DVB Logo
Home
မြန်မာသတင်း
ရေကြီးမြေပြိုခဲ့သည့် မွန်ပြည်နယ်ကို ဒုသမ္မတ ‌သွားရောက်
DVB
·
August 10, 2019
ရေကြီးမြေပြိုခဲ့သည့် မွန်ပြည်နယ်ကို ဒုသမ္မတ ‌သွားရောက်
Donate to DVB

ရေကြီးမြေပြိုခဲ့တဲ့ မွန်ပြည်နယ်ကို ဒု သမ္မတ ဦးဟင်နရီဗန်ထီးယူရောက်လာပြီး ရေဘေးရှောင်သူတွေကို တွေ့ဆုံအားပေးထောက်ပံ့ပါတယ်။

ဒီနေ့ မနက်ပိုင်းက ဒု သမ္မတ ၂ ဦးဟင်နရီဗန်ထီးယူဟာ လူကယ်ပြန်ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ဒုဝန်ကြီး ဦးတင်မြင့်၊ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံနဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဒုတိယရဲဗိုလ်ချုပ် မျိုးဆွေဝင်းတို့နဲ့အတူ ဘီးလင်းမြို့နယ်ကိုရောက်လာပြီး ငြိမ်းချမ်းရိပ်မြုံကျောင်းမှာ ရေဘေးသင့်ပြည်သူတွေနဲ့ တွေ့ဆုံပါတယ်။

အဲဒီမှာ အားပေးစကားပြော၊ ထောက်ပံ့ပစ္စည်းတွေပေးအပ်ပြီး နေ့လယ်ပိုင်းမှာတော့ မြေပြိုကျခဲ့တဲ့ ပေါင်မြို့နယ်၊ သဲဖြူကုန်းရွာကို ရောက်ရှိနေပါတယ်။

ပေါင်မြို့နယ်မှာ တောင်ပြိုကျတာကြောင့် ဒီနေ့မနက်ပိုင်းအထိ သေဆုံးသူ ၂၃ ယောက်ရဲ့ ရုပ်အလောင်းတွေနဲ့ အသက်ရှင်လျက် ၂၉ ယောက်တွေ့ပြီလို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ ပေါင်မြို့နယ်၊ မရမ်းစပ်ပိုင်းမှာ မနေ့ မနက်ပိုင်းက မိုးသည်းသည်း ထန်ထန်ရွာပြီးနောက် လူနေအိမ်တွေနဲ့ ဘုန်းကြီးကျောင်း ၁ ကျောင်းပေါ် မြေသားပြိုကျခဲ့တာကြောင့် သေဆုံး ဒဏ်ရာရခဲ့ကြတာပါ။

မွန်ပြည်န,ယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးရေလျှံဖြစ်နေတာကြောင့် စာသင်ကျောင်းအချို့လည်းပိတ်ထားရသလို လူဦးရေ ထောင်ချီ ကယ်ဆယ်ရေးစခန်းတွေမှာ ခိုလှုံနေရယ်လို့ သိရပါတယ်။




Zawgyi Version

ေရႀကီးေျမၿပိဳခဲ့သည့္ မြန္ျပည္နယ္ကို ဒုသမၼတ ‌သြားေရာက္

DVB

ေရႀကီးေျမၿပိဳခဲ့တဲ့ မြန္ျပည္နယ္ကို ဒု သမၼတ ဦးဟင္နရီဗန္ထီးယူေရာက္လာၿပီး ေရေဘးေရွာင္သူေတြကို ေတြ႕ဆုံအားေပးေထာက္ပံ့ပါတယ္။

ဒီေန႔ မနက္ပိုင္းက ဒု သမၼတ ၂ ဦးဟင္နရီဗန္ထီးယူဟာ လူကယ္ျပန္ဝန္ႀကီး ေဒါက္တာ ဝင္းျမတ္ေအး၊ ျပည္ေထာင္စုအစိုးရအဖြဲ႕႐ုံးဝန္ႀကီးဌာန ဒုဝန္ႀကီး ဦးတင္ျမင့္၊ မြန္ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာေအးဇံနဲ႔ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ ဒုတိယရဲဗိုလ္ခ်ဳပ္ မ်ိဳးေဆြဝင္းတို႔နဲ႔အတူ ဘီးလင္းၿမိဳ႕နယ္ကိုေရာက္လာၿပီး ၿငိမ္းခ်မ္းရိပ္ၿမဳံေက်ာင္းမွာ ေရေဘးသင့္ျပည္သူေတြနဲ႔ ေတြ႕ဆုံပါတယ္။

အဲဒီမွာ အားေပးစကားေျပာ၊ ေထာက္ပံ့ပစၥည္းေတြေပးအပ္ၿပီး ေန႔လယ္ပိုင္းမွာေတာ့ ေျမၿပိဳက်ခဲ့တဲ့ ေပါင္ၿမိဳ႕နယ္၊ သဲျဖဴကုန္း႐ြာကို ေရာက္ရွိေနပါတယ္။

ေပါင္ၿမိဳ႕နယ္မွာ ေတာင္ၿပိဳက်တာေၾကာင့္ ဒီေန႔မနက္ပိုင္းအထိ ေသဆုံးသူ ၂၃ ေယာက္ရဲ႕ ႐ုပ္အေလာင္းေတြနဲ႔ အသက္ရွင္လ်က္ ၂၉ ေယာက္ေတြ႕ၿပီလို႔ ျမန္မာႏိုင္ငံ မီးသတ္တပ္ဖြဲ႕က ထုတ္ျပန္ပါတယ္။ ေပါင္ၿမိဳ႕နယ္၊ မရမ္းစပ္ပိုင္းမွာ မေန႔ မနက္ပိုင္းက မိုးသည္းသည္း ထန္ထန္႐ြာၿပီးေနာက္ လူေနအိမ္ေတြနဲ႔ ဘုန္းႀကီးေက်ာင္း ၁ ေက်ာင္းေပၚ ေျမသားၿပိဳက်ခဲ့တာေၾကာင့္ ေသဆုံး ဒဏ္ရာရခဲ့ၾကတာပါ။

မြန္ျပည္န,ယ္အတြင္း မိုးသည္းထန္စြာ ႐ြာသြန္းၿပီး ေရႀကီးေရလွ်ံျဖစ္ေနတာေၾကာင့္ စာသင္ေက်ာင္းအခ်ိဳ႕လည္းပိတ္ထားရသလို လူဦးေရ ေထာင္ခ်ီ ကယ္ဆယ္ေရးစခန္းေတြမွာ ခိုလႈံေနရယ္လို႔ သိရပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013