DVB Logo
Home
မြန်မာသတင်း
ကဗျာဆရာကြီးကိုလေး (အင်းဝဂုဏ်ရည်) ၈၃ နှစ်ပြည့်မွေးနေ့ ကျင်းပ
DVB
·
August 11, 2019
ကဗျာဆရာကြီးကိုလေး (အင်းဝဂုဏ်ရည်) ၈၃ နှစ်ပြည့်မွေးနေ့ ကျင်းပ
1 / 7
Donate to DVB

အမျိုးသားစာပေဆုပထမဦးရရှိခဲ့တဲ့ ကဗျာဆရာကြီးကိုလေး (အင်းဝဂုဏ်ရည်) ရဲ့ ၈၃ နှစ်ပြည့်မွေးနေ့အခမ်းအနားကို သြဂုတ်လ ၁၁ ရက်နေ့က ဆရာကြီးနေအိမ် တံတားဦးမြို့မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

ဆရာကြီးမွေးနေ့အခမ်းအနားကို စာရေးဆရာသိုက်ထွန်းသက်၊ ဆူးငှက်၊ ဂျိုဇော်၊ သင့်နော်တို့က တရာကြီး ဦးကိုလေးရဲ့ ၈၃ နှစ်ပြည့်မွေးနေ့ အမှတ်တရစကားများကို ပြောကြားခဲ့ကြပြီး ကဗျာဆရာတင်ညွှန့်မြိုင်(သာစည်)၊ မောင်ခိုင်မွန်(ပလိပ်)၊ ဝေအောင်(အင်းဝ)၊ ဟိန်းသန့်(အင်းဝ)၊ ကိုငြိမ်းချမ်း(တံတားဦး)၊ မောင်ရဲနွေ(ပလိပ်)၊ ဦးညွှန့်တင်(တံတားဦး)တို့က ကဗျာရွတ်ဆိုပြီး ဆရာကြီး အင်းဝဂုဏ်ရည် ဦးကိုလေးမွေးနေ့ကို ဂုဏ်ပြုခဲ့ကြပါတယ်။

ကဗျာဆရာကိုလေး(အင်းဝဂုဏ်ရည်)ကို ၁၉၃၆ ခုနှစ်မှာ မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့နယ် အင်းဝမြို့ ဈေးချိုပန်းဘဲတန်းရပ်ကွက်မှာ မွေးဖွားခဲ့ပါတယ်။

ဆရာကိုလေးဟာကဗျာပေါင်း မြောက်များစာ ရေးသားလျက်ရှိပြီး ၁၉၆၅ ခုနှစ်မှာ ကဗျာဆိုင်ရာ ကမ္ဘာ့ငြိမ်းချမ်းရေးကွန်ယက်ဆု ဗီယက်နမ်နဲ့သွေးစည်းညီညွတ်ရေးကဗျာဆု ၁၉၆၅ ခုနှစ်မှာ လမ်းသစ်ကဗျာပေါင်းချုပ်စာအုပ်များနဲ့ အမျိုးသားစာပေဆု ၂၁၀၂ခုနှစ်မှာ မွန်းတည့်အမီ စာအုပ်နဲ့ အမျိုးသားစာပေဆုတော်ဘုရားလေး ကဗျာဆု ၂၀၁၄ခုနှစ်မှာတော့ တသက်တာ စာပေဆုရွှေဘိုပန်း ကဗျာအဖွဲ့ကပေးတဲ့ ပန်းကဗျာစာပေဆုများစွာကို ရရှိခဲ့ပြီး ဒီနေ့အချိန်ထိ ကဗျာဆရာကြီး ကိုလေး (အင်း၀ဂုဏ်ရည်) ကလောင် အမည်နဲ့ ဆက်လက်ရေးသားနေပါတယ်။




ကဗ်ာဆရာႀကီးကိုေလး (အင္းဝဂုဏ္ရည္) ၈၃ ႏွစ္ျပည့္ေမြးေန႔ က်င္းပ
ေအာင္ေအာင္ႏိုင္
အမ်ိဳးသားစာေပဆုပထမဦးရရွိခဲ့တဲ့ ကဗ်ာဆရာႀကီးကိုေလး (အင္းဝဂုဏ္ရည္) ရဲ႕ ၈၃ ႏွစ္ျပည့္ေမြးေန႔အခမ္းအနားကို ၾသဂုတ္လ ၁၁ ရက္ေန႔က ဆရာႀကီးေနအိမ္ တံတားဦးၿမိဳ႕မွာ က်င္းပျပဳလုပ္ခဲ့ပါတယ္။

ဆရာႀကီးေမြးေန႔အခမ္းအနားကို စာေရးဆရာသိုက္ထြန္းသက္၊ ဆူးငွက္၊ ဂ်ိဳေဇာ္၊ သင့္ေနာ္တို႔က တရာႀကီး ဦးကိုေလးရဲ႕ ၈၃ ႏွစ္ျပည့္ေမြးေန႔ အမွတ္တရစကားမ်ားကို ေျပာၾကားခဲ့ၾကၿပီး ကဗ်ာဆရာတင္ၫႊန႔္ၿမိဳင္(သာစည္)၊ ေမာင္ခိုင္မြန္(ပလိပ္)၊ ေဝေအာင္(အင္းဝ)၊ ဟိန္းသန႔္(အင္းဝ)၊ ကိုၿငိမ္းခ်မ္း(တံတားဦး)၊ ေမာင္ရဲေႏြ(ပလိပ္)၊ ဦးၫႊန႔္တင္(တံတားဦး)တို႔က ကဗ်ာ႐ြတ္ဆိုၿပီး ဆရာႀကီး အင္းဝဂုဏ္ရည္ ဦးကိုေလးေမြးေန႔ကို ဂုဏ္ျပဳခဲ့ၾကပါတယ္။

ကဗ်ာဆရာကိုေလး(အင္းဝဂုဏ္ရည္)ကို ၁၉၃၆ ခုႏွစ္မွာ မႏၲေလးတိုင္းေဒသႀကီး တံတားဦးၿမိဳ႕နယ္ အင္းဝၿမိဳ႕ ေဈးခ်ိဳပန္းဘဲတန္းရပ္ကြက္မွာ ေမြးဖြားခဲ့ပါတယ္။

ဆရာကိုေလးဟာကဗ်ာေပါင္း ေျမာက္မ်ားစာ ေရးသားလ်က္ရွိၿပီး ၁၉၆၅ ခုႏွစ္မွာ ကဗ်ာဆိုင္ရာ ကမာၻ႔ၿငိမ္းခ်မ္းေရးကြန္ယက္ဆု ဗီယက္နမ္နဲ႔ေသြးစည္းညီၫြတ္ေရးကဗ်ာဆု ၁၉၆၅ ခုႏွစ္မွာ လမ္းသစ္ကဗ်ာေပါင္းခ်ဳပ္စာအုပ္မ်ားနဲ႔ အမ်ိဳးသားစာေပဆု ၂၁၀၂ခုႏွစ္မွာ မြန္းတည့္အမီ စာအုပ္နဲ႔ အမ်ိဳးသားစာေပဆုေတာ္ဘုရားေလး ကဗ်ာဆု ၂၀၁၄ခုႏွစ္မွာေတာ့ တသက္တာ စာေပဆုေ႐ႊဘိုပန္း ကဗ်ာအဖြဲ႕ကေပးတဲ့ ပန္းကဗ်ာစာေပဆုမ်ားစြာကို ရရွိခဲ့ၿပီး ဒီေန႔အခ်ိန္ထိ ကဗ်ာဆရာႀကီး ကိုေလး (အင္း၀ဂုဏ္ရည္) ကေလာင္ အမည္နဲ႔ ဆက္လက္ေရးသားေနပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013