DVB Logo
Home
မြန်မာသတင်း
ရေးမြို့တွင် ရေဘေးသင့်ပြည်သူ ၂၀၀၀ ကျော်အထိ ကယ်ဆယ်ရေးစခန်းများတွင် ခိုလှုံ
DVB
·
August 10, 2019
ရေးမြို့တွင် ရေဘေးသင့်ပြည်သူ ၂၀၀၀ ကျော်အထိ ကယ်ဆယ်ရေးစခန်းများတွင် ခိုလှုံ
1 / 5
Donate to DVB

မွန်ပြည်နယ် ရေးမြို့နယ်မှာ မိုးသည်းထန်စွာရွာသွန်းပြီး မြစ်ရေကြီးမှုကြောင့် ရေဘေးသင့် ပြည်သူ ၂၂၈၆ ဦး ယာယီကယ်ရေးစခန်း ၆ ခုမှာ ခိုလှုံနေကြရပြီး ‌ရေဘေးသင့်ပြည်သူ ထပ်တိုးလာနိုင်တယ်လို့ သိရပါတယ်။

ဩဂုတ် ၉ ရက်နေ့မနက်ကတည်းက ရေတက်လာလို့ ကယ်ဆယ်ရေးစခန်းတွေမှာ ပြောင်းရွှေ့နေကြတာ ၂ ရက် မြောက်ဖြစ်ပြီး မိုးက အဆက်မပြတ်ဆက်လက် ရွာသွန်းနေတာကြောင့် ရေထပ်မံကြီးလာမှာကို ဒေသခံတွေ စိုးရိမ်နေကြတယ်လို့ ရေဘေးသင့်ပြည်သူတဦးက ပြောပါတယ်။

ရေးမြို့နယ်ရှိ မြို့ပေါ်ရပ်ကွက်၊ အနိမ့်ပိုင်း လူနေအိမ်တွေ ရေနစ်မြုပ်နေပြီး မြို့ဈေးမှာလည်း ဈေးဆိုင်တွေ ရေနစ်မြုပ်နေတာကြောင့် ဈေးပြန်လည်မဖွင့်လှစ်နိုင်သေးသလို စာသင်ကျောင်းတချို့လည်း ယာယီပိတ်ထားခဲ့တယ်လို့ ဆိုပါတယ်။

သြဂုတ် ၉ ရက်နေ့ကနေ ရေမြစ်ချောင်း မြစ်ရေကြီးမှု ဖြစ်ပွားရာ ရေးမြို့ နယ် ခေါဇာမြို့ မန်ကျည်းကျေးရွာမှာ နေအိမ်၂ လုံးနဲ့ ဘုန်းကြီးတဆောင် မြေပြိုတဲ့ထဲ ပါသွားပြီး ၁ ဦးသေဆုံး ၁ ဦး 

ထိခိုက်ဒဏ်ရာသလို ကျောင်းရွာကျေးရွာအုပ်စုရှိ ကင်းမွန်ကျေးရွာမှ လူနေအိမ် ၅ လုံးရေထဲ မျောပါသွားခဲ့တယ်လို့ သိရပါတယ်။

နေမျိုးထွဋ်




Zawgyi Version

ေရးၿမိဳ႕တြင္ ေရေဘးသင့္ျပည္သူ ၂၀၀၀ ေက်ာ္အထိ ကယ္ဆယ္ေရးစခန္းမ်ားတြင္ ခိုလႈံ
DVB
မြန္ျပည္နယ္ ေရးၿမိဳ႕နယ္မွာ မိုးသည္းထန္စြာ႐ြာသြန္းၿပီး ျမစ္ေရႀကီးမႈေၾကာင့္ ေရေဘးသင့္ ျပည္သူ ၂၂၈၆ ဦး ယာယီကယ္ေရးစခန္း ၆ ခုမွာ ခိုလႈံေနၾကရၿပီး ‌ေရေဘးသင့္ျပည္သူ ထပ္တိုးလာႏိုင္တယ္လို႔ သိရပါတယ္။
ဩဂုတ္ ၉ ရက္ေန႔မနက္ကတည္းက ေရတက္လာလို႔ ကယ္ဆယ္ေရးစခန္းေတြမွာ ေျပာင္းေ႐ႊ႕ေနၾကတာ ၂ ရက္ ေျမာက္ျဖစ္ၿပီး မိုးက အဆက္မျပတ္ဆက္လက္ ႐ြာသြန္းေနတာေၾကာင့္ ေရထပ္မံႀကီးလာမွာကို ေဒသခံေတြ စိုးရိမ္ေနၾကတယ္လို႔ ေရေဘးသင့္ျပည္သူတဦးက ေျပာပါတယ္။
ေရးၿမိဳ႕နယ္ရွိ ၿမိဳ႕ေပၚရပ္ကြက္၊ အနိမ့္ပိုင္း လူေနအိမ္ေတြ ေရနစ္ျမဳပ္ေနၿပီး ၿမိဳ႕ေဈးမွာလည္း ေဈးဆိုင္ေတြ ေရနစ္ျမဳပ္ေနတာေၾကာင့္ ေဈးျပန္လည္မဖြင့္လွစ္ႏိုင္ေသးသလို စာသင္ေက်ာင္းတခ်ိဳ႕လည္း ယာယီပိတ္ထားခဲ့တယ္လို႔ ဆိုပါတယ္။
ၾသဂုတ္ ၉ ရက္ေန႔ကေန ေရျမစ္ေခ်ာင္း ျမစ္ေရႀကီးမႈ ျဖစ္ပြားရာ ေရးၿမိဳ႕ နယ္ ေခါဇာၿမိဳ႕ မန္က်ည္းေက်း႐ြာမွာ ေနအိမ္၂ လုံးနဲ႔ ဘုန္းႀကီးတေဆာင္ ေျမၿပိဳတဲ့ထဲ ပါသြားၿပီး ၁ ဦးေသဆုံး ၁ ဦး
ထိခိုက္ဒဏ္ရာသလို ေက်ာင္း႐ြာေက်း႐ြာအုပ္စုရွိ ကင္းမြန္ေက်း႐ြာမွ လူေနအိမ္ ၅ လုံးေရထဲ ေမ်ာပါသြားခဲ့တယ္လို႔ သိရပါတယ္။
ေနမ်ိဳးထြဋ္

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013