DVB Logo
Home
မြန်မာသတင်း
ကရင်ရိုးရာ ချည်ဖြူဖွဲ့မင်္ဂလာ ဘားအံတွင် ကျင်းပ
DVB
·
August 11, 2019
ကရင်ရိုးရာ ချည်ဖြူဖွဲ့မင်္ဂလာ ဘားအံတွင် ကျင်းပ
1 / 8
Donate to DVB

၄၂ ကြိမ်မြောက် ကရင်ရိုးရာဝါခေါင်လ ချည်ဖြူဖွဲ့မင်္ဂလာအခမ်းအနားကို ဘားအံမြို့ ဇွဲကပင်ခန်းမမှာ သြဂုတ် ၁၁ ရက် မနက်က ကျင်းပပြုလုပ်ခဲ့ပါတယ်။

အခမ်းအနားကို လူတိုင်းခန္ဓာကိုယ်မှာရှိတဲ့ မကောင်းဆိုးဝါးတွေကို မောင်းထုတ်ခြင်း၊ လူတိုင်းရဲ့ ခန္ဓာကိုယ်ကို အစဉ်စောင့်ရှောက်ပေးတဲ့ ဝိညာဉ်လိပ်ပြာကောင်းတွေ ပြန်လည်ဝင်ရောက် လာစေဖို့၊ လူတိုင်းဘေးအန္တရာယ်ကင်းစေဖို့နဲ့ စီးပွားရေးလာဘ်တွေတိုးပွားစေဖို့နဲ့ ကောက်ပဲသီးနှံ တွေ ပေါကြွယ်ဝစေဖို့ ရည်ရွယ်ပြီး နှစ်စဉ်ကျင်းပနေတဲ့ ရိုးရာမင်္ဂလာပွဲဖြစ်ပါတယ်။

ကရင်ပြည်နယ်လွှတ်တော်၊ ဥက္ကဋ္ဌ ဦးစောချစ်ခင်က “ဒီကနေ့ ချည်ဖြူဖွဲ့မင်္ဂလာဟာဆိုရင် ကျနော်တို့အားလုံး စုံစုံညီညီ စုစုစည်းစည်း ပြန်လည်ဆုံတွေတာဟာ ကျနော်တို့ ကရင်လူမျိုးတွေရဲ့ စည်းလုံးညီညွတ်မှု ချစ်ခင်ရင်းနှီးမှုကို ပြန်လည်ပြီးတော့ ဖော်ဆောင်တည်ဆောက်ပေးတာ ဖြစ်တယ်” လို့ ပြောပါတယ်။

ကေအန်ယူ၊ ကရင်အမျိုးသားအစည်အရုံး၊ တပ်မဟာ ၆ ခရိုင်ဥက္ကဋ္ဌ ပဒို စောရွှေမောင်းက “ဒီအချိန်ရောက်တိုင်း ကျနော်တို့ ကရင်လူမျိုးတွေ အားလုံးအတူတကွကျင်းပတယ်။ လူမျိုးတိုင်း သူရိုးရာယဉ်ကျေးမှုတွေရှိတဲ့အတွက် ရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းတဲ့အနေနဲ့ ကျင်းပတာ”လို့ ပြောပါတယ်။

ချည်ဖြူဖွဲ့မင်္ဂလာကို ကရင်ပြည်နယ်အတွင်း ကျေးလက်ဒေသပါမကျန် နှစ်စဉ်ကျင်းပ ပြုလုပ်တဲ့အပြင် ပြည်ပနိုင်ငံတွေကို ရောက်ရှိနေတဲ့ ကရင်လူမျိုးတိုင်း မိမိတို့ရောက်ရှိတဲ့ဒေသတွေမှာ ရိုးရာမပျက် ကျင်းပပြုလုပ်ကြပါတယ်။

အခမ်းအနားမှာ ကရင်ရိုးရာဝါခေါင်လ ချည်ဖြူဖွဲ့မင်္ဂလာဖြစ်ပေါ်လာပုံ စာတမ်းကို ပိုးကရင်၊ စကောကရင် မြန်မာ ဘာသာတွေနဲ့ ဖတ်ကြားပြီး၊ ပွဲတော်အကြီးအမှူးက လူတိုင်းခန္ဓာကိုယ်ကနေ မကောင်းဆိုးဝါးတွေ ဖယ်ခွာသွားစေဖို့ ကရင်ဘာသာနဲ့ မောင်းထုတ်ခဲ့ပါတယ်။

ဆက်လက်ပြီး လူတိုင်းခန္ဓာကိုယ်ကို အစဉ်စောင့်ရှောက်ပေးတဲ့ ဝိဉာဉ်လိပ်ပြာကောင်တွေ ပြန်လည်ဝင်ရောက်စေဖို့ ဖိတ်ခေါ်ပြီး ၇ ရက်သား ၇ ရက်သမီးတွေရဲ့ ဝိဉာဉ်လိပ်ပြာကောင်တွေ ရွှင်လန်းဝမ်းမြောက်စေဖို့ ချည်ဖြူဖွဲ့မင်္ဂလာကို ရိုးရာသီးချင်းနဲ့ဂုဏ်ပြုကြိုဆိုပြီး အခမ်းအနား တက်ရောက်လာသူတွေကို အဖိုး ၇ ဦး အဖွား ၇ ဦးက ချည်ဖြူဖွဲ့ပေးခဲ့ပါတယ်။

ရဲမင်းခေါင်




ကရင္႐ိုးရာ ခ်ည္ျဖဴဖြဲ႕မဂၤလာ ဘားအံတြင္ က်င္းပ
DVB
၄၂ ႀကိမ္ေျမာက္ ကရင္႐ိုးရာဝါေခါင္လ ခ်ည္ျဖဴဖြဲ႕မဂၤလာအခမ္းအနားကို ဘားအံၿမိဳ႕ ဇြဲကပင္ခန္းမမွာ ၾသဂုတ္ ၁၁ ရက္ မနက္က က်င္းပျပဳလုပ္ခဲ့ပါတယ္။

အခမ္းအနားကို လူတိုင္းခႏၶာကိုယ္မွာရွိတဲ့ မေကာင္းဆိုးဝါးေတြကို ေမာင္းထုတ္ျခင္း၊ လူတိုင္းရဲ႕ ခႏၶာကိုယ္ကို အစဥ္ေစာင့္ေရွာက္ေပးတဲ့ ဝိညာဥ္လိပ္ျပာေကာင္းေတြ ျပန္လည္ဝင္ေရာက္ လာေစဖို႔၊ လူတိုင္းေဘးအႏၲရာယ္ကင္းေစဖို႔နဲ႔ စီးပြားေရးလာဘ္ေတြတိုးပြားေစဖို႔နဲ႔ ေကာက္ပဲသီးႏွံ ေတြ ေပါႂကြယ္ဝေစဖို႔ ရည္႐ြယ္ၿပီး ႏွစ္စဥ္က်င္းပေနတဲ့ ႐ိုးရာမဂၤလာပြဲျဖစ္ပါတယ္။

ကရင္ျပည္နယ္လႊတ္ေတာ္၊ ဥကၠ႒ ဦးေစာခ်စ္ခင္က “ဒီကေန႔ ခ်ည္ျဖဴဖြဲ႕မဂၤလာဟာဆိုရင္ က်ေနာ္တို႔အားလုံး စုံစုံညီညီ စုစုစည္းစည္း ျပန္လည္ဆုံေတြတာဟာ က်ေနာ္တို႔ ကရင္လူမ်ိဳးေတြရဲ႕ စည္းလုံးညီၫြတ္မႈ ခ်စ္ခင္ရင္းႏွီးမႈကို ျပန္လည္ၿပီးေတာ့ ေဖာ္ေဆာင္တည္ေဆာက္ေပးတာ ျဖစ္တယ္” လို႔ ေျပာပါတယ္။

ေကအန္ယူ၊ ကရင္အမ်ိဳးသားအစည္အ႐ုံး၊ တပ္မဟာ ၆ ခ႐ိုင္ဥကၠ႒ ပဒို ေစာေ႐ႊေမာင္းက “ဒီအခ်ိန္ေရာက္တိုင္း က်ေနာ္တို႔ ကရင္လူမ်ိဳးေတြ အားလုံးအတူတကြက်င္းပတယ္။ လူမ်ိဳးတိုင္း သူ႐ိုးရာယဥ္ေက်းမႈေတြရွိတဲ့အတြက္ ႐ိုးရာယဥ္ေက်းမႈကို ထိန္းသိမ္းတဲ့အေနနဲ႔ က်င္းပတာ”လို႔ ေျပာပါတယ္။

ခ်ည္ျဖဴဖြဲ႕မဂၤလာကို ကရင္ျပည္နယ္အတြင္း ေက်းလက္ေဒသပါမက်န္ ႏွစ္စဥ္က်င္းပ ျပဳလုပ္တဲ့အျပင္ ျပည္ပႏိုင္ငံေတြကို ေရာက္ရွိေနတဲ့ ကရင္လူမ်ိဳးတိုင္း မိမိတို႔ေရာက္ရွိတဲ့ေဒသေတြမွာ ႐ိုးရာမပ်က္ က်င္းပျပဳလုပ္ၾကပါတယ္။

အခမ္းအနားမွာ ကရင္႐ိုးရာဝါေခါင္လ ခ်ည္ျဖဴဖြဲ႕မဂၤလာျဖစ္ေပၚလာပုံ စာတမ္းကို ပိုးကရင္၊ စေကာကရင္ ျမန္မာ ဘာသာေတြနဲ႔ ဖတ္ၾကားၿပီး၊ ပြဲေတာ္အႀကီးအမႉးက လူတိုင္းခႏၶာကိုယ္ကေန မေကာင္းဆိုးဝါးေတြ ဖယ္ခြာသြားေစဖို႔ ကရင္ဘာသာနဲ႔ ေမာင္းထုတ္ခဲ့ပါတယ္။

ဆက္လက္ၿပီး လူတိုင္းခႏၶာကိုယ္ကို အစဥ္ေစာင့္ေရွာက္ေပးတဲ့ ဝိဉာဥ္လိပ္ျပာေကာင္ေတြ ျပန္လည္ဝင္ေရာက္ေစဖို႔ ဖိတ္ေခၚၿပီး ၇ ရက္သား ၇ ရက္သမီးေတြရဲ႕ ဝိဉာဥ္လိပ္ျပာေကာင္ေတြ ႐ႊင္လန္းဝမ္းေျမာက္ေစဖို႔ ခ်ည္ျဖဴဖြဲ႕မဂၤလာကို ႐ိုးရာသီးခ်င္းနဲ႔ဂုဏ္ျပဳႀကိဳဆိုၿပီး အခမ္းအနား တက္ေရာက္လာသူေတြကို အဖိုး ၇ ဦး အဖြား ၇ ဦးက ခ်ည္ျဖဴဖြဲ႕ေပးခဲ့ပါတယ္။
ရဲမင္းေခါင္

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013