလက္ေတာင္ ၿပိဳက်ခဲ့တဲ့ေနရာကို အႏၲရာယ္ဇုန္အျဖစ္ သတ္မွတ္ၿပီး ပတ္ဝန္းက်င္က လူေတြကို ေ႐ႊ႕ေျပာင္းထားတယ္လို႔ သိရပါတယ္။

မြန္ျပည္နယ္ ေရးၿမိဳ႕ ျမစ္ေရႀကီးမႈမွာ စိုးရိမ္ရတဲ့အေျခေနမွာ ေရာက္ရွိေနကာ ၿမိဳ႕ေပၚရပ္ကြက္ လူေနအိမ္အမ်ားျပား ေနအိမ္နစ္ျမဳပ္ေနၿပီး လူဦးေရ ၄၀၀၀ ေလာက္ ကယ္ဆယ္ေရးစခန္းေတြမွာ ခိုလႈံေနၾကတယ္လို႔ သိရပါတယ္။

မိုးသည္းထန္စြာ ႐ြာသြားတာေၾကာင့္ ကရင္ျပည္နယ္၊ မြန္ျပည္နယ္၊ တနသၤာရီတိုင္းနဲ႔ ပဲခူးတိုင္းတို႔မွာ ေရႀကီးေရလွ်ံျဖစ္ေနၿပီး လမ္ပိုင္းၿပိဳက်တာ၊ ေတာင္ေျမၿပိဳတာေတြ အေတာ္မ်ားမ်ား ျဖစ္ေပၚေနပါတယ္။
ႏိုင္ငံတဝန္းမွာ ေရေဘးေရွာင္ ၅ ေသာင္းေလာက္ ရွိတယ္လို႔ သိရပါတယ္။

ကပၸလီပင္လယ္ျပင္နဲ႔ ဘဂၤလားပင္လယ္ေအာ္တို႔မွာ မုတ္သုံေလ အားေကာင္းရာမွ အားအလြန္ေကာင္းေနၿပီး ျပည္နယ္နဲ႔ တိုင္းအခ်ိဳ႕မွာ မိုးႀကီးႏိုင္တယ္လို႔ မိုးဇလက ဒီေန႔မနက္ ထုတ္ျပန္ထားပါတယ္။

မေကြးတိုင္း၊ ကခ်င္နဲ႔ ရွမ္းျပည္နယ္တို႔မွာ ေနရာစိပ္စိပ္၊ က်န္တိုင္းေဒသႀကီးနဲ႔ ျပည္နယ္တို႔မွာ ေနရာအႏွံ႔အျပား မိုးထစ္ခ်ဳန္း႐ြာၿပီး၊ မေကြးတိုင္း၊ ပဲခူးတိုင္း၊ ရန္ကုန္တိုင္း၊ ဧရာဝတီတိုင္း၊ တနသၤာရီတိုင္း၊ ကရင္နဲ႔ မြန္ျပည္နယ္တို႔မွာ ေဒသအလိုက္၊ ေနျပည္ေတာ္နဲ႔ ရခိုင္ျပည္နယ္တို႔မွာ ေနရာကြက္ၿပီး မိုးႀကီးႏိုင္ပါတယ္။

ျမန္မာ့ကမ္း႐ိုးတန္းတစ္ေလွ်ာက္ႏွင့္ ကမ္းလြန္ပင္လယ္ျပင္တို႔မွာလည္း ရံဖန္ရံခါ မိုးသက္ ေလျပင္းေတြ က်ေရာက္ၿပီး လႈိင္းႀကီးမွာျဖစ္ၿပီး လႈိင္းအျမင့္ ၉ ေပမွ ၁၁ ေပခန႔္ ရွိႏိုင္ပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013