DVB Logo
Home
မြန်မာသတင်း
တရားစီရင်ရေး စစ်ဆေးပုံ သရုပ်ပြပြိုင်ပွဲ မန္တလေးတက္ကသိုလ်တွင် ကျင်းပ
DVB
·
August 11, 2019
တရားစီရင်ရေး စစ်ဆေးပုံ သရုပ်ပြပြိုင်ပွဲ မန္တလေးတက္ကသိုလ်တွင် ကျင်းပ
1 / 7
Donate to DVB

တရားစီရင်ရေး စစ်ဆေးပုံ သရုပ်ပြပြိုင်ပွဲ ( MOCK TRIAL COMPETITION 2019)ကို မန္တလေးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမမှာ သြဂုတ်လ ၁၁ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပါတယ်။

Mandalay University Law Students' Association-MULSA နဲ့ မန္တလေးတက္ကသိုလ် ဥပဒေပညာဋ္ဌာနနဲ့ ရတနာပုံတက္ကသိုလ်ဥပဒေဌာနတို့ ပူးပေါင်းပြုလုပ်တာပါ။

“ကျောင်းမှာတော့ စာကို သေသေချာချာ သင်ရတယ်၊ တကယ်လည်းလေ့လာရတယ်။ ဒါပေမယ့် တကယ့်တရားခွင် တရားရားရုံးတွေမှာ ဘယ်လို လုပ်ရတယ်၊ ဘယ်လို ပြောရတယ်၊ ဘယ်လို ပြောဆို ပြုမူနေထိုင်ရတယ်ဆိုတာတွေကို လက်တွေ့မှာကျ တကယ်မလွယ်ဘူး။ ဝေးနေသေးတယ်ပေါ့။ အဲဒီအတွက်ကြောင့် အခုလို ပြိုင်ပွဲကျင်းပပြီး လေ့လာသင်ယူရတာ ဖြစ်တယ်” လို့ မန္တလေးတက္ကသိုလ် ဥပဒေကျောင်းသားကျောင်းသူများအဖွဲ့ဒုတိယဥက္ကဋ္ဌ ကိုမင်းညီခန့်က ပြောပါတယ်။

“ဒီပြိုင်ပွဲဟာ မန္တလေးတက္ကသိုလ်ရဲ့ ပထမဦးဆုံးပွဲဖြစ်ပြီး ပထမအကြိမ် ပြုလုပ်ဖြစ်တဲ့ပွဲဖြစ်တာကြောင့် ဝမ်းသာဂုဏ်ယူမိပါတယ်။ ဒီလိုကျင်းပရင်းနဲ့ ဒီကတဆင့် အရည်းအသွေးတွေ တိုးတက်လာမယ်ဆိုရင်တော့ နိုင်ငံတကာကို သွားနိုင်ကြမယ်လေ။ ဘွဲ့ရသွားရင်လည်း ဒီကနေ အတွေ့အကြုံသစ်တွေ ရရှိနိုင်မှာ ဖြစ်တယ်။ ထူးချွန်ထက်မြက်တဲ့ ကျောင်းသားကျောင်းသူတွေ ဖြစ်စေချင်တယ်ပိုပြီးများလာစေချင်တယ်”လို့ မန္တလေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ သီတာဝင်းက ပြောပါတယ်။

MOCK TRIAL COMPETITION 2019 ပြိုင်ပွဲကို မန္တလေးတက္ကသိုလ် ဥပဒေပညာဌာနကနေပြီး ၁၀ ဖွဲ့၊ ရတနာပုံတက္ကသိုလ် ဥပဒေပညာဌာနအနေနဲ့ ၂ ဖွဲ့စုစုပေါင်း ၁၂ ဖွဲ့ ဝင်ရောက်ယှဉ်ပြိုင်ကြပါတယ်။

သြဂုတ် ၁၂ ရက်နေ့မှာ ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ကြတဲ့ အဖွဲ ၁၂ ဖွဲ့ကို နောက်ဆုံး အဆင့်ယှဉ်ပြိုင်စေပြီး ဆုရရှိတဲ့ အသင်း ၃ သင်းကို ပထမ၊ ဒုတိယ၊ တတိယ ဆိုပြီး ဆုချီးမြှင့် ဂုဏ်ပြုသွားမှာလည်းဖြစ်ပါတယ်။

မန္တလေးတက္ကသိုလ်ဥပဒေပညာဌာနက ကျောင်းသားကျောင်းသူတွေဟာ ဟောင်ကောင်နဲ့ ဂျာမနီနိုင်ငံတွေမှာ ပြုလုပ်ခဲ့တဲ့တ ရားစီရင်ရေးသရုပ်ပြ ပြိုင်ပွဲတွေကို သွားရောက် ယှဉ်ပြိုင်ခဲ့ဖူးပါတယ်။




တရားစီရင္ေရး စစ္ေဆးပုံ သ႐ုပ္ျပၿပိဳင္ပြဲ မႏၲေလးတကၠသိုလ္တြင္ က်င္းပ
ေအာင္ေအာင္ႏိုင္

တရားစီရင္ေရး စစ္ေဆးပုံ သ႐ုပ္ျပၿပိဳင္ပြဲ ( MOCK TRIAL COMPETITION 2019)ကို မႏၲေလးတကၠသိုလ္ ဘြဲ႕ႏွင္းသဘင္ခန္းမမွာ ၾသဂုတ္လ ၁၁ ရက္ေန႔က က်င္းပျပဳလုပ္ခဲ့ပါတယ္။

Mandalay University Law Students' Association-MULSA နဲ႔ မႏၲေလးတကၠသိုလ္ ဥပေဒပညာ႒ာနနဲ႔ ရတနာပုံတကၠသိုလ္ဥပေဒဌာနတို႔ ပူးေပါင္းျပဳလုပ္တာပါ။

“ေက်ာင္းမွာေတာ့ စာကို ေသေသခ်ာခ်ာ သင္ရတယ္၊ တကယ္လည္းေလ့လာရတယ္။ ဒါေပမယ့္ တကယ့္တရားခြင္ တရားရား႐ုံးေတြမွာ ဘယ္လို လုပ္ရတယ္၊ ဘယ္လို ေျပာရတယ္၊ ဘယ္လို ေျပာဆို ျပဳမူေနထိုင္ရတယ္ဆိုတာေတြကို လက္ေတြ႕မွာက် တကယ္မလြယ္ဘူး။ ေဝးေနေသးတယ္ေပါ့။ အဲဒီအတြက္ေၾကာင့္ အခုလို ၿပိဳင္ပြဲက်င္းပၿပီး ေလ့လာသင္ယူရတာ ျဖစ္တယ္” လို႔ မႏၲေလးတကၠသိုလ္ ဥပေဒေက်ာင္းသားေက်ာင္းသူမ်ားအဖြဲ႕ဒုတိယဥကၠ႒ ကိုမင္းညီခန႔္က ေျပာပါတယ္။

“ဒီၿပိဳင္ပြဲဟာ မႏၲေလးတကၠသိုလ္ရဲ႕ ပထမဦးဆုံးပြဲျဖစ္ၿပီး ပထမအႀကိမ္ ျပဳလုပ္ျဖစ္တဲ့ပြဲျဖစ္တာေၾကာင့္ ဝမ္းသာဂုဏ္ယူမိပါတယ္။ ဒီလိုက်င္းပရင္းနဲ႔ ဒီကတဆင့္ အရည္းအေသြးေတြ တိုးတက္လာမယ္ဆိုရင္ေတာ့ ႏိုင္ငံတကာကို သြားႏိုင္ၾကမယ္ေလ။ ဘြဲ႕ရသြားရင္လည္း ဒီကေန အေတြ႕အႀကဳံသစ္ေတြ ရရွိႏိုင္မွာ ျဖစ္တယ္။ ထူးခြၽန္ထက္ျမက္တဲ့ ေက်ာင္းသားေက်ာင္းသူေတြ ျဖစ္ေစခ်င္တယ္ပိုၿပီးမ်ားလာေစခ်င္တယ္”လို႔ မႏၲေလးတကၠသိုလ္ ပါေမာကၡခ်ဳပ္ ေဒါက္တာ သီတာဝင္းက ေျပာပါတယ္။

MOCK TRIAL COMPETITION 2019 ၿပိဳင္ပြဲကို မႏၲေလးတကၠသိုလ္ ဥပေဒပညာဌာနကေနၿပီး ၁၀ ဖြဲ႕၊ ရတနာပုံတကၠသိုလ္ ဥပေဒပညာဌာနအေနနဲ႔ ၂ ဖြဲ႕စုစုေပါင္း ၁၂ ဖြဲ႕ ဝင္ေရာက္ယွဥ္ၿပိဳင္ၾကပါတယ္။

ၾသဂုတ္ ၁၂ ရက္ေန႔မွာ ၿပိဳင္ပြဲဝင္ေရာက္ယွဥ္ၿပိဳင္ၾကတဲ့ အဖြဲ ၁၂ ဖြဲ႕ကို ေနာက္ဆုံး အဆင့္ယွဥ္ၿပိဳင္ေစၿပီး ဆုရရွိတဲ့ အသင္း ၃ သင္းကို ပထမ၊ ဒုတိယ၊ တတိယ ဆိုၿပီး ဆုခ်ီးျမႇင့္ ဂုဏ္ျပဳသြားမွာလည္းျဖစ္ပါတယ္။

မႏၲေလးတကၠသိုလ္ဥပေဒပညာဌာနက ေက်ာင္းသားေက်ာင္းသူေတြဟာ ေဟာင္ေကာင္နဲ႔ ဂ်ာမနီႏိုင္ငံေတြမွာ ျပဳလုပ္ခဲ့တဲ့တ ရားစီရင္ေရးသ႐ုပ္ျပ ၿပိဳင္ပြဲေတြကို သြားေရာက္ ယွဥ္ၿပိဳင္ခဲ့ဖူးပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013