DVB Logo
Home
မြန်မာသတင်း
ပြည်မြို့လယ်ခေါင် ညဈေးတန်းဆိုင်ခန်းများ ဖယ်ရှားခိုင်းမှု ပဋိပက္ခဖြစ်
DVB
·
August 11, 2019
ပြည်မြို့လယ်ခေါင် ညဈေးတန်းဆိုင်ခန်းများ ဖယ်ရှားခိုင်းမှု ပဋိပက္ခဖြစ်
Donate to DVB

ပဲခူးတိုင်း ပြည်ခရိုင် ပြည်မြို့လယ်ခေါင်က ညဈေးတန်းဆိုင်ခန်းတွေကို ပြန်ကြားရေးဌာနက ရဲတပ်ဖွဲ့ အကူအညီနဲ့ ဖယ်ရှားခိုင်းရာမှာ ဆိုင်ရှင်တွေနဲ့ ပဋိပက္ခဖြစ်ပွားခဲ့ပါတယ်။

ပြည်မြို့ ဗိုလ်ချုပ်မြင်းစီးကျောက်ရုပ်အနားမှာရှိတဲ့ ညဈေးတန်းဆိုင်ခန်းတွေကို ပြန်ကြားရေး ဝန်ကြီးဌာနက အိမ်ရှေ့ဥပဇာမှုနဲ့နှင်ထုပ်ရာမှာ ဆိုင်ရှင်တွေက လက်မခံနိုင်ကြတာကြောင့် သြဂုတ် ၁၁ ရက်နေ့က ပဋိပက္ခတွေ ဖြစ်ပွားခဲ့တာပါ။ 

အဲဒီကိစ္စအတွက် ဆိုင်ခန်းပိုင်ရှင်တွေက ပြီးခဲ့တဲ့ရက်က ပြန်ကြားဝန်ကြီးရုံးက တာဝန်ရှိသူတွေနဲ့တွေ့ဆုံခဲ့ပြီး ဝန်ကြီးဌာနကိုယ်တိုင်က ဒီကိစ္စကို မသိဘဲ ဆောင်ရွက်တာဖြစ်တဲ့ အတွက် လက်မခံနိုင်ဘူးလို့ ဆိုင်ရှင်ဦးရဲမြင့်က  ပြောပါတယ်။

အခုကိစ္စမှာ ဆိုင်ခန်းတွေကို ဖယ်ရှားနိုင်ဖို့အတွက် ဝရမ်းပါလာတာကိုမတွေ့ရတဲ့အတွက် ဥပဒေ နဲ့မညီဘူးလို့ တရားလွှတ်တော်ရှေ့နေဟောင်း ဦးခင်ထွန်းက ပြောပါတယ်။

ဒီဆိုင်ခန်း ၁၅ ခန်းကိုဖယ်ရှားဖို့အတွက် ရဲတပ်ဖွဲ့အကူအညီနဲ့ဆောင်ရွက်ရာမှာ ဆိုင်ခန်း ၃ ခန်းပဲအောင်မြင်ခဲ့ပြီး ကျန်တဲ့ဆိုင်တွေက ဖယ်ရှားခွင့်မပြုတဲ့အတွက် အဲဒီဆိုင်ပိုင်ရှင်တွေကို ပုဒ်မ(၉)အရ တရားစွဲအရေးယူသွားမယ်လို့  ပဲခူးတိုင်းရုံး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်သီတာဦးက ပြောပါတယ်။

ဒီဆိုင်ခန်း ၁၅ ခန်းကို ၂၀၀၄ ခုနှစ်က ပြန်ဆက်ဌာနက ကန်ထရိုက်ပေးပြီး ဆောက်လုပ်ခိုင်းခဲ့တာပါ။ 

ကန်ထရိုက်နဲ့ ၅ နှစ်စာချုပ်ချုပ်ဆိုခဲ့ပြီး ကန်ထရိုက်ကနေမှတဆင့် အခုပိုင်ရှင်တွေကို တဆင့်ပြန်ငှားခဲ့တာဖြစ်ပြီး၊ ၅ နှစ်ပြည့်သွားတဲ့အခါမှာတော့၊ ပြန်ဆက်နဲ့ ဆိုင်ပိုင်ရှင်တွေ တနှစ်တခါ စာချုပ်ချုပ်ဆိုပြီး ဆက်လက်ငှားရမ်းခဲ့ကြပါတယ်။ 

၂၀၁၅ ခုနှစ်မှာတော့ ပြန်ကြားရေးဌာနက စာချုပ်ဆက်မချုပ်တော့ပဲ အဲဒီနေရာမှာ Community Center  တခုတည်ဆောက်မှာဖြစ်တာမို့ အဲဒီကတည်းကစပြီး နှင်ထုတ်ခဲ့တာပါ။




Zawgyi Version

ျပည္ၿမိဳ႕လယ္ေခါင္ ညေဈးတန္းဆိုင္ခန္းမ်ား ဖယ္ရွားခိုင္းမႈ ပဋိပကၡျဖစ္

မင္းညိဳ

ပဲခူးတိုင္း ျပည္ခ႐ိုင္ ျပည္ၿမိဳ႕လယ္ေခါင္က ညေဈးတန္းဆိုင္ခန္းေတြကို ျပန္ၾကားေရးဌာနက ရဲတပ္ဖြဲ႕ အကူအညီနဲ႔ ဖယ္ရွားခိုင္းရာမွာ ဆိုင္ရွင္ေတြနဲ႔ ပဋိပကၡျဖစ္ပြားခဲ့ပါတယ္။

ျပည္ၿမိဳ႕ ဗိုလ္ခ်ဳပ္ျမင္းစီးေက်ာက္႐ုပ္အနားမွာရွိတဲ့ ညေဈးတန္းဆိုင္ခန္းေတြကို ျပန္ၾကားေရး ဝန္ႀကီးဌာနက အိမ္ေရွ႕ဥပဇာမႈနဲ႔ႏွင္ထုပ္ရာမွာ ဆိုင္ရွင္ေတြက လက္မခံႏိုင္ၾကတာေၾကာင့္ ၾသဂုတ္ ၁၁ ရက္ေန႔က ပဋိပကၡေတြ ျဖစ္ပြားခဲ့တာပါ။

အဲဒီကိစၥအတြက္ ဆိုင္ခန္းပိုင္ရွင္ေတြက ၿပီးခဲ့တဲ့ရက္က ျပန္ၾကားဝန္ႀကီး႐ုံးက တာဝန္ရွိသူေတြနဲ႔ေတြ႕ဆုံခဲ့ၿပီး ဝန္ႀကီးဌာနကိုယ္တိုင္က ဒီကိစၥကို မသိဘဲ ေဆာင္႐ြက္တာျဖစ္တဲ့ အတြက္ လက္မခံႏိုင္ဘူးလို႔ ဆိုင္ရွင္ဦးရဲျမင့္က  ေျပာပါတယ္။

အခုကိစၥမွာ ဆိုင္ခန္းေတြကို ဖယ္ရွားႏိုင္ဖို႔အတြက္ ဝရမ္းပါလာတာကိုမေတြ႕ရတဲ့အတြက္ ဥပေဒ နဲ႔မညီဘူးလို႔ တရားလႊတ္ေတာ္ေရွ႕ေနေဟာင္း ဦးခင္ထြန္းက ေျပာပါတယ္။

ဒီဆိုင္ခန္း ၁၅ ခန္းကိုဖယ္ရွားဖို႔အတြက္ ရဲတပ္ဖြဲ႕အကူအညီနဲ႔ေဆာင္႐ြက္ရာမွာ ဆိုင္ခန္း ၃ ခန္းပဲေအာင္ျမင္ခဲ့ၿပီး က်န္တဲ့ဆိုင္ေတြက ဖယ္ရွားခြင့္မျပဳတဲ့အတြက္ အဲဒီဆိုင္ပိုင္ရွင္ေတြကို ပုဒ္မ(၉)အရ တရားစြဲအေရးယူသြားမယ္လို႔  ပဲခူးတိုင္း႐ုံး ျပန္ၾကားေရးႏွင့္ ျပည္သူ႔ဆက္ဆံေရး ဦးစီးဌာန လက္ေထာက္ၫႊန္ၾကားေရးမႉး ေဒၚခင္သီတာဦးက ေျပာပါတယ္။

ဒီဆိုင္ခန္း ၁၅ ခန္းကို ၂၀၀၄ ခုႏွစ္က ျပန္ဆက္ဌာနက ကန္ထ႐ိုက္ေပးၿပီး ေဆာက္လုပ္ခိုင္းခဲ့တာပါ။

ကန္ထ႐ိုက္နဲ႔ ၅ ႏွစ္စာခ်ဳပ္ခ်ဳပ္ဆိုခဲ့ၿပီး ကန္ထ႐ိုက္ကေနမွတဆင့္ အခုပိုင္ရွင္ေတြကို တဆင့္ျပန္ငွားခဲ့တာျဖစ္ၿပီး၊ ၅ ႏွစ္ျပည့္သြားတဲ့အခါမွာေတာ့၊ ျပန္ဆက္နဲ႔ ဆိုင္ပိုင္ရွင္ေတြ တႏွစ္တခါ စာခ်ဳပ္ခ်ဳပ္ဆိုၿပီး ဆက္လက္ငွားရမ္းခဲ့ၾကပါတယ္။

၂၀၁၅ ခုႏွစ္မွာေတာ့ ျပန္ၾကားေရးဌာနက စာခ်ဳပ္ဆက္မခ်ဳပ္ေတာ့ပဲ အဲဒီေနရာမွာ Community Center  တခုတည္ေဆာက္မွာျဖစ္တာမို႔ အဲဒီကတည္းကစၿပီး ႏွင္ထုတ္ခဲ့တာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013