DVB Logo
Home
မြန်မာသတင်း
တောင်မြေတူးဖော်သူများကို ဥပဒေအရ အရေးယူမည်ဟု မွန်ပြည်နယ်ဝန်ကြီးချုပ်ပြော
DVB
·
August 11, 2019
တောင်မြေတူးဖော်သူများကို ဥပဒေအရ အရေးယူမည်ဟု မွန်ပြည်နယ်ဝန်ကြီးချုပ်ပြော
Donate to DVB

တောင်တန်းတွေမှာ တောင်မြေတူးဖော်နေသူတွေကို ဥပဒေအရအရေးဆောင်ရွက် သွားမယ်လို့ ပေါင်မြို့နယ် မလက်တောင် မြေပြိုမှုကို လာရောက်ကြည့်ရှုတဲ့ မွန်ပြည်နယ်ဝန်ကြီးချုပ်က  ပြောပါတယ်။

မွန်ပြည်နယ်ထဲက တောင်တန်းတွေမှာ သက်နုကျောက်တောင်တွေ အများဆုံးဖြစ်တဲ့အတွက် ကျောက်တူးဖော်ခြင်းကို ခွင့်ပြုပေးမှာမဟုတ်ဘဲ ဆက်လက်လုပ်ကိုင်နေသူတွေကိုလည်း ဥပဒေအရ အရေးယူဆောင်ရွက်သွားမယ်လို့ မွန်ပြည်နယ်ဝန်ကြီးချုပ်က သြဂုတ် ၁၀ ရက်နေ့က ပေါင်မြို့နယ် က မြေပြိုမှုတွေကို  လာရောက်စဉ် ပြောဆိုခဲ့တာပါ။

ပေါင်မြို့နယ်၊ သဲဖြူကုန်းကျေးရွာမှာ မလက်တောင် မြေပြိုကျမှုကြောင့် သေဆုံးသူ ၄၈ ယောက် ရှိပြီဖြစ်ပြီး ပျောက်ဆုံးနေသူတွေကို ဆက်လက်ရှာဖွေနေတယ်လို့  ဩဂုတ် ၁၁ ရက် မနက်ပိုင်း မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ချက်အရ သိရပါတယ်။

ပြည်နယ်အစိုးရအဖွဲ့အနေနဲ့ အခုလိုဖြစ်စဉ်မျိုး နောက်ထပ်မဖြစ်စေဖို မွန်ပြည်နယ် အတွင်း တောင်မြေတူးဖော်တာတွေကို ဆက်လက်ခွင့်ပြုပေးတော့မှာ မဟုတ်သလို တောင်ပြိုမှု ဖြစ်တဲ့နေရာတွေကို ကာကွယ်မှုတွေ ဆက်လုပ်နိုင်ဖို့ ကျွမ်းကျင်ပညာရှင်တွေခေါ်ပြီး ဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

ပေါင်မြို့နယ်၊ သဲဖြူကုန်းကျေးရွာ၊ မရမ်းစပ်ပိုင်းမှာ သြဂုတ် ၉ ရက်နေ့ မနက်ပိုင်းက မလက်တောင်မြေပြိုကျခဲ့တာကြောင့်  အိမ်ခြေ ၂၇ လုံး ပျက်စီးခဲ့ရသလို အဝေးပြေးလမ်းပေါ်မှာ သွားနေတဲ့ ကားတွေလည်း ပျက်စီးခဲ့ရတာပါ။

“အရင်နှစ်တွေက အခုလိုတစ်ခါမှမဖြစ်ခဲ့ဖူးပေမယ့် နောက်ပိုင်း တောင်ခြေပိုင်းတွေကို ဘတ်ဟိုးတူးတာတွေ စမ်းချောင်းပိတ်ဆို့မှုတွေရှိခဲ့တာကြောင့် အခုလိုတောင်မြေပြိုကျပြီး မိသားစု ဘဝတွေဆုံးရှုံးနစ်နာခဲ့တယ်” လို့ ဒေသခံ မချိုမာဝင်းက ပြောပါတယ်။

ပေါင်မြို့နယ်အတွင်းရှိ ကျေးရွာတော်တော်များများမှာ စီးပွားရေးလုပ်ငန်းရှင်တချို့က တောင်မြေတွေကို အကွက်ရိုက်ရောင်းစားပြီး မြေကွက်ဖော်တာ၊ လမ်းပြုပြင်ရန်အတွက် တောင်မြေမှာမိုင်းခွဲထုတ်ယူမှုတွေလည်း ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။




ေတာင္ေျမတူးေဖာ္သူမ်ားကို ဥပေဒအရ အေရးယူမည္ဟု မြန္ျပည္နယ္ဝန္ႀကီးခ်ဳပ္ေျပာ
DVB
ေတာင္တန္းေတြမွာ ေတာင္ေျမတူးေဖာ္ေနသူေတြကို ဥပေဒအရအေရးေဆာင္႐ြက္ သြားမယ္လို႔ ေပါင္ၿမိဳ႕နယ္ မလက္ေတာင္ ေျမၿပိဳမႈကို လာေရာက္ၾကည့္ရႈတဲ့ မြန္ျပည္နယ္ဝန္ႀကီးခ်ဳပ္က ေျပာပါတယ္။

မြန္ျပည္နယ္ထဲက ေတာင္တန္းေတြမွာ သက္ႏုေက်ာက္ေတာင္ေတြ အမ်ားဆုံးျဖစ္တဲ့အတြက္ ေက်ာက္တူးေဖာ္ျခင္းကို ခြင့္ျပဳေပးမွာမဟုတ္ဘဲ ဆက္လက္လုပ္ကိုင္ေနသူေတြကိုလည္း ဥပေဒအရ အေရးယူေဆာင္႐ြက္သြားမယ္လို႔ မြန္ျပည္နယ္ဝန္ႀကီးခ်ဳပ္က ၾသဂုတ္ ၁၀ ရက္ေန႔က ေပါင္ၿမိဳ႕နယ္ က ေျမၿပိဳမႈေတြကို လာေရာက္စဥ္ ေျပာဆိုခဲ့တာပါ။

ေပါင္ၿမိဳ႕နယ္၊ သဲျဖဴကုန္းေက်း႐ြာမွာ မလက္ေတာင္ ေျမၿပိဳက်မႈေၾကာင့္ ေသဆုံးသူ ၄၈ ေယာက္ ရွိၿပီျဖစ္ၿပီး ေပ်ာက္ဆုံးေနသူေတြကို ဆက္လက္ရွာေဖြေနတယ္လို႔ ဩဂုတ္ ၁၁ ရက္ မနက္ပိုင္း မီးသတ္တပ္ဖြဲ႕က ထုတ္ျပန္ခ်က္အရ သိရပါတယ္။

ျပည္နယ္အစိုးရအဖြဲ႕အေနနဲ႔ အခုလိုျဖစ္စဥ္မ်ိဳး ေနာက္ထပ္မျဖစ္ေစဖို မြန္ျပည္နယ္ အတြင္း ေတာင္ေျမတူးေဖာ္တာေတြကို ဆက္လက္ခြင့္ျပဳေပးေတာ့မွာ မဟုတ္သလို ေတာင္ၿပိဳမႈ ျဖစ္တဲ့ေနရာေတြကို ကာကြယ္မႈေတြ ဆက္လုပ္ႏိုင္ဖို႔ ကြၽမ္းက်င္ပညာရွင္ေတြေခၚၿပီး ေဆာင္႐ြက္သြားမွာျဖစ္တယ္လို႔ သိရပါတယ္။

ေပါင္ၿမိဳ႕နယ္၊ သဲျဖဴကုန္းေက်း႐ြာ၊ မရမ္းစပ္ပိုင္းမွာ ၾသဂုတ္ ၉ ရက္ေန႔ မနက္ပိုင္းက မလက္ေတာင္ေျမၿပိဳက်ခဲ့တာေၾကာင့္ အိမ္ေျခ ၂၇ လုံး ပ်က္စီးခဲ့ရသလို အေဝးေျပးလမ္းေပၚမွာ သြားေနတဲ့ ကားေတြလည္း ပ်က္စီးခဲ့ရတာပါ။

“အရင္ႏွစ္ေတြက အခုလိုတစ္ခါမွမျဖစ္ခဲ့ဖူးေပမယ့္ ေနာက္ပိုင္း ေတာင္ေျခပိုင္းေတြကို ဘတ္ဟိုးတူးတာေတြ စမ္းေခ်ာင္းပိတ္ဆို႔မႈေတြရွိခဲ့တာေၾကာင့္ အခုလိုေတာင္ေျမၿပိဳက်ၿပီး မိသားစု ဘဝေတြဆုံးရႈံးနစ္နာခဲ့တယ္” လို႔ ေဒသခံ မခ်ိဳမာဝင္းက ေျပာပါတယ္။

ေပါင္ၿမိဳ႕နယ္အတြင္းရွိ ေက်း႐ြာေတာ္ေတာ္မ်ားမ်ားမွာ စီးပြားေရးလုပ္ငန္းရွင္တခ်ိဳ႕က ေတာင္ေျမေတြကို အကြက္႐ိုက္ေရာင္းစားၿပီး ေျမကြက္ေဖာ္တာ၊ လမ္းျပဳျပင္ရန္အတြက္ ေတာင္ေျမမွာမိုင္းခြဲထုတ္ယူမႈေတြလည္း ရွိေနတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013