DVB Logo
Home
မြန်မာသတင်း
၂၀၁၉-၂၀ ခုနှစ်အတွင်း မြေယာလျော်ကြေး ဘီလီယံ ၄၀ ပေးမည်ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ်ပြော
DVB
·
August 11, 2019
၂၀၁၉-၂၀ ခုနှစ်အတွင်း မြေယာလျော်ကြေး ဘီလီယံ ၄၀ ပေးမည်ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ်ပြော
Donate to DVB

ရန်ကုန်တိုင်းအတွင်းက သိမ်းဆည်းခံ လယ်ယာမြေများနှင့် အခြားမြေများအတွက် ၂၀၁၉/၂၀ ခုနှစ်အတွင်း လျော်ကြေးငွေ ၄၀ ဘီလီယံပေးဖို့ လျာထားတယ်လို့  ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောပါတယ်။

တိုက်ကြီးမြို့နယ်မှာ သြဂုတ်လ ၁၀ ရက်နေ့က ကျင်းပခဲ့တဲ့ သိမ်းဆည်းမြေတွေ မူလတောင်သူတွေထံ ပြန်လည်ပေးအပ်ပွဲမှာ ပြောကြားခဲ့တာပါ။

သိမ်းဆည်းခံမြေတွေထဲက ပြန်ပေးလို့မရနိုင်တော့တဲ့ မြို့မြေဖြစ်သွားတဲ့ ဒဂုံ ၄ မြို့နယ်၊ လှိုင်ယာ၊ ရွှေပြည်သာတို့က နေရာတွေကို လျော်ကြေးပေးဖို့ဆုံးဖြတ်ထားတယ်လို့ ဦးဖြိုးမင်းသိန်းက ပြောပါတယ်။

“မြေဖြစ်သွားတဲ့အတွက် ဒီနေရာတွေ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အခြေခံအဆောက်အအုံတွေ၊ လမ်းခင်းတာတွေ၊ မီးတိုင်ဆောက်တာတွေအပြင် ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်ဘတ်ဂျက်နဲ့ ထည့်ဝင်ဆောက်ခဲ့ရပါတယ်။ ဒီဆောင်ရွက်မှုတွေနဲ့ပတ်သက်ပြီး တိုင်းဒေသကြီး လွှတ်တော်နဲ့ ပြည်ထောင်စုလွှတ်တော်တွေမှာ လွှတ်တော်ကိုယ်စားလှယ်တွေက ကိုယ့်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက‌် ဘတ်ဂျက်တောင်းခံရပါတယ်။ ကျနော်တို့အစိုးရရဲ့ ဘတ်ဂျက်ငွေတွေ ထည့်သွင်းဆောင်ရွက်ထားတာဖြစ်တဲ့အတွက် ဒီအထဲမှာ ပြည်သူတွေရဲ့ ဘဏ္ဏာငွေတွေ ပါဝင်ပါတယ်။ ကျနော်တို့ ပေးနိုင်တဲ့ ငွေကြေးပမာဏ နည်းမှုကြောင့် အရည်းအသွေးအားဖြင့် အားနည်းနေတာတွေရှိပါတယ်။ တချို့ လမ်းတွေက မကောင်းတာတွေ၊ တချို့အကွက်တွေ စနစ်တကျမဖြစ်တာတွေရှိနေသေးတဲ့အတွက် ဒီအခြေအနေတွေပိုမို ကောင်းမွန်ဖို့အတွက်စီမံပါမယ်။ ဒီမြို့မြေတွေကိုတော့ လယ်ယာမြေအဖြစ်ပြန်ပေးနိုင်ခြင်း မရှိတော့ပါဘူး။ ဒီမြေကွက်တွေနဲ့ပတ်သက်ပြီး လိုချင်တယ်ဆိုရင်တော့ ရောင်းချပေး ဖို့အစီအစဉ်ရှိပါတယ်။”

သိမ်းဆည်း လယ်ယာမြေနဲ့အခြားမြေများအတွက် ပြန်ပေးရမယ့် ပမဏက လက်ရှိတွက်ချက်ထားချက်အရ ၂၀၀ ဘီလီယံကျော်ပေးရမှာဖြစ်ပြီး အောက်တို့ဘာ မတိုင်ခင် ၃ ဘီလီယံပေးမှာဖြစ်ပြီး ၂၀၁၉/၂၀  ဘတ်ဂျက်မှာ ၃၃ ဘီလီယံ စုစုပေါင်း ၄၀ ဘီလီယံ လျော် ကြေးပေးသွားမယ်လို့ ဆိုပါတယ်။

လယ်ယာမြေနှင့် အခြားမြေသိမ်းဆည်းခံရမှုပေါင်း တနိုင်ငံအတိုင်းအတာအရ ဧက ၂၂ သိန်းကျော်ရှိပြီး ၇ သိန်းကျော်သာ စိစစ်နိုင်သေးတယ်လို့ သိရပါတယ်။ 

ရန်ကုန်တိုင်းဟာ အခြားတိုင်းတွေထက် သိမ်းဆည်းခံရမှု တိုင်ကြားစာအများဆုံးဖြစ်ပြီး လက်ရှိအချိန်မှာတော့ အမှုပေါင်း ၅၀၀၀ ကျော်ကိုသာ စိစစ်ထားခဲ့ပြီး တိုင်း/ခရိုင်/မြို့နယ်အဆင့် တိုကြားစာပေါင်း ၁၁၀၀၀ ကျော်ကျန်ရှိနေသေးတယ်လို့လည်း သိရပါတယ်။

ရန်ကုန်တိုင်း၊ လှည်းကူး၊ မှော်ဘီ၊ တိုက်ကြီးမြို့နယ်တွေအတွင်း တပ်နဲ့ဌာနဆိုင်ရာတွေ သိမ်းဆည်းထားတဲ့ မြေဧက ၉၀၀ ကျော်ကို ရန်ကုန်တိုင်းဝန်ကြီးချုပ်က တောင်သူတွေထံ ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့တာပါ။

သတင်း - မေသွယ်




၂၀၁၉-၂၀ ခုႏွစ္အတြင္း ေျမယာေလ်ာ္ေၾကး ဘီလီယံ ၄၀ ေပးမည္ဟု ရန္ကုန္တိုင္းဝန္ႀကီးခ်ဳပ္ေျပာ
DVB
ရန္ကုန္တိုင္းအတြင္းက သိမ္းဆည္းခံ လယ္ယာေျမမ်ားႏွင့္ အျခားေျမမ်ားအတြက္ ၂၀၁၉/၂၀ ခုႏွစ္အတြင္း ေလ်ာ္ေၾကးေငြ ၄၀ ဘီလီယံေပးဖို႔ လ်ာထားတယ္လို႔ ရန္ကုန္တိုင္းဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္းက ေျပာပါတယ္၊

တိုက္ႀကီးၿမိဳ႕နယ္မွာ ၾသဂုတ္လ ၁၀ ရက္ေန႔က က်င္းပခဲ့တဲ့ သိမ္းဆည္းေျမေတြ မူလေတာင္သူေတြထံ ျပန္လည္ေပးအပ္ပြဲမွာ ေျပာၾကားခဲ့တာပါ။
သိမ္းဆည္းခံေျမေတြထဲက ျပန္ေပးလို႔မရႏိုင္ေတာ့တဲ့ ၿမိဳ႕ေျမျဖစ္သြားတဲ့ ဒဂုံ ၄ ၿမိဳ႕နယ္၊ လႈိင္ယာ၊ ေ႐ႊျပည္သာတို႔က ေနရာေတြကို ေလ်ာ္ေၾကးေပးဖို႔ဆုံးျဖတ္ထားတယ္လို႔ ဦးၿဖိဳးမင္းသိန္းက ေျပာပါတယ္။

“ေျမျဖစ္သြားတဲ့အတြက္ ဒီေနရာေတြ ဖြံ႕ၿဖိဳးတိုးတက္ဖို႔အတြက္ အေျခခံအေဆာက္အအုံေတြ၊ လမ္းခင္းတာေတြ၊ မီးတိုင္ေဆာက္တာေတြအျပင္ ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ ႏိုင္ငံေတာ္ဘတ္ဂ်က္နဲ႔ ထည့္ဝင္ေဆာက္ခဲ့ရပါတယ္။ ဒီေဆာင္႐ြက္မႈေတြနဲ႔ပတ္သက္ၿပီး တိုင္းေဒသႀကီး လႊတ္ေတာ္နဲ႔ ျပည္ေထာင္စုလႊတ္ေတာ္ေတြမွာ လႊတ္ေတာ္ကိုယ္စားလွယ္ေတြက ကိုယ့္ေဒသဖြံ႕ၿဖိဳးတိုးတက္ေရးအတြက‌္ ဘတ္ဂ်က္ေတာင္းခံရပါတယ္။ က်ေနာ္တို႔အစိုးရရဲ႕ ဘတ္ဂ်က္ေငြေတြ ထည့္သြင္းေဆာင္႐ြက္ထားတာျဖစ္တဲ့အတြက္ ဒီအထဲမွာ ျပည္သူေတြရဲ႕ ဘဏၰာေငြေတြ ပါဝင္ပါတယ္။ က်ေနာ္တို႔ ေပးႏိုင္တဲ့ ေငြေၾကးပမာဏ နည္းမႈေၾကာင့္ အရည္းအေသြးအားျဖင့္ အားနည္းေနတာေတြရွိပါတယ္။ တခ်ိဳ႕ လမ္းေတြက မေကာင္းတာေတြ၊ တခ်ိဳ႕အကြက္ေတြ စနစ္တက်မျဖစ္တာေတြရွိေနေသးတဲ့အတြက္ ဒီအေျခအေနေတြပိုမို ေကာင္းမြန္ဖို႔အတြက္စီမံပါမယ္။ ဒီၿမိဳ႕ေျမေတြကိုေတာ့ လယ္ယာေျမအျဖစ္ျပန္ေပးႏိုင္ျခင္း မရွိေတာ့ပါဘူး။ ဒီေျမကြက္ေတြနဲ႔ပတ္သက္ၿပီး လိုခ်င္တယ္ဆိုရင္ေတာ့ ေရာင္းခ်ေပး ဖို႔အစီအစဥ္ရွိပါတယ္။”

သိမ္းဆည္း လယ္ယာေျမနဲ႔အျခားေျမမ်ားအတြက္ ျပန္ေပးရမယ့္ ပမဏက လက္ရွိတြက္ခ်က္ထားခ်က္အရ ၂၀၀ ဘီလီယံေက်ာ္ေပးရမွာျဖစ္ၿပီး ေအာက္တို႔ဘာ မတိုင္ခင္ ၃ ဘီလီယံေပးမွာျဖစ္ၿပီး ၂၀၁၉/၂၀ ဘတ္ဂ်က္မွာ ၃၃ ဘီလီယံ စုစုေပါင္း ၄၀ ဘီလီယံ ေလ်ာ္ ေၾကးေပးသြားမယ္လို႔ ဆိုပါတယ္။

လယ္ယာေျမႏွင့္ အျခားေျမသိမ္းဆည္းခံရမႈေပါင္း တႏိုင္ငံအတိုင္းအတာအရ ဧက ၂၂ သိန္းေက်ာ္ရွိၿပီး ၇ သိန္းေက်ာ္သာ စိစစ္ႏိုင္ေသးတယ္လို႔ သိရပါတယ္။
ရန္ကုန္တိုင္းဟာ အျခားတိုင္းေတြထက္ သိမ္းဆည္းခံရမႈ တိုင္ၾကားစာအမ်ားဆုံးျဖစ္ၿပီး လက္ရွိအခ်ိန္မွာေတာ့ အမႈေပါင္း ၅၀၀၀ ေက်ာ္ကိုသာ စိစစ္ထားခဲ့ၿပီး တိုင္း/ခ႐ိုင္/ၿမိဳ႕နယ္အဆင့္ တိုၾကားစာေပါင္း ၁၁၀၀၀ ေက်ာ္က်န္ရွိေနေသးတယ္လို႔လည္း သိရပါတယ္။

ရန္ကုန္တိုင္း၊ လွည္းကူး၊ ေမွာ္ဘီ၊ တိုက္ႀကီးၿမိဳ႕နယ္ေတြအတြင္း တပ္နဲ႔ဌာနဆိုင္ရာေတြ သိမ္းဆည္းထားတဲ့ ေျမဧက ၉၀၀ ေက်ာ္ကို ရန္ကုန္တိုင္းဝန္ႀကီးခ်ဳပ္က ေတာင္သူေတြထံ ျပန္လည္လႊဲေျပာင္းေပးအပ္ခဲ့တာပါ။
သတင္း - ေမသြယ္

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013