DVB Logo
Home
မြန်မာသတင်း
မိတ္ထီလာတွင် လယ်မြေအားထယ်ထိုးရာမှ စစ်ကျန်ဗုံးသီးဟောင်းတွေ့
DVB
·
August 11, 2019
မိတ္ထီလာတွင် လယ်မြေအားထယ်ထိုးရာမှ စစ်ကျန်ဗုံးသီးဟောင်းတွေ့
Donate to DVB

မန္တလေးတိုင်း မိတ္ထီလာမြို့နယ် ညောင်မြင့်ကျေးရွာအုပ်စု ပျော်ကုန်းရွာမှာ သြဂုတ်လ ၁၀ ရက်ညနေက လယ်မြေအားထယ်ထိုးပြုပြင်ရာက စစ်ကျန်ဗုံးသီးဟောင်း ၁ လုံးတွေ့ရှိတယ်လို့ မိတ္ထီလာမြို့မရဲစခန်းက ပြောပါတယ်။

မိတ္ထီလာမြို့မရဲစခန်းတာဝန်ကျရဲအရာရှိက "ဗုံးသီးအရှည်က ၉ လက်မ လုံးပတ်က ၁၀ လက်မရှိတယ်၊ သံချေးတက်နေတဲ့ ဗုံးသီးဟောင်းပါ။ စစ်မြေပြင်အင်ဂျင်နီယာတပ်ကို စနစ်တကျလွှဲပြောင်းပေးမှာပါ" လို့ ပြောပါတယ်။

ပျော်ကုန်းရွာနေ ဦးရဲထွန်း(၃၀နှစ်)ရဲ့ လယ်မြေ ကွင်းအမှတ်-၁၀၆၀ ထဲမှာ ထယ်ထိုးပြုပြင်ရာက စစ်ကျန်ဗုံးသီဟောင်း တွေ့ရှိခဲ့လို့ သက်ဆိုင်ရာကို အကြောင်းကြားပေးခဲ့တယ်လို့ ညောင်မြင့်ရွာအုပ်ချုပ်ရေးမှူး ဦးသန်းရွှေက ပြောပါတယ်။

မိတ္ထီလာမြို့မရဲစခန်းက ညနေ ၆ နာရီလောက်မှာ အမှတ်(၉၁၁) စစ်မြေပြင်အင်ဂျင်နီယာတပ်ကို လွှဲပြောင်းပေးခဲ့ပါတယ်။

သတင်း-မောင်မောင်လင်း




မိတၳီလာတြင္ လယ္ေျမအားထယ္ထိုးရာမွ စစ္က်န္ဗုံးသီးေဟာင္းေတြ႕
DVB
မႏၲေလးတိုင္း မိတၳီလာၿမိဳ႕နယ္ ေညာင္ျမင့္ေက်း႐ြာအုပ္စု ေပ်ာ္ကုန္း႐ြာမွာ ၾသဂုတ္လ ၁၀ ရက္ညေနက လယ္ေျမအားထယ္ထိုးျပဳျပင္ရာက စစ္က်န္ဗုံးသီးေဟာင္း ၁ လုံးေတြ႕ရွိတယ္လို႔ မိတၳီလာၿမိဳ႕မရဲစခန္းက ေျပာပါတယ္။

မိတၳီလာၿမိဳ႕မရဲစခန္းတာဝန္က်ရဲအရာရွိက "ဗုံးသီးအရွည္က ၉ လက္မ လုံးပတ္က ၁၀ လက္မရွိတယ္၊ သံေခ်းတက္ေနတဲ့ ဗုံးသီးေဟာင္းပါ။ စစ္ေျမျပင္အင္ဂ်င္နီယာတပ္ကို စနစ္တက်လႊဲေျပာင္းေပးမွာပါ" လို႔ ေျပာပါတယ္။

ေပ်ာ္ကုန္း႐ြာေန ဦးရဲထြန္း(၃၀ႏွစ္)ရဲ႕ လယ္ေျမ ကြင္းအမွတ္-၁၀၆၀ ထဲမွာ ထယ္ထိုးျပဳျပင္ရာက စစ္က်န္ဗုံးသီေဟာင္း ေတြ႕ရွိခဲ့လို႔ သက္ဆိုင္ရာကို အေၾကာင္းၾကားေပးခဲ့တယ္လို႔ ေညာင္ျမင့္႐ြာအုပ္ခ်ဳပ္ေရးမႉး ဦးသန္းေ႐ႊက ေျပာပါတယ္။

မိတၳီလာၿမိဳ႕မရဲစခန္းက ညေန ၆ နာရီေလာက္မွာ အမွတ္(၉၁၁) စစ္ေျမျပင္အင္ဂ်င္နီယာတပ္ကို လႊဲေျပာင္းေပးခဲ့ပါတယ္။
သတင္း-ေမာင္ေမာင္လင္း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013