DVB Logo
Home
မြန်မာသတင်း
ရေးမြို့ မြစ်ရေကြီးမှုကြောင့် နေအိမ်အများအပြား နစ်မြုပ်၊ အကူညီလိုအပ်နေ
DVB
·
August 11, 2019
ရေးမြို့ မြစ်ရေကြီးမှုကြောင့် နေအိမ်အများအပြား နစ်မြုပ်၊ အကူညီလိုအပ်နေ
1 / 3
Donate to DVB

မွန်ပြည်နယ် ရေးမြို့ မြစ်ရေကြီးမှုမှာ စိုးရိမ်ရတဲ့အခြေနေမှာ ရောက်ရှိနေပြီး မြို့ပေါ်ရပ်ကွက် လူနေအိမ်အများပြား နေအိမ်နစ်မြုပ်နေပြီး ကယ်ဆယ်ရေးအကူညီတွေ လိုအပ်နေတယ်လို့ ရေဘေးသင့်ပြည်သူတွေက ပြောပါတယ်။

ရေဘေးသင့်ပြည်သူ ဦးသန်းလင်းက “ရေကတက်လာတာ ရုတ်တရက်ကြီး ပိုမိုကြီး လာတာကြောင့် နေအိမ်တွေအများပြားမျောကုန်သလို ဆုံးရှုံးမှုလည်း များပြားလာနေတာကြောင့် စိုးရိမ်ရတယ်” လို့ သူကပြောပါတယ်။

ရေဘေးသင့်ပြည်သူ ဦးရွှေလွင်က “ညကရေက ဆက်လက်မြင့်တက်လာတာ၊ တခါမှ မကြုံဖူးဘဲ အခုလိုညချင်းရေ ရုတ်တရက်တက်တာ၊ မိသားစုတွေ လှေငယ်နဲ့ အသက်ဘေးမှ လွတ်မြောက်ပြေးရသလို ကယ်ဆယ်ရေးအကူအညီတွေလည်း လိုအပ်နေတဲ့သူတွေ၊ ပိတ်မိနေတဲ့ သူတွေက အများပြားရှိနေတယ်” လို့ ပြောပါတယ်။

ရေဘေးသင့် ပြည်သူတွေ ယာယီကယ်ရေစခန်းမှာ လူပေါင်း ၃၀၀၀ လောက်ရှိနေပြီး တချို့တွေက နီးစပ်ရာဆွေမျိုးတွေမှာ နေကြတယ်လို့ သိရပါတယ်။

မနေ့ညနေ့ ၃ နာရီလောက်မှ ရေး-ထားဝယ် ကားလမ်းရေကျော်ကာ ကုန်တင်ယာဉ်နှင့် ခရီးသည်ယာဉ်ကားတန်းက ၁၀၀ မှ ၂၀၀ အထိရှိပြီး ခရီးသည်တွေ ၅၀၀ ဝန်းကျင်လောက် သောင်တင်နေရပြီး လမ်းပန်းဆက်သွယ်ရေးနဲ့ ဖုန်းလိုင်းတွေ အားလုံးနီးပါးပြတ်တောက်နေတာကာ လျှပ်စစ်မီး ယာယီဖြတ်တောက်ထားရတာပါ။

ရေးမြို့နယ် မြစ်ရေကြီးမှုမှာ ဆယ်စုနှစ်အတွင်း စိုးရိမ်ရတဲ့ ရေအမှတ်အထိ ကျော်ပြီး စံချိန်ချိုးကာ ရေဘေးသင့်ပြည်တွေ ဆုံးရှုံးမှု များပြားလာနိုင်တယ်လို့ သိရပါတယ်။

နေမျိုးထွဋ် (ရေး)




ေရးၿမိဳ႕ ျမစ္ေရႀကီးမႈေၾကာင့္ ေနအိမ္အမ်ားအျပား နစ္ျမဳပ္၊ အကူညီလိုအပ္ေန
DVB

မြန္ျပည္နယ္ ေရးၿမိဳ႕ ျမစ္ေရႀကီးမႈမွာ စိုးရိမ္ရတဲ့အေျခေနမွာ ေရာက္ရွိေနၿပီး ၿမိဳ႕ေပၚရပ္ကြက္ လူေနအိမ္အမ်ားျပား ေနအိမ္နစ္ျမဳပ္ေနၿပီး ကယ္ဆယ္ေရးအကူညီေတြ လိုအပ္ေနတယ္လို႔ ေရေဘးသင့္ျပည္သူေတြက ေျပာပါတယ္။

ေရေဘးသင့္ျပည္သူ ဦးသန္းလင္းက “ေရကတက္လာတာ ႐ုတ္တရက္ႀကီး ပိုမိုႀကီး လာတာေၾကာင့္ ေနအိမ္ေတြအမ်ားျပားေမ်ာကုန္သလို ဆုံးရႈံးမႈလည္း မ်ားျပားလာေနတာေၾကာင့္ စိုးရိမ္ရတယ္” လို႔ သူကေျပာပါတယ္။

ေရေဘးသင့္ျပည္သူ ဦးေ႐ႊလြင္က “ညကေရက ဆက္လက္ျမင့္တက္လာတာ၊ တခါမွ မႀကဳံဖူးဘဲ အခုလိုညခ်င္းေရ ႐ုတ္တရက္တက္တာ၊ မိသားစုေတြ ေလွငယ္နဲ႔ အသက္ေဘးမွ လြတ္ေျမာက္ေျပးရသလို ကယ္ဆယ္ေရးအကူအညီေတြလည္း လိုအပ္ေနတဲ့သူေတြ၊ ပိတ္မိေနတဲ့ သူေတြက အမ်ားျပားရွိေနတယ္” လို႔ ေျပာပါတယ္။

ေရေဘးသင့္ ျပည္သူေတြ ယာယီကယ္ေရစခန္းမွာ လူေပါင္း ၃၀၀၀ ေလာက္ရွိေနၿပီး တခ်ိဳ႕ေတြက နီးစပ္ရာေဆြမ်ိဳးေတြမွာ ေနၾကတယ္လို႔ သိရပါတယ္။

မေန႔ညေန႔ ၃ နာရီေလာက္မွ ေရး-ထားဝယ္ ကားလမ္းေရေက်ာ္ကာ ကုန္တင္ယာဥ္ႏွင့္ ခရီးသည္ယာဥ္ကားတန္းက ၁၀၀ မွ ၂၀၀ အထိရွိၿပီး ခရီးသည္ေတြ ၅၀၀ ဝန္းက်င္ေလာက္ ေသာင္တင္ေနရၿပီး လမ္းပန္းဆက္သြယ္ေရးနဲ႔ ဖုန္းလိုင္းေတြ အားလုံးနီးပါးျပတ္ေတာက္ေနတာကာ လွ်ပ္စစ္မီး ယာယီျဖတ္ေတာက္ထားရတာပါ။

ေရးၿမိဳ႕နယ္ ျမစ္ေရႀကီးမႈမွာ ဆယ္စုႏွစ္အတြင္း စိုးရိမ္ရတဲ့ ေရအမွတ္အထိ ေက်ာ္ၿပီး စံခ်ိန္ခ်ိဳးကာ ေရေဘးသင့္ျပည္ေတြ ဆုံးရႈံးမႈ မ်ားျပားလာႏိုင္တယ္လို႔ သိရပါတယ္။
ေနမ်ိဳးထြဋ္ (ေရး)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013