DVB Logo
Home
မြန်မာသတင်း
နယ်လုံဝန်ကြီး ပြောင်းလဲခန့်အပ်မည့်ကိစ္စ ရခိုင်လွှတ်တော် အရေးပေါ်အစည်းဝေးခေါ်ယူ
DVB
·
August 11, 2019
နယ်လုံဝန်ကြီး ပြောင်းလဲခန့်အပ်မည့်ကိစ္စ ရခိုင်လွှတ်တော် အရေးပေါ်အစည်းဝေးခေါ်ယူ
Donate to DVB

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး အစားထိုးပြောင်းလဲ ခန့်အပ်မယ့်ကိစ္စနဲ့ ပတ်သက်ပြီး သြဂုတ် ၁၄ ရက်နေ့မှာ ရခိုင်ပြည်နယ်လွှတ်တော်အတွင်း အရေးပေါ် အစည်းအဝေးတရပ်ခေါ်ယူထားတယ်လို့ လွှတ်တော်တာဝန်ရှိသူတွေက ပြောပါတယ်။

မြောက်ဦးမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က “၁၄ ရက်နေ့မှာ ခေါ်ထားတယ်။ နယ်လုံဝန်ကြီး အစားထိုးမယ့်ကိစ္စပေါ့။ ၃ ရက်တာလုပ်မှာ။ အဲလောက်ပဲ သိထားတယ်” လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဖုန်းတင့်အစား ဗိုလ်မှူးကြီး မင်းသန်း၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးသိန်းထွန်းအစား ဗိုလ်မှူးကျော်မျိုးထက်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြောင်းလဲတာဝန်ပေး လိုက်တာလို့ သိရပါတယ်။

ဗိုလ်မှူးကြီးဖုန်းတင့်ဟာ ယခင်က နယ်လုံဝန်ကြီးဟောင်း ဗိုလ်မှူးကြီးထိန်လင်းနေရာမှာ အစားထိုးတာဝန်ပေးခြင်းခံခဲ့ရတာဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်ကနေ ၂၀၁၉ ခုနှစ် ဇူလိုင်လ ၁၇ ရက်နေ့ထိ ၂ နှစ်တိတိတာဝန်ထမ်းဆောင်ခဲ့တာ ဖြစ်ပါတယ်။

အခုကျင်းပမယ့်အရေးပေါ် အစည်းအဝေးဟာ (၂/၂၀၁၉) ဒုတိယအကြိမ် ရခိုင်ပြည်နယ် လွှတ်တော်အရေးပေါ် အစည်းအဝေးဖြစ်ပြီး ၃ ရက်တာကြာမြင့်မှာလို့ လွှတ်တော် ကိုယ်စားလှယ်တွေ က ပြောပါတယ်။

အစည်းအဝေးတက်ရောက်ကြမယ့် လွှတ်တော်ကိုယ်စားလှယ်တွေ၊ အကြံပေးအဖွဲ့ဝင်တွေ အနေနဲ့ကတော့ သြဂုတ်လ ၁၂ ရက်နေ့ကို နောက်ဆုံးထားပြီး ရခိုင်ပြည်နယ်လွှတ်တော်ကို သတင်းပေးပို့ရမှာလည်း ဖြစ်ပါတယ်။ (၁/၂၀၁၉) ပထမအကြိမ် ရခိုင်ပြည်နယ်လွှတ် တော်၊ အရေးပေါ်အစည်းအဝေးကိုတော့ ပြီးခဲ့တဲ့ ဇွန်လအတွင်းက ကျင်းပခဲ့ပါတယ်။

သတင်း-ဓာတ်ပုံ- ဝဏ္ဏခွာညို




နယ္လုံဝန္ႀကီး ေျပာင္းလဲခန႔္အပ္မည့္ကိစၥ ရခိုင္လႊတ္ေတာ္ အေရးေပၚအစည္းေဝးေခၚယူ

ဝဏၰခြာညိဳ

ရခိုင္ျပည္နယ္အစိုးရအဖြဲ႕ဝင္ လုံၿခဳံေရးနဲ႔ နယ္စပ္ေရးရာဝန္ႀကီး အစားထိုးေျပာင္းလဲ ခန႔္အပ္မယ့္ကိစၥနဲ႔ ပတ္သက္ၿပီး ၾသဂုတ္ ၁၄ ရက္ေန႔မွာ ရခိုင္ျပည္နယ္လႊတ္ေတာ္အတြင္း အေရးေပၚ အစည္းအေဝးတရပ္ေခၚယူထားတယ္လို႔ လႊတ္ေတာ္တာဝန္ရွိသူေတြက ေျပာပါတယ္။

ေျမာက္ဦးၿမိဳ႕နယ္ မဲဆႏၵနယ္အမွတ္ (၁) ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးထြန္းသာစိန္က “၁၄ ရက္ေန႔မွာ ေခၚထားတယ္။ နယ္လုံဝန္ႀကီး အစားထိုးမယ့္ကိစၥေပါ့။ ၃ ရက္တာလုပ္မွာ။ အဲေလာက္ပဲ သိထားတယ္” လို႔ ေျပာပါတယ္။

ရခိုင္ျပည္နယ္အစိုးရအဖြဲ႕ဝင္ လုံၿခဳံေရးနဲ႔ နယ္စပ္ေရးရာဝန္ႀကီး ဗိုလ္မႉးႀကီးဖုန္းတင့္အစား ဗိုလ္မႉးႀကီး မင္းသန္း၊ တပ္မေတာ္သားလႊတ္ေတာ္ကိုယ္စားလွယ္ ဗိုလ္မႉးသိန္းထြန္းအစား ဗိုလ္မႉးေက်ာ္မ်ိဳးထက္ကို ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္က ေျပာင္းလဲတာဝန္ေပး လိုက္တာလို႔ သိရပါတယ္။

ဗိုလ္မႉးႀကီးဖုန္းတင့္ဟာ ယခင္က နယ္လုံဝန္ႀကီးေဟာင္း ဗိုလ္မႉးႀကီးထိန္လင္းေနရာမွာ အစားထိုးတာဝန္ေပးျခင္းခံခဲ့ရတာျဖစ္ၿပီး ၿပီးခဲ့တဲ့ ၂၀၁၇ ခုႏွစ္ကေန ၂၀၁၉ ခုႏွစ္ ဇူလိုင္လ ၁၇ ရက္ေန႔ထိ ၂ ႏွစ္တိတိတာဝန္ထမ္းေဆာင္ခဲ့တာ ျဖစ္ပါတယ္။

အခုက်င္းပမယ့္အေရးေပၚ အစည္းအေဝးဟာ (၂/၂၀၁၉) ဒုတိယအႀကိမ္ ရခိုင္ျပည္နယ္ လႊတ္ေတာ္အေရးေပၚ အစည္းအေဝးျဖစ္ၿပီး ၃ ရက္တာၾကာျမင့္မွာလို႔ လႊတ္ေတာ္ ကိုယ္စားလွယ္ေတြ က ေျပာပါတယ္။

အစည္းအေဝးတက္ေရာက္ၾကမယ့္ လႊတ္ေတာ္ကိုယ္စားလွယ္ေတြ၊ အႀကံေပးအဖြဲ႕ဝင္ေတြ အေနနဲ႔ကေတာ့ ၾသဂုတ္လ ၁၂ ရက္ေန႔ကို ေနာက္ဆုံးထားၿပီး ရခိုင္ျပည္နယ္လႊတ္ေတာ္ကို သတင္းေပးပို႔ရမွာလည္း ျဖစ္ပါတယ္။ (၁/၂၀၁၉) ပထမအႀကိမ္ ရခိုင္ျပည္နယ္လႊတ္ ေတာ္၊ အေရးေပၚအစည္းအေဝးကိုေတာ့ ၿပီးခဲ့တဲ့ ဇြန္လအတြင္းက က်င္းပခဲ့ပါတယ္။

သတင္း-ဓာတ္ပုံ- ဝဏၰခြာညိဳ

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013