DVB Logo
Home
မြန်မာသတင်း
ထိုင်ဝမ် ၂ ဦးနှင့်မြန်မာ ၁ ဦးထံမှ ကျပ်သိန်းပေါင်း ၅ သောင်းကျော်တန်ဖိုးရှိ အိုက်စ်များဖမ်းမိ
DVB
·
August 11, 2019
ထိုင်ဝမ် ၂ ဦးနှင့်မြန်မာ ၁ ဦးထံမှ ကျပ်သိန်းပေါင်း ၅ သောင်းကျော်တန်ဖိုးရှိ အိုက်စ်များဖမ်းမိ
1 / 2
Donate to DVB

တောင်ဥက္ကလာပမြို့နယ်မှာ ထိုင်ဝမ် ၂ ဦးနဲ့ မြန်မာနိုင်ငံသား ၁ ဦးထံကနေ ကျပ်သိန်းပေါင်း ၅ သောင်းကျော် တန်ဖိုးရှိ အိုက်စ်မူးယစ်ဆေး ၇၄ ကီလို ဖမ်းဆီးရမိတယ်လို့ ရဲတပ်ဖွဲ့က ဩဂုတ် ၁၀ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

နိုင်ငံတကာမူးယစ်ဆေးဝါးဂိုဏ်းနဲ့ ဆက်စပ်မှုရှိတဲ့ သံသယရှိသူ တရုတ် (ထိုင်ဝမ်) လူမျိုး Chen Ying Chou ဆိုသူဟာ မြန်မာနိုင်ငံ ရောက်ရှိနေပြီး ဩစတြေးလျနိုင်ငံကို မူးယစ်ဆေးတွေ သယ်ဆောင်တင်ပို့မယ်ဆိုပြီး ဩစတြေးလျပြည်ထောင်စုရဲတပ်ဖွဲ့ သတင်းဖလှယ်မှုအရ မြန်မာနိုင်ငံမူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က ဖော်ထုတ်စုံစမ်းခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါနိုင်ငံခြားသားဟာ ဇူလိုင် ၃၀ ရက်နေ့က ဟောင်ကောင်ကနေ ရန်ကုန်ကို ‌ရောက်ရှိခဲ့ပြီး ‌တောင်ဥက္ကလာပမြို့နယ်၊ (၁၄/၂) ရပ်ကွက်၊ အမှတ် (၅/၁) နေအိမ်မှာ ငှားရမ်းနေထိုင်ခဲ့ကြောင်း၊ ဩဂုတ် ၄ ရက်နေ့မှာ လေယာဉ်နဲ့ တာချီလိတ်မြို့ကို သွားရောက်ခဲ့ပြီး ဩဂုတ် ၆ ရက်နေ့မှာ ရန်ကုန် ပြန်လည်ရောက်ရှိခဲ့တာကို စစ်ဆေးတွေ့ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ငှားရမ်းနေထိုင်တဲ့ နေအိမ်အားစောင့်ကြည့်နေစဉ် ဩဂုတ် ၉ ရက် ညနေ ၆ နာရီလောက်မှာ Chen Ying Chou ဟာ တရုတ် (ထိုင်ဝမ်) လူမျိုး KuoChia-En နဲ့ မြန်မာနိုင်ငံသား (တရုတ်စကားပြန်) သန်းနိုင် (ခ) ဖြိုးဝေလင်းတို့နဲ့အတူ နေအိမ်ကို မော်တော်ယာဉ်နဲ့ ရောက်ရှိလာလို့ ဝင်ရောက်စစ်ဆေးရှာဖွေရာ အိုက်စ် ၇၄ ကီလို (၁ ကီလိုလျှင် ကျပ် ၈၀၀ သိန်းနှုန်းဖြင့်တန်ဖိုးကျပ် သိန်းငါးသောင်းကျော်)၊ ဖုန်း ၅ လုံး၊ မော်တော်ယာဉ်တွေမှာ အသုံးပြုတဲ့ ကရိုင်းရှပ် ၃၁ ချောင်းတို့နဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။

ဖမ်းဆီးရမိသူတွေကို ကနဦးစစ်မေးချက်အရ မူးယစ်ဆေးဝါးသိုဝှက် သယ်ဆောင်ဖို့ ပြင်ဆင်ထားတဲ့ ကရိုင်းရှပ်တွေဟာ DHL ပါဆယ်ပစ္စည်းပို့ဆောင်ရေးလုပ်ငန်းနဲ့ တရုတ်(ထိုင်ဝမ်) ကနေ မြန်မာနိုင်ငံကို လေကြောင်းလိုင်းနဲ့ တင်ပို့ခဲ့ကြောင်း၊ မရမ်းကုန်းမြို့နယ်ရှိ စက်မှုလက်မှုအလုပ်ရုံတခုမှာ လှည့်ဖွင့်ပိတ်နိုင်တဲ့ အပေါက်ဖောက်လိုင်းရစ်များဖော်ပြီး နေအိမ်မှာ ကရိုင်းရှပ်များအတွင်း အိုက်စ်တွေကို သိုဝှက်ထည့်သွင်းပြီး ဩစတြေလျနိုင်ငံကို ပေးပို့ဖို့ ဆောင်ရွက်ထားတာလို့ သိရပါတယ်။

မူးယစ်ဆေးတွေနဲ့ ဖမ်းဆီးမိသူ ၃ ဦးအား တောင်ဥက္ကလာပမြို့မရဲစခန်းက မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၉(က)/၂၁ နဲ့ အမှုဖွင့်စစ်ဆေးပြီး ကွင်းဆက်တရားခံဖမ်းဆီရမိရေး ဆောင်ရွက်နေတယ်လို့ သိရပါတယ်။




ထိုင္ဝမ္ ၂ ဦးႏွင့္ျမန္မာ ၁ ဦးထံမွ က်ပ္သိန္းေပါင္း ၅ ေသာင္းေက်ာ္တန္ဖိုးရွိ အိုက္စ္မ်ားဖမ္းမိ
DVB

ေတာင္ဥကၠလာပၿမိဳ႕နယ္မွာ ထိုင္ဝမ္ ၂ ဦးနဲ႔ ျမန္မာႏိုင္ငံသား ၁ ဦးထံကေန က်ပ္သိန္းေပါင္း ၅ ေသာင္းေက်ာ္ တန္ဖိုးရွိ အိုက္စ္မူးယစ္ေဆး ၇၄ ကီလို ဖမ္းဆီးရမိတယ္လို႔ ရဲတပ္ဖြဲ႕က ဩဂုတ္ ၁၀ ရက္ေန႔မွာ ထုတ္ျပန္ပါတယ္။

ႏိုင္ငံတကာမူးယစ္ေဆးဝါးဂိုဏ္းနဲ႔ ဆက္စပ္မႈရွိတဲ့ သံသယရွိသူ တ႐ုတ္ (ထိုင္ဝမ္) လူမ်ိဳး Chen Ying Chou ဆိုသူဟာ ျမန္မာႏိုင္ငံ ေရာက္ရွိေနၿပီး ဩစေၾတးလ်ႏိုင္ငံကို မူးယစ္ေဆးေတြ သယ္ေဆာင္တင္ပို႔မယ္ဆိုၿပီး ဩစေၾတးလ်ျပည္ေထာင္စုရဲတပ္ဖြဲ႕ သတင္းဖလွယ္မႈအရ ျမန္မာႏိုင္ငံမူးယစ္ေဆးဝါး တားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕က ေဖာ္ထုတ္စုံစမ္းခဲ့တယ္လို႔ ဆိုပါတယ္။

အဆိုပါႏိုင္ငံျခားသားဟာ ဇူလိုင္ ၃၀ ရက္ေန႔က ေဟာင္ေကာင္ကေန ရန္ကုန္ကို ‌ေရာက္ရွိခဲ့ၿပီး ‌ေတာင္ဥကၠလာပၿမိဳ႕နယ္၊ (၁၄/၂) ရပ္ကြက္၊ အမွတ္ (၅/၁) ေနအိမ္မွာ ငွားရမ္းေနထိုင္ခဲ့ေၾကာင္း၊ ဩဂုတ္ ၄ ရက္ေန႔မွာ ေလယာဥ္နဲ႔ တာခ်ီလိတ္ၿမိဳ႕ကို သြားေရာက္ခဲ့ၿပီး ဩဂုတ္ ၆ ရက္ေန႔မွာ ရန္ကုန္ ျပန္လည္ေရာက္ရွိခဲ့တာကို စစ္ေဆးေတြ႕ရွိခဲ့တယ္လို႔ ေဖာ္ျပထားပါတယ္။

ငွားရမ္းေနထိုင္တဲ့ ေနအိမ္အားေစာင့္ၾကည့္ေနစဥ္ ဩဂုတ္ ၉ ရက္ ညေန ၆ နာရီေလာက္မွာ Chen Ying Chou ဟာ တ႐ုတ္ (ထိုင္ဝမ္) လူမ်ိဳး KuoChia-En နဲ႔ ျမန္မာႏိုင္ငံသား (တ႐ုတ္စကားျပန္) သန္းႏိုင္ (ခ) ၿဖိဳးေဝလင္းတို႔နဲ႔အတူ ေနအိမ္ကို ေမာ္ေတာ္ယာဥ္နဲ႔ ေရာက္ရွိလာလို႔ ဝင္ေရာက္စစ္ေဆးရွာေဖြရာ အိုက္စ္ ၇၄ ကီလို (၁ ကီလိုလွ်င္ က်ပ္ ၈၀၀ သိန္းႏႈန္းျဖင့္တန္ဖိုးက်ပ္ သိန္းငါးေသာင္းေက်ာ္)၊ ဖုန္း ၅ လုံး၊ ေမာ္ေတာ္ယာဥ္ေတြမွာ အသုံးျပဳတဲ့ က႐ိုင္းရွပ္ ၃၁ ေခ်ာင္းတို႔နဲ႔အတူ ဖမ္းဆီးရမိခဲ့တယ္လို႔ ဆိုပါတယ္။

ဖမ္းဆီးရမိသူေတြကို ကနဦးစစ္ေမးခ်က္အရ မူးယစ္ေဆးဝါးသိုဝွက္ သယ္ေဆာင္ဖို႔ ျပင္ဆင္ထားတဲ့ က႐ိုင္းရွပ္ေတြဟာ DHL ပါဆယ္ပစၥည္းပို႔ေဆာင္ေရးလုပ္ငန္းနဲ႔ တ႐ုတ္(ထိုင္ဝမ္) ကေန ျမန္မာႏိုင္ငံကို ေလေၾကာင္းလိုင္းနဲ႔ တင္ပို႔ခဲ့ေၾကာင္း၊ မရမ္းကုန္းၿမိဳ႕နယ္ရွိ စက္မႈလက္မႈအလုပ္႐ုံတခုမွာ လွည့္ဖြင့္ပိတ္ႏိုင္တဲ့ အေပါက္ေဖာက္လိုင္းရစ္မ်ားေဖာ္ၿပီး ေနအိမ္မွာ က႐ိုင္းရွပ္မ်ားအတြင္း အိုက္စ္ေတြကို သိုဝွက္ထည့္သြင္းၿပီး ဩစေၾတလ်ႏိုင္ငံကို ေပးပို႔ဖို႔ ေဆာင္႐ြက္ထားတာလို႔ သိရပါတယ္။

မူးယစ္ေဆးေတြနဲ႔ ဖမ္းဆီးမိသူ ၃ ဦးအား ေတာင္ဥကၠလာပၿမိဳ႕မရဲစခန္းက မူးယစ္ေဆးဝါးႏွင့္စိတ္ကိုေျပာင္းလဲေစေသာေဆးဝါးမ်ားဆိုင္ရာဥပေဒပုဒ္မ ၁၉(က)/၂၁ နဲ႔ အမႈဖြင့္စစ္ေဆးၿပီး ကြင္းဆက္တရားခံဖမ္းဆီရမိေရး ေဆာင္႐ြက္ေနတယ္လို႔ သိရပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013