DVB Logo
Home
မြန်မာသတင်း
အကြမ်းဖက်မှုဖြစ်စဉ်ကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးသွားသူ အယောက် ၂၀ မြန်မာဘက် ပြန်လာ
DVB
·
August 11, 2019
အကြမ်းဖက်မှုဖြစ်စဉ်ကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးသွားသူ အယောက် ၂၀ မြန်မာဘက် ပြန်လာ
Donate to DVB

ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှာ ၂၀၁၇ ခုနှစ်အကြမ်းဖက်ဖြစ်စဉ်ကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို နေရပ်စွန့်ခွာထွက်ပြေးသွားကြတဲ့ ဘင်္ဂါလီမိသားစု ၇ စုက လူအယောက် ၂၀ ဟာ မိမိဆန္ဒအလျှောက် မြန်မာဘက်ခြမ်း ပြန်လည်ဝင်ရောက်လာခဲ့ကြတယ်လို့ သိရပါတယ်။

သြဂုတ်လ ၉ ရက်နေ့ မနက်ပိုင်းက UEHRD အစီအစဉ်နဲ့ ငါးခူရပြန်လည်လက်ခံရေးစခန်းမှာ လက်ခံခဲ့ပြီးနောက် သူတို့ရဲ့ မူလနေရာ သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးတွေဆီ အသီးသီးလွှဲပြောင်းပေးအပ်ခဲ့ပါတယ်။

ယခင်က မောင်တောမြို့ ပဒင်းပိုက်ဆိပ်ကျေးရွာမှာနေထိုင်ခဲ့တဲ့ ပြန်လည်ဝင်ရောက်လာသူ တဦးက ဘင်္ဂလားဒေ့ရှ်နိုင်ငံ ခါလောင်ခါလီဒုက္ခသည်စခန်းမှာ နေထိုင်ခဲ့ကြောင်း၊ စားရေးသောက်ရေးနေထိုင်ရေး အခက်အခဲဖြစ်တဲ့အတွက် မိသားစုတစုလုံး ပြန်လာတာလို့ ပြောပါတယ်။

ပြန်လည်ဝင်ရောက်သူတွေကတော့ မောင်တောမြို့နယ် ပဒင်းပိုက်ဆိပ်ကျေးရွာက ၅ ဦး၊ ပဒင်းခေါင်တကာကျေးရွာမှ ၄ ဦး၊ ငါးစားကြူးကျေးရွာမှ ၃ ဦး၊ ရေတွင်းပြင်ကျေးရွာမှ ၁ ဦး၊ ရွာသစ်ကေမှ ၄ ဦးတို့ ဖြစ်ပါတယ်။

ပဒင်းကျေးရွာမှာ မီးလောင်သွားခဲ့တာကြောင့် လတ်တလောမှာ ပြန်လည်ဝင်ရောက်လာသူတွေကို ပန်းတောပြင်ကျေးရွာမှာ ယာယီနေထိုင်ဖို့ စီစဉ်ပေးထားတယ်လို့ ပန်းတောပြင်ကျေးရွာအုပ်ချုပ်ရေးမှူး အဏ္ဏာဝါက ပြောပါတယ်။

ပြန်လည်ဝင်ရောက်လာသူတွေကို မောင်တောခရိုင်ထွေအုပ်ချုပ်ရေးဦးစီးဌာနက အကြမ်းဖက်အဖွဲ့ဝင်တွေ စာရင်‌မှာ ပါဝင်ရှိမရှိ စိစစ်တာ၊ တဖက်နိုင်ငံ  ထွက်ခွာတဲ့နေ့ရက် နေထိုင်ခဲ့တဲ့ နေရာ၊ လုပ်ကိုင်ခဲ့တဲ့ အလုပ်အကိုင် နဲ့ ပြန်လည်ဝင်ရောက်လာတဲ့ နေရက် နေရာတို့အား စနှစ်တကျစစ်ဆေးမေးမြန်း မှတ်တမ်းတင်ထားတယ်လို့ သိရပါတယ်။

ကျန်းမားရေးဌာနကလည်း ကျန်းမာရေးစစ်ဆေးတာ၊ လူမူဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ငွေနဲ့ ပစ္စည်းတွေ ထောက်ပံ့ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

၂၀၁၇ အကြမ်းဖက်ဖြစ်စဉ်ကြောင့် မောင်တောခရိုင်အတွင်း လူ ၆ သိန်းလောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် နေရပ်စွန့်ခွာ ထွက်သွားကြပြီး ဒီနေ့အထိ မိမိ ဆန္ဒအလျှောက်ပြန်ဝင်လာသူ ၂၂၂ ဦး ရှိပြီလို့ သိရပါတယ်။

ကောင်းကောင်း




အၾကမ္းဖက္မႈျဖစ္စဥ္ေၾကာင့္ ေနရပ္စြန႔္ခြာ ထြက္ေျပးသြားသူ အေယာက္ ၂၀ ျမန္မာဘက္ ျပန္လာ

DVB

ရခိုင္ျပည္နယ္ ေမာင္ေတာၿမိဳ႕နယ္မွာ ၂၀၁၇ ခုႏွစ္အၾကမ္းဖက္ျဖစ္စဥ္ေၾကာင့္ ဘဂၤလားေဒ့ရွ္ႏိုင္ငံကို ေနရပ္စြန္႔ခြာထြက္ေျပးသြားၾကတဲ့ ဘဂၤါလီမိသားစု ၇ စုက လူအေယာက္ ၂၀ ဟာ မိမိဆႏၵအေလွ်ာက္ ျမန္မာဘက္ျခမ္း ျပန္လည္ဝင္ေရာက္လာခဲ့ၾကတယ္လို႔ သိရပါတယ္။

ၾသဂုတ္လ ၉ ရက္ေန႔ မနက္ပိုင္းက UEHRD အစီအစဥ္နဲ႔ ငါးခူရျပန္လည္လက္ခံေရးစခန္းမွာ လက္ခံခဲ့ၿပီးေနာက္ သူတို႔ရဲ႕ မူလေနရာ သက္ဆိုင္ရာ ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉးေတြဆီ အသီးသီးလႊဲေျပာင္းေပးအပ္ခဲ့ပါတယ္။

ယခင္က ေမာင္ေတာၿမိဳ႕ ပဒင္းပိုက္ဆိပ္ေက်း႐ြာမွာေနထိုင္ခဲ့တဲ့ ျပန္လည္ဝင္ေရာက္လာသူ တဦးက ဘဂၤလားေဒ့ရွ္ႏိုင္ငံ ခါေလာင္ခါလီဒုကၡသည္စခန္းမွာ ေနထိုင္ခဲ့ေၾကာင္း၊ စားေရးေသာက္ေရးေနထိုင္ေရး အခက္အခဲျဖစ္တဲ့အတြက္ မိသားစုတစုလုံး ျပန္လာတာလို႔ ေျပာပါတယ္။

ျပန္လည္ဝင္ေရာက္သူေတြကေတာ့ ေမာင္ေတာၿမိဳ႕နယ္ ပဒင္းပိုက္ဆိပ္ေက်း႐ြာက ၅ ဦး၊ ပဒင္းေခါင္တကာေက်း႐ြာမွ ၄ ဦး၊ ငါးစားၾကဴးေက်း႐ြာမွ ၃ ဦး၊ ေရတြင္းျပင္ေက်း႐ြာမွ ၁ ဦး၊ ႐ြာသစ္ေကမွ ၄ ဦးတို႔ ျဖစ္ပါတယ္။

ပဒင္းေက်း႐ြာမွာ မီးေလာင္သြားခဲ့တာေၾကာင့္ လတ္တေလာမွာ ျပန္လည္ဝင္ေရာက္လာသူေတြကို ပန္းေတာျပင္ေက်း႐ြာမွာ ယာယီေနထိုင္ဖို႔ စီစဥ္ေပးထားတယ္လို႔ ပန္းေတာျပင္ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉး အဏၰာဝါက ေျပာပါတယ္။

ျပန္လည္ဝင္ေရာက္လာသူေတြကို ေမာင္ေတာခ႐ိုင္ေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနက အၾကမ္းဖက္အဖြဲ႕ဝင္ေတြ စာရင္‌မွာ ပါဝင္ရွိမရွိ စိစစ္တာ၊ တဖက္ႏိုင္ငံ  ထြက္ခြာတဲ့ေန႔ရက္ ေနထိုင္ခဲ့တဲ့ ေနရာ၊ လုပ္ကိုင္ခဲ့တဲ့ အလုပ္အကိုင္ နဲ႔ ျပန္လည္ဝင္ေရာက္လာတဲ့ ေနရက္ ေနရာတို႔အား စႏွစ္တက်စစ္ေဆးေမးျမန္း မွတ္တမ္းတင္ထားတယ္လို႔ သိရပါတယ္။

က်န္းမားေရးဌာနကလည္း က်န္းမာေရးစစ္ေဆးတာ၊ လူမူဝန္ထမ္း ကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ်ထားေရးဝန္ႀကီးဌာနက ေငြနဲ႔ ပစၥည္းေတြ ေထာက္ပံ့ေပးအပ္ခဲ့တယ္လို႔ သိရပါတယ္။

၂၀၁၇ အၾကမ္းဖက္ျဖစ္စဥ္ေၾကာင့္ ေမာင္ေတာခ႐ိုင္အတြင္း လူ ၆ သိန္းေလာက္ ဘဂၤလားေဒ့ရွ္ႏိုင္ငံဘက္ ေနရပ္စြန႔္ခြာ ထြက္သြားၾကၿပီး ဒီေန႔အထိ မိမိ ဆႏၵအေလွ်ာက္ျပန္ဝင္လာသူ ၂၂၂ ဦး ရွိၿပီလို႔ သိရပါတယ္။

ေကာင္းေကာင္း

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013