DVB Logo
Home
မြန်မာသတင်း
ထားဝယ်-မြိတ်-ကော့သောင်းလမ်း တောင်ပြိုမှုကြောင့် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်
DVB
·
August 10, 2019
ထားဝယ်-မြိတ်-ကော့သောင်းလမ်း တောင်ပြိုမှုကြောင့် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်
1 / 10
Donate to DVB

တနင်္သာရီတိုင်းအတွင်း မိုးသည်းထန်စွာရွာသွန်းတာကြောင့် ထားဝယ်- မြိတ်-ကော့သောင်းကားလမ်းမပေါ် ရေကျော်တာနဲ့ တောင်ပြိုတာတွေ ဖြစ်ပေါ်နေတဲ့အတွက် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်နေတယ်လို့ ဒေသခံတွေက ဒီဗွီဘီကို ပြောပါတယ်။

တနင်္သာရီတိုင်း၊ ထားဝယ်- မြိတ်-ကော့သောင်းကားလမ်း ကုန်းရွာနဲ့ ကဒဲရွာကြားမှာ သြဂုတ် ၄ ရက်နေ့ကစတင်ပြီး မိုးသည်းထန်စွာရွာသွန်းမှုနဲ့ တောင်ကျရေနဲ့ တောင်ပြိုမှုတွေကြောင့် သြဂုတ် ၉ ရက်နေ့ မနက် ၃ နာရီလောက်ကစပြီး မော်တော်ယာဉ်သွားလာမှုတွေ ရပ်နားထားရတာပါ။

တောင်ကျရေကြောင့် မြိတ်မြို့ ရှောင်ကွင်းလမ်းမအနီးက ပပြင်ကျေးရွာမှာ နေအိမ် ၂ လုံး ရေထဲမျောပါခဲ့သလို ကျေးရွာတချို့က နေအိမ်တွေမှာ ရေဝင်ရောက်မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

ပုလောမြို့နယ်၊ ဒို့မြို့သာယာ ဒို့ဝန်သာပရဟိတအသင်းမှ ရာဇာထွန်းက “အခုထိက ရေက တက်လာနေတုန်းရှိသေးတယ်။ ရေက လုံးဝပြန်မကျသေးဘူး။ ရွာတွေလည်း တော်တော်လေး မြုပ်နေပြီ။ ပုလောမြို့တွင်းကို ရေဝင်လာတာတွေလည်းရှိတယ်။ လမ်းကြောင်းက အခုထိပိတ်နေတုန်းပဲ ရှိသေးတယ်။ လမ်းကြောင်းပိတ်နေတာ ကုန်းရွာနဲ့ ကဒဲရွာကြားမှာရှိတဲ့ လမ်းကြောင်းကတော့ ပိတ်နေတုန်းပဲရှိတယ်။ ကားလမ်းမပေါ်ရေကျော်ပြီးတော့ တောက်လျှောက်ပိတ်နေတာ” လို့ ပြောပါတယ်။

တနင်္သာရီတိုင်းအင်ဂျင်နီယာမှုး၊ ဦးသက်ဇော်ဝင်းက “အဓိကကတော့ ထားဝယ်ထိကတော့ အဆင်ပြေပါတယ်။ မြိတ်အပိုင်းမှာတော့ ၂ နေရာလောက် ရေကျဖို့စောင့်နေတာပေါ့။ မနေ့က စဖြစ်တယ်” လို့ ပြောပါတယ်။

ပုလောမြို့နယ်အတွင်းက ကျေးရွာတွေမှာ တောင်ကျရေကြောင့် အမှတ် ၅ ရပ်ကွက်၊ နန်းတောင်၊ မော်မိ၊ ဂျင့်ဂါ၊ တောင်ပုလဲ၊ ဝက်တိုး၊ စစ်ပြင်ကြီး၊ ထမင်းမစား၊ ပြည်ခြား၊ ပုလောကုန်းရွာ၊ ပုလောဖျားနဲ့ ကဒဲကျေးရွာအုပ်စုတွေမှာ ရေဝင်ရောက်ပြီး နေအိမ်တချို့ ရေနစ်မြုပ်ခဲ့ပါတယ်။

ရေး-ထားဝယ် ပြေးဆွဲနေတဲ့ ရထားလမ်းအပိုင်းမှာ မြေပြိုမှုတွေဖြစ်ပေါ်ခဲ့တဲ့အတွက် ရေးတပ်နယ်က တပ်မတော်သားတွေက မီးရထားလမ်းအမြန် ပြန်လည်ပြေးဆွဲနိုင်ရေးအတွက် လမ်းပိတ်ဆို့မှုတွေကို ရှင်းလင်းနေပါတယ်။

တနင်္သာရီမြို့နယ်အတွင်းမှာ နေအိမ်ရေနစ်မြုပ်ခဲ့တဲ့ ရေဘေးသင့်ပြည်သူတွေကို ယာယီရွှေပြောင်းနေထိုင်ဖို့ ရေဘေးကယ်ဆယ်ရေစခန်း ၅ ခုဖွင့်လှစ်ထားပြီး ကျန်မြို့နယ်တွေမှာလည်း ရေဘေးကယ်ဆယ်ရေးစခန်းတွေ ဖွင့်လှစ်သွားဖို့ရှိတယ်လို့ တာဝန်ရှိသူက ပြောပါတယ်။

သတင်း-ရဲမင်းခေါင်၊ဓာတ်ပုံ-ကျော်စိုး




Zawgyi Version

ထားဝယ္-ၿမိတ္-ေကာ့ေသာင္းလမ္း ေတာင္ၿပိဳမႈေၾကာင့္ လမ္းပန္းဆက္သြယ္ေရး ျပတ္ေတာက္

DVB

တနသၤာရီတိုင္းအတြင္း မိုးသည္းထန္စြာ႐ြာသြန္းတာေၾကာင့္ ထားဝယ္- ၿမိတ္-ေကာ့ေသာင္းကားလမ္းမေပၚ ေရေက်ာ္တာနဲ႔ ေတာင္ၿပိဳတာေတြ ျဖစ္ေပၚေနတဲ့အတြက္ လမ္းပန္းဆက္သြယ္ေရး ျပတ္ေတာက္ေနတယ္လို႔ ေဒသခံေတြက ဒီဗြီဘီကို ေျပာပါတယ္။

တနသၤာရီတိုင္း၊ ထားဝယ္- ၿမိတ္-ေကာ့ေသာင္းကားလမ္း ကုန္း႐ြာနဲ႔ ကဒဲ႐ြာၾကားမွာ ၾသဂုတ္ ၄ ရက္ေန႔ကစတင္ၿပီး မိုးသည္းထန္စြာ႐ြာသြန္းမႈနဲ႔ ေတာင္က်ေရနဲ႔ ေတာင္ၿပိဳမႈေတြေၾကာင့္ ၾသဂုတ္ ၉ ရက္ေန႔ မနက္ ၃ နာရီေလာက္ကစၿပီး ေမာ္ေတာ္ယာဥ္သြားလာမႈေတြ ရပ္နားထားရတာပါ။

ေတာင္က်ေရေၾကာင့္ ၿမိတ္ၿမိဳ႕ ေရွာင္ကြင္းလမ္းမအနီးက ပျပင္ေက်း႐ြာမွာ ေနအိမ္ ၂ လုံး ေရထဲေမ်ာပါခဲ့သလို ေက်း႐ြာတခ်ိဳ႕က ေနအိမ္ေတြမွာ ေရဝင္ေရာက္မႈေတြ ျဖစ္ေပၚခဲ့ပါတယ္။

ပုေလာၿမိဳ႕နယ္၊ ဒို႔ၿမိဳ႕သာယာ ဒို႔ဝန္သာပရဟိတအသင္းမွ ရာဇာထြန္းက “အခုထိက ေရက တက္လာေနတုန္းရွိေသးတယ္။ ေရက လုံးဝျပန္မက်ေသးဘူး။ ႐ြာေတြလည္း ေတာ္ေတာ္ေလး ျမဳပ္ေနၿပီ။ ပုေလာၿမိဳ႕တြင္းကို ေရဝင္လာတာေတြလည္းရွိတယ္။ လမ္းေၾကာင္းက အခုထိပိတ္ေနတုန္းပဲ ရွိေသးတယ္။ လမ္းေၾကာင္းပိတ္ေနတာ ကုန္း႐ြာနဲ႔ ကဒဲ႐ြာၾကားမွာရွိတဲ့ လမ္းေၾကာင္းကေတာ့ ပိတ္ေနတုန္းပဲရွိတယ္။ ကားလမ္းမေပၚေရေက်ာ္ၿပီးေတာ့ ေတာက္ေလွ်ာက္ပိတ္ေနတာ” လို႔ ေျပာပါတယ္။

တနသၤာရီတိုင္းအင္ဂ်င္နီယာမႈး၊ ဦးသက္ေဇာ္ဝင္းက “အဓိကကေတာ့ ထားဝယ္ထိကေတာ့ အဆင္ေျပပါတယ္။ ၿမိတ္အပိုင္းမွာေတာ့ ၂ ေနရာေလာက္ ေရက်ဖို႔ေစာင့္ေနတာေပါ့။ မေန႔က စျဖစ္တယ္” လို႔ ေျပာပါတယ္။

ပုေလာၿမိဳ႕နယ္အတြင္းက ေက်း႐ြာေတြမွာ ေတာင္က်ေရေၾကာင့္ အမွတ္ ၅ ရပ္ကြက္၊ နန္းေတာင္၊ ေမာ္မိ၊ ဂ်င့္ဂါ၊ ေတာင္ပုလဲ၊ ဝက္တိုး၊ စစ္ျပင္ႀကီး၊ ထမင္းမစား၊ ျပည္ျခား၊ ပုေလာကုန္း႐ြာ၊ ပုေလာဖ်ားနဲ႔ ကဒဲေက်း႐ြာအုပ္စုေတြမွာ ေရဝင္ေရာက္ၿပီး ေနအိမ္တခ်ိဳ႕ ေရနစ္ျမဳပ္ခဲ့ပါတယ္။

ေရး-ထားဝယ္ ေျပးဆြဲေနတဲ့ ရထားလမ္းအပိုင္းမွာ ေျမၿပိဳမႈေတြျဖစ္ေပၚခဲ့တဲ့အတြက္ ေရးတပ္နယ္က တပ္မေတာ္သားေတြက မီးရထားလမ္းအျမန္ ျပန္လည္ေျပးဆြဲႏိုင္ေရးအတြက္ လမ္းပိတ္ဆို႔မႈေတြကို ရွင္းလင္းေနပါတယ္။

တနသၤာရီၿမိဳ႕နယ္အတြင္းမွာ ေနအိမ္ေရနစ္ျမဳပ္ခဲ့တဲ့ ေရေဘးသင့္ျပည္သူေတြကို ယာယီေ႐ႊေျပာင္းေနထိုင္ဖို႔ ေရေဘးကယ္ဆယ္ေရစခန္း ၅ ခုဖြင့္လွစ္ထားၿပီး က်န္ၿမိဳ႕နယ္ေတြမွာလည္း ေရေဘးကယ္ဆယ္ေရးစခန္းေတြ ဖြင့္လွစ္သြားဖို႔ရွိတယ္လို႔ တာဝန္ရွိသူက ေျပာပါတယ္။

သတင္း-ရဲမင္းေခါင္၊ဓာတ္ပုံ-ေက်ာ္စိုး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013