DVB Logo
Home
မြန်မာသတင်း
စစ်ကိုင်းတိုင်းအတွင်း ဇူလိုင်တလတည်း သဘာဝဘေးအန္တရာယ် ၆၂ ကြိမ်ထိ ဖြစ်ပွား
DVB
·
August 10, 2019
စစ်ကိုင်းတိုင်းအတွင်း ဇူလိုင်တလတည်း သဘာဝဘေးအန္တရာယ် ၆၂ ကြိမ်ထိ ဖြစ်ပွား
Donate to DVB

၂၀၁၉ ခုနှစ်၊ ဇူလိုင်လအတွင်း စစ်ကိုင်းတိုင်းမှာ သဘာဝဘေးအန္တရာယ် ဖြစ်ပွားမှု ၆၂ ကြိမ်ထိ ရှိခဲ့ပြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနကနေ ငွေသားနဲ့ ကယ်ဆယ်ရေးပစ္စည်း အပါအဝင် ငွေကျပ်သိန်းပေါင်း ၇၆၀ သိန်းကျော်ကို ထောက်ပံ့တာတွေ ပြုလုပ်ခဲ့ရတယ်လို့ တိုင်းဘေးစီမံစာရင်းတွေအရ သိရပါတယ်။

ဇူလိုင်လ တလအတွင်းမှာ မီးလောင်မှု ၅ ကြိမ်၊ ရေဘေး ၂၉ ကြိမ်၊ ကမ်းပြီုဘေး၂၆ ကြိမ်၊ မြေပြီုမှု ၁ ကြိမ်နှင့် တခြားဘေးအန္တရာယ် ၁ ကြိမ် စုစုပေါင်း ၆၂ ကြိမ်ထိ ရှိခဲ့တာပါ။ တိုင်းအတွင်း ဇူလိုင်လမှာ ကြုံတွေ့ခဲ့ရတဲ့ ဘေးအန္တရာယ်တွေကြောင့် အိမ်ခြေ ၅၆၁၄ အိမ် ဘေးသင့်ခဲ့ပြီး လူဦးရေ ၂၆၀၄၅ ဦးထိ သဘာဝဘေးဒဏ်ခံစားခဲ့ကြရပါတယ်။

ဇူလိုင်လအတွင်း ဖြစ်ပွားခဲ့တဲ့ ဘေးအန္တရာယ်ကြောင့် သေဆုံးတာတော့ မရှိခဲ့ဘူးလို့ သိရပါတယ်။ ဒီလို ဘေးအန္တရာယ်တွေနဲ့ ပတ်သက်လို့ ဆုံးရှုံးမှု လျော့နည်းအောင် သဘာဝနဲ့ လိုက်လျောညီထွေနေတတ်ဖို့ လိုအပ်လာတယ်လို့ စစ်ကိုင်းတိုင်းဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစဝီလီဖရန့်က ပြောပါတယ်။

“သဘာဝဘေးတွေကတော့ ပုံစံပြောင်းလာတယ်။ အချိန်ကာလတွေ ပြောင်းလာတယ်။ ဖြစ်တာတွေက ပြောင်းသွားတယ် ဆိုတာက ရာသီဥတု ပြောင်းလဲတာပေါ့။ ရာသီဥတု ပြောင်းလဲခြင်းကလည်း ပတ်ဝန်းကျင် ပြောင်းလဲမှုအပေါ်မှာ မူတည်တာပေေါ့။ အဲဒီအခါကျတော့ အခုဆို စစ်ကိုင်းတိုင်းမှာ မိုးကာလရောက်နေပြီ။ မိုးကောင်းကောင်းမရွာဘူး။ မိုးခေါင်နေတယ်လို့ ပြောလို့ရတာပေ့ါ။ ဒီနှစ် ဒီလို မိုးခေါင်မယ်ဆိုရင် နောက်နှစ် ရေရှားမယ်။ နောက်နှစ်ပါ မိုးထပ်ခေါင်ရင် ကြာရင်  သေချာပါတယ်။ မိုးခေါင်ရေရှားဘေး ဖြစ်လာနိုင်တာပေါ့။ စစ်ကိုင်း၊ မန္တလေး၊ မကွေးတို့ပေါ့။ သဘာဝပတ်ဝန်းကျင် ပျက်စီးစေမယ့် ထိခိုက်စေမယ့် အနေအထား သတိပြုရမှာတွေ ရှိလာတာပေါ့။ ပတ်ဝန်းကျင်ပြောင်းရင် ရာသီဥတုကလည်း ပြောင်းတာဆိုတော့ ပြည်သူလူထုကလည်း လိုက်လျောညီထွေအောင် နေထိုင်တတ်တဲ့ အသိဉာဏ်တွေ ပိုပြီးတော့ လိုအပ်လာမှာပေါ့။ နိုင်ငံတော် အကြီးအကဲကလည်း လမ်းညွှန်ထားတယ်။ တောင်သူတွေ ရာသီဥတု ပြောင်းလဲမှုအပေါ် လိုက်ပြီး စိုက်ပျိုးရေးစနစ်တွေ ပြောင်းကြဖို့ကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးပေးဖို့ပေါ့။”

စစ်ကိုင်းတိုင်းအတွင်း ၂၀၁၉ ခုနှစ်မှာ ဇန်နဝါရီလကနေ ဇူလိုင်လကုန်ထိ ဘေးအန္တရာယ် ဖြစ်ပွားမှု ၃၁၂ ကြိမ်ဖြစ်ခဲ့ပြီး သေဆုံးသူ ၂၀ ဦး၊ ဒဏ်ရာရသူ ၂၆ ဦး ရှိခဲ့ကာ ကျပ်သိန်းပေါင်း ၄၅၈၅ သိန်းကျော် ထောက်ပံ့ခဲ့ရပါတယ်။ 

၂၀၁၈ ခုနှစ်၊ ဧပြီကနေ စက်တင်ဘာလအထိ ၆ လမှာ ဘေးအန္တရာယ်ဖြစ်ပွားမှု ၂၂၄ ကြိမ်၊ လူသေဆုံးသူ ၂၈ ဦး၊ ဒဏ်ရာရသူ ၁၈ ဦးရှိခဲ့ပြီး ငွေကျပ်သိန်းပေါင်း ၂၂၇၀ ကျော် ထောက်ပံ့ခဲ့ရပါတယ်။ 

နှိုင်းယှဉ်ချက်အရ လူသေဆုံးမှုမှာ လျော့နည်းခဲ့ပေမယ့် ဖြစ်ပွားတဲ့ အကြိမ်ရေမှာတော့ အကြိမ်ရေ ၉၀ နီးပါး တိုးလာခဲ့တဲ့အတွက် ငွေကြေးထောက်ပံ့ရမှုမှာလည်း ထက်ဝက်ကျော်တိုးလာခဲ့ပါတယ်။

ဒါ့အပြင် ဘေးအန္တရာယ်ကြောင့် ၂၀၁၉ ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ရေကြီး နစ်မြုပ်လို့ စစ်ကိုင်း၊ ရွှေဘို၊ ကသာ၊ မော်လိုက်နှင့် ခန္တီးစတဲ့ ခရိုင် ၅ ခရိုင်မှာ သြဂုတ်လ ၂ ရက်နေ့အထိ နောက်ဆုံး ရရှိထားတဲ့ စာရင်းတွေအရ လယ်ယာမြေဧက ၁၁၃၀၃ ဧက ရေမြုပ်ခဲ့ပြီး ၃၄၅ ဧက ထိခိုက်ခဲ့တယ်လို့ စစ်ကိုင်းတိုင်း စိုက်ပျိုးရေးဦးစီးဌာနက သတင်းတွေအရ သိရပါတယ်။ 

အများဆုံးက ကသာခရိုင်အတွင်း ထီးချိုင့်မြို့နယ်က ဧက ၇၃၂၀ ရေနစ်မြုပ်ခဲ့ပါတယ်။ ထိခိုက်ပျက်စီးခဲ့တဲ့ သီးနှံတွေနဲ့ပတ်သက်ပြီး ထောက်ပံ့ကြေး ပေးအပ်နိုင်အောင် သက်ဆိုင်ရာ အဆင့်ဆင့်ကို တင်ပြထားတယ်လို့ သိရပါတယ်။

သဘာဝဘေးအန္တရာယ် ဖြစ်ပွားမှုက တနှစ်ထက် တနှစ် တိုးတက်လာနေတဲ့အတွက် ပြည်သူတွေ ပူးပေါင်းပါဝင်တဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းတွေကိုလည်း အရှိန်အဟုန်မြှင့် လုပ်ဆောင်ဖို့ လိုအပ်နေသလို ကိုယ့်ဆီမှာ မိုးမရွာပေမယ့် ကိုယ်နဲ့ ဆက်စပ်တဲ့ ဒေသတွေမှာ ဖြစ်ပျက်နေတဲ့ ဘေးအန္တရာယ်တွေက ကိုယ့်ဆီကို ကျရောက်လာနိုင်တာကြောင့် ပြည်သူတွေအနေနဲ့ မျက်ခြည်မပြတ် စောင့်ကြည့် လေ့လာတာတွေ ပြုလုပ်ကြဖို့ လိုအပ်နေတယ်လို့လည်း တိုင်းညွှန်ကြားရေးမှူးက ပြောပါတယ်။

လက်ရှိမှာတော့ မြန်မာနိုင်ငံ အောက်ပိုင်းဒေသအချို့မှာ ရေကြီး နစ်မြုပ်မှုတွေ ကြုံတွေ့နေကြရပါတယ်။




Zawgyi Version

စစ္ကိုင္းတိုင္းအတြင္း ဇူလိုင္တလတည္း သဘာဝေဘးအႏၲရာယ္ ၆၂ ႀကိမ္ထိ ျဖစ္ပြား
ေအာင္ကိုလတ္
၂၀၁၉ ခုႏွစ္၊ ဇူလိုင္လအတြင္း စစ္ကိုင္းတိုင္းမွာ သဘာဝေဘးအႏၲရာယ္ ျဖစ္ပြားမႈ ၆၂ ႀကိမ္ထိ ရွိခဲ့ၿပီး ေဘးအႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲမႈဦးစီးဌာနကေန ေငြသားနဲ႔ ကယ္ဆယ္ေရးပစၥည္း အပါအဝင္ ေငြက်ပ္သိန္းေပါင္း ၇၆၀ သိန္းေက်ာ္ကို ေထာက္ပံ့တာေတြ ျပဳလုပ္ခဲ့ရတယ္လို႔ တိုင္းေဘးစီမံစာရင္းေတြအရ သိရပါတယ္။
ဇူလိုင္လ တလအတြင္းမွာ မီးေလာင္မႈ ၅ ႀကိမ္၊ ေရေဘး ၂၉ ႀကိမ္၊ ကမ္းၿပီဳေဘး၂၆ ႀကိမ္၊ ေျမၿပီဳမႈ ၁ ႀကိမ္ႏွင့္ တျခားေဘးအႏၲရာယ္ ၁ ႀကိမ္ စုစုေပါင္း ၆၂ ႀကိမ္ထိ ရွိခဲ့တာပါ။ တိုင္းအတြင္း ဇူလိုင္လမွာ ႀကဳံေတြ႕ခဲ့ရတဲ့ ေဘးအႏၲရာယ္ေတြေၾကာင့္ အိမ္ေျခ ၅၆၁၄ အိမ္ ေဘးသင့္ခဲ့ၿပီး လူဦးေရ ၂၆၀၄၅ ဦးထိ သဘာဝေဘးဒဏ္ခံစားခဲ့ၾကရပါတယ္။
ဇူလိုင္လအတြင္း ျဖစ္ပြားခဲ့တဲ့ ေဘးအႏၲရာယ္ေၾကာင့္ ေသဆုံးတာေတာ့ မရွိခဲ့ဘူးလို႔ သိရပါတယ္။ ဒီလို ေဘးအႏၲရာယ္ေတြနဲ႔ ပတ္သက္လို႔ ဆုံးရႈံးမႈ ေလ်ာ့နည္းေအာင္ သဘာဝနဲ႔ လိုက္ေလ်ာညီေထြေနတတ္ဖို႔ လိုအပ္လာတယ္လို႔ စစ္ကိုင္းတိုင္းေဘးအႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲမႈ ဦးစီးဌာန ၫႊန္ၾကားေရးမႉး ဦးစဝီလီဖရန႔္က ေျပာပါတယ္။
“သဘာဝေဘးေတြကေတာ့ ပုံစံေျပာင္းလာတယ္။ အခ်ိန္ကာလေတြ ေျပာင္းလာတယ္။ ျဖစ္တာေတြက ေျပာင္းသြားတယ္ ဆိုတာက ရာသီဥတု ေျပာင္းလဲတာေပါ့။ ရာသီဥတု ေျပာင္းလဲျခင္းကလည္း ပတ္ဝန္းက်င္ ေျပာင္းလဲမႈအေပၚမွာ မူတည္တာေပေါ့။ အဲဒီအခါက်ေတာ့ အခုဆို စစ္ကိုင္းတိုင္းမွာ မိုးကာလေရာက္ေနၿပီ။ မိုးေကာင္းေကာင္းမ႐ြာဘူး။ မိုးေခါင္ေနတယ္လို႔ ေျပာလို႔ရတာေပ့ါ။ ဒီႏွစ္ ဒီလို မိုးေခါင္မယ္ဆိုရင္ ေနာက္ႏွစ္ ေရရွားမယ္။ ေနာက္ႏွစ္ပါ မိုးထပ္ေခါင္ရင္ ၾကာရင္ ေသခ်ာပါတယ္။ မိုးေခါင္ေရရွားေဘး ျဖစ္လာႏိုင္တာေပါ့။ စစ္ကိုင္း၊ မႏၲေလး၊ မေကြးတို႔ေပါ့။ သဘာဝပတ္ဝန္းက်င္ ပ်က္စီးေစမယ့္ ထိခိုက္ေစမယ့္ အေနအထား သတိျပဳရမွာေတြ ရွိလာတာေပါ့။ ပတ္ဝန္းက်င္ေျပာင္းရင္ ရာသီဥတုကလည္း ေျပာင္းတာဆိုေတာ့ ျပည္သူလူထုကလည္း လိုက္ေလ်ာညီေထြေအာင္ ေနထိုင္တတ္တဲ့ အသိဉာဏ္ေတြ ပိုၿပီးေတာ့ လိုအပ္လာမွာေပါ့။ ႏိုင္ငံေတာ္ အႀကီးအကဲကလည္း လမ္းၫႊန္ထားတယ္။ ေတာင္သူေတြ ရာသီဥတု ေျပာင္းလဲမႈအေပၚ လိုက္ၿပီး စိုက္ပ်ိဳးေရးစနစ္ေတြ ေျပာင္းၾကဖို႔ကို က်ယ္က်ယ္ျပန႔္ျပန႔္ ေဆြးေႏြးေပးဖို႔ေပါ့။”
စစ္ကိုင္းတိုင္းအတြင္း ၂၀၁၉ ခုႏွစ္မွာ ဇန္နဝါရီလကေန ဇူလိုင္လကုန္ထိ ေဘးအႏၲရာယ္ ျဖစ္ပြားမႈ ၃၁၂ ႀကိမ္ျဖစ္ခဲ့ၿပီး ေသဆုံးသူ ၂၀ ဦး၊ ဒဏ္ရာရသူ ၂၆ ဦး ရွိခဲ့ကာ က်ပ္သိန္းေပါင္း ၄၅၈၅ သိန္းေက်ာ္ ေထာက္ပံ့ခဲ့ရပါတယ္။
၂၀၁၈ ခုႏွစ္၊ ဧၿပီကေန စက္တင္ဘာလအထိ ၆ လမွာ ေဘးအႏၲရာယ္ျဖစ္ပြားမႈ ၂၂၄ ႀကိမ္၊ လူေသဆုံးသူ ၂၈ ဦး၊ ဒဏ္ရာရသူ ၁၈ ဦးရွိခဲ့ၿပီး ေငြက်ပ္သိန္းေပါင္း ၂၂၇၀ ေက်ာ္ ေထာက္ပံ့ခဲ့ရပါတယ္။
ႏႈိင္းယွဥ္ခ်က္အရ လူေသဆုံးမႈမွာ ေလ်ာ့နည္းခဲ့ေပမယ့္ ျဖစ္ပြားတဲ့ အႀကိမ္ေရမွာေတာ့ အႀကိမ္ေရ ၉၀ နီးပါး တိုးလာခဲ့တဲ့အတြက္ ေငြေၾကးေထာက္ပံ့ရမႈမွာလည္း ထက္ဝက္ေက်ာ္တိုးလာခဲ့ပါတယ္။
ဒါ့အျပင္ ေဘးအႏၲရာယ္ေၾကာင့္ ၂၀၁၉ ခုႏွစ္၊ စစ္ကိုင္းတိုင္းေဒသႀကီးအတြင္း ေရႀကီး နစ္ျမဳပ္လို႔ စစ္ကိုင္း၊ ေ႐ႊဘို၊ ကသာ၊ ေမာ္လိုက္ႏွင့္ ခႏၲီးစတဲ့ ခ႐ိုင္ ၅ ခ႐ိုင္မွာ ၾသဂုတ္လ ၂ ရက္ေန႔အထိ ေနာက္ဆုံး ရရွိထားတဲ့ စာရင္းေတြအရ လယ္ယာေျမဧက ၁၁၃၀၃ ဧက ေရျမဳပ္ခဲ့ၿပီး ၃၄၅ ဧက ထိခိုက္ခဲ့တယ္လို႔ စစ္ကိုင္းတိုင္း စိုက္ပ်ိဳးေရးဦးစီးဌာနက သတင္းေတြအရ သိရပါတယ္။
အမ်ားဆုံးက ကသာခ႐ိုင္အတြင္း ထီးခ်ိဳင့္ၿမိဳ႕နယ္က ဧက ၇၃၂၀ ေရနစ္ျမဳပ္ခဲ့ပါတယ္။ ထိခိုက္ပ်က္စီးခဲ့တဲ့ သီးႏွံေတြနဲ႔ပတ္သက္ၿပီး ေထာက္ပံ့ေၾကး ေပးအပ္ႏိုင္ေအာင္ သက္ဆိုင္ရာ အဆင့္ဆင့္ကို တင္ျပထားတယ္လို႔ သိရပါတယ္။
သဘာဝေဘးအႏၲရာယ္ ျဖစ္ပြားမႈက တႏွစ္ထက္ တႏွစ္ တိုးတက္လာေနတဲ့အတြက္ ျပည္သူေတြ ပူးေပါင္းပါဝင္တဲ့ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးလုပ္ငန္းေတြကိုလည္း အရွိန္အဟုန္ျမႇင့္ လုပ္ေဆာင္ဖို႔ လိုအပ္ေနသလို ကိုယ့္ဆီမွာ မိုးမ႐ြာေပမယ့္ ကိုယ္နဲ႔ ဆက္စပ္တဲ့ ေဒသေတြမွာ ျဖစ္ပ်က္ေနတဲ့ ေဘးအႏၲရာယ္ေတြက ကိုယ့္ဆီကို က်ေရာက္လာႏိုင္တာေၾကာင့္ ျပည္သူေတြအေနနဲ႔ မ်က္ျခည္မျပတ္ ေစာင့္ၾကည့္ ေလ့လာတာေတြ ျပဳလုပ္ၾကဖို႔ လိုအပ္ေနတယ္လို႔လည္း တိုင္းၫႊန္ၾကားေရးမႉးက ေျပာပါတယ္။
လက္ရွိမွာေတာ့ ျမန္မာႏိုင္ငံ ေအာက္ပိုင္းေဒသအခ်ိဳ႕မွာ ေရႀကီး နစ္ျမဳပ္မႈေတြ ႀကဳံေတြ႕ေနၾကရပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013