DVB Logo
Home
မြန်မာသတင်း
ဗစ်တိုးရီးယားအမှု အမှုအမှန်ပေါ်ပေါက်ရန် ပျဉ်းမနားတွင် ဆန္ဒပြ
DVB
·
August 12, 2019
ဗစ်တိုးရီးယားအမှု အမှုအမှန်ပေါ်ပေါက်ရန် ပျဉ်းမနားတွင် ဆန္ဒပြ
1 / 6
Donate to DVB

နေပြည်တော်မှာရှိတဲ့ ပုဂ္ဂလိက မူကြိုကျောင်း Wisdom Hill မှာ ဖြစ်ပွားခဲ့တဲ့ ကလေးငယ် ဗစ်တိုးရီးယား  မဖွယ်မရာ ပြုကျင့်ခံမှုနဲ့ ပတ်သက်ပြီး အမှုမှန် ပေါ်ပေါက်ရေးအတွက် သြဂုတ် ၁၁ ရက်နေ့က ပျဉ်းမနားမြို့မှာ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ 

အဲဒီ ဆန္ဒထုတ်ဖော်ပွဲကို ဆင်ရုပ်အနီးနားမှာရှိတဲ့ အဝေးပြေးကားဂိတ်ဟောင်း ဝင်းထဲမှာ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီး တခြားနိုင်ငံတွေလို သက်ငယ်မုဒိမ်းမှုအတွက် ထိရောက်တဲ့ ဥပဒေတွေ ချမှတ်ပြီး အရေးယူဆောင်ရွက်ပေးဖို့ သမ္မတကို တိုက်တွန်းတောင်းဆိုခဲ့ကြပါတယ်။ 

ဒီအမှု အမှန်တရား ပေါ်ပေါက်ဖို့နဲ့ အမှန်တရားကို ဖုံးကွယ်ဖို့ ပြုလုပ်သူတွေကိုလည်း အရေးယူပေးဖို့အတွက် ဆန္ဒထုတ်ဖော်တာလို့ ဆန္ဒပြသူတွေက ပြောပါတယ်။

အမှုနဲ့ ပတ်သက်ပြီး သံသယရှိသူ အောင်ကြီးကို ဒက္ခိဏခရိုင်တရားရုံးမှာ တတိယအကြိမ်မြောက် ရုံးထုတ်စစ်ဆေးခဲ့ပြီး လာမယ့် သြဂုတ်လ ၁၄ ရက်နေ့မှာတော့ ကလေးရဲ့ ဖခင်နဲ့ အဘွားဖြစ်သူတွေကို စစ်ဆေးမှုပြုတွေ ပြုလုပ်သွားမယ်လို့ သိရပါတယ်။ 

အမှုအတွက် အမှန်တရားပေါ်ပေါက်ဖို့ကိုလည်း ပြည်နယ်နဲ့ တိုင်းဒေသကြီးမှာ ဆန္ဒထုတ်ဖော်မှုတွေ ပြုလုပ်ခဲ့ပြီး အမှုရဲ့ တရားခံ အစစ်အမှန်၊ တရားရုံးနဲ့ ရဲတပ်ဖွဲ့ဝင်တွေရဲ့ လုပ်ဆောင်မှုတွေ မှန်ကန်မှုရှိရဲ့လား ဆိုတဲ့ သိရှိလိုမှုတွေဟာလည်း မြင့်တက်နေပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Zawgyi_version

ဗစ္တိုးရီးယားအမႈ အမႈအမွန္ေပၚေပါက္ရန္ ပ်ဥ္းမနားတြင္ ဆႏၵျပ

ေနျပည္ေတာ္မွာရွိတဲ့ ပုဂၢလိက မူႀကိဳေက်ာင္း Wisdom Hill မွာ ျဖစ္ပြားခဲ့တဲ့ ကေလးငယ္ ဗစ္တိုးရီးယား  မဖြယ္မရာ ျပဳက်င့္ခံမႈနဲ႔ ပတ္သက္ၿပီး အမႈမွန္ ေပၚေပါက္ေရးအတြက္ ၾသဂုတ္ ၁၁ ရက္ေန႔က ပ်ဥ္းမနားၿမိဳ႕မွာ ဆႏၵထုတ္ေဖာ္ခဲ့ၾကပါတယ္။

အဲဒီ ဆႏၵထုတ္ေဖာ္ပြဲကို ဆင္႐ုပ္အနီးနားမွာရွိတဲ့ အေဝးေျပးကားဂိတ္ေဟာင္း ဝင္းထဲမွာ က်င္းပျပဳလုပ္ခဲ့တာျဖစ္ၿပီး တျခားႏိုင္ငံေတြလို သက္ငယ္မုဒိမ္းမႈအတြက္ ထိေရာက္တဲ့ ဥပေဒေတြ ခ်မွတ္ၿပီး အေရးယူေဆာင္႐ြက္ေပးဖို႔ သမၼတကို တိုက္တြန္းေတာင္းဆိုခဲ့ၾကပါတယ္။

ဒီအမႈ အမွန္တရား ေပၚေပါက္ဖို႔နဲ႔ အမွန္တရားကို ဖုံးကြယ္ဖို႔ ျပဳလုပ္သူေတြကိုလည္း အေရးယူေပးဖို႔အတြက္ ဆႏၵထုတ္ေဖာ္တာလို႔ ဆႏၵျပသူေတြက ေျပာပါတယ္။

အမႈနဲ႔ ပတ္သက္ၿပီး သံသယရွိသူ ေအာင္ႀကီးကို ဒကၡိဏခ႐ိုင္တရား႐ုံးမွာ တတိယအႀကိမ္ေျမာက္ ႐ုံးထုတ္စစ္ေဆးခဲ့ၿပီး လာမယ့္ ၾသဂုတ္လ ၁၄ ရက္ေန႔မွာေတာ့ ကေလးရဲ႕ ဖခင္နဲ႔ အဘြားျဖစ္သူေတြကို စစ္ေဆးမႈျပဳေတြ ျပဳလုပ္သြားမယ္လို႔ သိရပါတယ္။

အမႈအတြက္ အမွန္တရားေပၚေပါက္ဖို႔ကိုလည္း ျပည္နယ္နဲ႔ တိုင္းေဒသႀကီးမွာ ဆႏၵထုတ္ေဖာ္မႈေတြ ျပဳလုပ္ခဲ့ၿပီး အမႈရဲ႕ တရားခံ အစစ္အမွန္၊ တရား႐ုံးနဲ႔ ရဲတပ္ဖြဲ႕ဝင္ေတြရဲ႕ လုပ္ေဆာင္မႈေတြ မွန္ကန္မႈရွိရဲ႕လား ဆိုတဲ့ သိရွိလိုမႈေတြဟာလည္း ျမင့္တက္ေနပါတယ္။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013