DVB Logo
Home
မြန်မာသတင်း
အာမခံချက်ရှိ ပညာရေးစနစ်ပေါ်လာရေးအတွက် ပညာရေးအသုံးစရိတ်တိုးမြှင့်ပေးရန် လိုအပ်
DVB
·
August 11, 2019
အာမခံချက်ရှိ ပညာရေးစနစ်ပေါ်လာရေးအတွက် ပညာရေးအသုံးစရိတ်တိုးမြှင့်ပေးရန် လိုအပ်
Donate to DVB

မြန်မာလူငယ်တွေအတွက် အားမခံချက်အပြည့်အဝပေးနိုင်မယ့် ပညာရေးစနစ်ဖြစ်ပေါ်လာဖို့ နိုင်ငံတော်ကချပေးထားတဲ့ ပညာရေးအသုံးစရိတ်ကို တိုးမြှင့်သုံးစွဲဖို့လိုတယ်လို့ ရန်ကုန်တိုင်း လူငယ်ရေးရာကော်မတီအဖွဲ့က ပြောပါတယ်။ 

လက်ရှိ မြန်မာလူငယ်တွေအနေနဲ့ အာမခံချက်အပြည့်အဝပေးနိုင်မယ့် ပညာရေးစနစ် ဖြစ်ပေါ်လာဖို့ကို နိုင်ငံတော်ကချပေးထားတဲ့ ပညာရေးအသုံးစရတ်ကို တိုးမြှင့်သုံးစွဲဖို့လိုအပ်တယ်လို့ ရန်ကုန်တိုင်း လူငယ်ရေးရာကော်မတီအဖွဲ့ဝင်တဦးက ပြောပါတယ်။

လက်ရှိ ပညာရေးစနစ်နဲ့ပတ်သက်ပြီး တချို့ဒေသတွေမှာရှိတဲ့  ကျောင်းတွေမှာ လိုအပ်ချက်တွေရှိ နေတာကြောင့် နိုင်ငံတော်က ချပေးထားတဲ့ပညာရေးအသုံးစရိတ်တွေနဲ့ အဲ့ဒီနေရာတွေမှာ လုပ်ဆောင်ပေးဖို့လိုတယ်လို့ ဆေးဝါးတက္ကသိုလ်ရန်ကုန်ကျောင်း ဥက္ကဋ္ဌ ဖူးအိန္ဒြေခန့်က ပြောပါတယ်။

လက်ရှိအချိန် လူငယ်တွေဟာ ပညာရေးစနစ်ဖြစ်ထွန်းလာဖို့ကို လိုလားနေကြပါတယ်။ တချို့ဒေသတွေမှာ လူငယ်တွေဟာ ပညာရေးနဲ့ပတ်သတ်ပြီး ပြည့်ပြည့်၀၀ခံစားခွင့်မရသလို စာသင်ကြားဖို့အတွက်လည်း အခက်အခဲတွေဖြစ်ပေါ်နေတာကြောင့် ပညာရေးကဏ္ဍဟာ အခုချိန်ထိ ထူးခြားပြောင်းလဲမှုမျိုးတွေ မရှိသေးဘူးလို့ ရန်ကုန်တိုင်း လူငယ်ရေးရာကော်မတီအဖွဲ့ဝင်  ကောင်းမြတ်သူ က ပြောပါတယ်။

ပညာရေးကဏ္ဍနဲ့ပတ်သက်ပြီး လူငယ်တွေကိုယ်တိုင် လိုလားတဲ့ပညာရေးစနစ်ဖြစ်ထွန်းလာဖို့ အစိုးရအပါအဝင် သက်ဆိုင်ရာအဖွဲ့အစည်းတွေကို  တင်ပြသွားမယ်လို့ ရန်ကုန်တိုင်း လူငယ်ရေးရာကော်မတီ အဖွဲ့က ပြောပါတယ်။ 

မြန်မာနိုင်ငံမှာ  ကောင်းမွန်တဲ့ပညာရေးစနစ်တခုဖြစ်လာဖို့ လူငယ်တွေအားလုံး ပညာရေးကို လက်လှမ်းမီပြီးတန်းတူရရှိနိုင်တဲ့အခွင့်အရေးရဖို့လိုအပ်ပါတယ်။

ပညာရေးစနစ်တခုကို ပြောင်းလဲရာမှာလည်း လူငယ်ကျောင်းသားတွေရဲ့အသံတွေကို နားထောင်ပြီး လူငယ်တွေကိုနေရာပေးကာပြုပြင်ပြောင်းလဲမှုတွေလုပ်ဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။ 

နေလင်းအောင်  




အာမခံခ်က္ရွိ ပညာေရးစနစ္ေပၚလာေရးအတြက္ ပညာေရးအသုံးစရိတ္တိုးျမႇင့္ေပးရန္ လိုအပ္

ေနလင္းေအာင္

ျမန္မာလူငယ္ေတြအတြက္ အားမခံခ်က္အျပည့္အဝေပးႏိုင္မယ့္ ပညာေရးစနစ္ျဖစ္ေပၚလာဖို႔ ႏိုင္ငံေတာ္ကခ်ေပးထားတဲ့ ပညာေရးအသုံးစရိတ္ကို တိုးျမႇင့္သုံးစြဲဖို႔လိုတယ္လို႔ ရန္ကုန္တိုင္း လူငယ္ေရးရာေကာ္မတီအဖြဲ႕က ေျပာပါတယ္။

လက္ရွိ ျမန္မာလူငယ္ေတြအေနနဲ႔ အာမခံခ်က္အျပည့္အဝေပးႏိုင္မယ့္ ပညာေရးစနစ္ ျဖစ္ေပၚလာဖို႔ကို ႏိုင္ငံေတာ္ကခ်ေပးထားတဲ့ ပညာေရးအသုံးစရတ္ကို တိုးျမႇင့္သုံးစြဲဖို႔လိုအပ္တယ္လို႔ ရန္ကုန္တိုင္း လူငယ္ေရးရာေကာ္မတီအဖြဲ႕ဝင္တဦးက ေျပာပါတယ္။

လက္ရွိ ပညာေရးစနစ္နဲ႔ပတ္သက္ၿပီး တခ်ိဳ႕ေဒသေတြမွာရွိတဲ့  ေက်ာင္းေတြမွာ လိုအပ္ခ်က္ေတြရွိ ေနတာေၾကာင့္ ႏိုင္ငံေတာ္က ခ်ေပးထားတဲ့ပညာေရးအသုံးစရိတ္ေတြနဲ႔ အဲ့ဒီေနရာေတြမွာ လုပ္ေဆာင္ေပးဖို႔လိုတယ္လို႔ ေဆးဝါးတကၠသိုလ္ရန္ကုန္ေက်ာင္း ဥကၠ႒ ဖူးအိေျႏၵခန႔္က ေျပာပါတယ္။

လက္ရွိအခ်ိန္ လူငယ္ေတြဟာ ပညာေရးစနစ္ျဖစ္ထြန္းလာဖို႔ကို လိုလားေနၾကပါတယ္။ တခ်ိဳ႕ေဒသေတြမွာ လူငယ္ေတြဟာ ပညာေရးနဲ႔ပတ္သတ္ၿပီး ျပည့္ျပည့္၀၀ခံစားခြင့္မရသလို စာသင္ၾကားဖို႔အတြက္လည္း အခက္အခဲေတြျဖစ္ေပၚေနတာေၾကာင့္ ပညာေရးက႑ဟာ အခုခ်ိန္ထိ ထူးျခားေျပာင္းလဲမႈမ်ိဳးေတြ မရွိေသးဘူးလို႔ ရန္ကုန္တိုင္း လူငယ္ေရးရာေကာ္မတီအဖြဲ႕ဝင္  ေကာင္းျမတ္သူ က ေျပာပါတယ္။

ပညာေရးက႑နဲ႔ပတ္သက္ၿပီး လူငယ္ေတြကိုယ္တိုင္ လိုလားတဲ့ပညာေရးစနစ္ျဖစ္ထြန္းလာဖို႔ အစိုးရအပါအဝင္ သက္ဆိုင္ရာအဖြဲ႕အစည္းေတြကို  တင္ျပသြားမယ္လို႔ ရန္ကုန္တိုင္း လူငယ္ေရးရာေကာ္မတီ အဖြဲ႕က ေျပာပါတယ္။

ျမန္မာႏိုင္ငံမွာ  ေကာင္းမြန္တဲ့ပညာေရးစနစ္တခုျဖစ္လာဖို႔ လူငယ္ေတြအားလုံး ပညာေရးကို လက္လွမ္းမီၿပီးတန္းတူရရွိႏိုင္တဲ့အခြင့္အေရးရဖို႔လိုအပ္ပါတယ္။

ပညာေရးစနစ္တခုကို ေျပာင္းလဲရာမွာလည္း လူငယ္ေက်ာင္းသားေတြရဲ႕အသံေတြကို နားေထာင္ၿပီး လူငယ္ေတြကိုေနရာေပးကာျပဳျပင္ေျပာင္းလဲမႈေတြလုပ္ဖို႔ လိုအပ္တယ္လို႔ ဆိုပါတယ္။

ေနလင္းေအာင္

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013