DVB Logo
Home
မြန်မာသတင်း
၃၁ နှစ်မြောက် စစ်ကိုင်းမြို့ရဲ့ ငိုရှိုက်သံများနေ့
DVB
·
August 9, 2019
၃၁ နှစ်မြောက် စစ်ကိုင်းမြို့ရဲ့ ငိုရှိုက်သံများနေ့
1 / 8
Donate to DVB

စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့မှာ ရှစ်လေးလုံးအရေးတော်ပုံအတွင်း ကျဆုံးသွားသူတွေအတွက် ဂုဏ်ပြုချီတက်လမ်းလျှောက်ပွဲကို ဒီနေ့ ကျင်းပခဲ့ပါတယ်။

လွန်ခဲ့တဲ့ နှစ် ၃၁ က ရှစ်လေးလုံးကာလ ဩဂုတ်လ ၉ ရက်နေ့မှာ ရဲတပ်ဖွဲ့က ပစ်ခတ်လို့ စစ်ကိုင်းမြို့မှာ ဆန္ဒပြတဲ့သူတွေ ရာနဲ့ချီပြီး သေဆုံးခဲ့တာကို ဂုဏ်ပြုတဲ့အနေနဲ့ စစ်ကိုင်းမြို့က နိုင်ငံရေးအင်အားစု ၅၀ နီးပါးက ကျောင်းဆရာ ဦးတင်ဝင်း အပါအဝင် ပြည်သူတွေ ကျဆုံးခဲ့ရတဲ့ ကြေကွဲဖွယ် နှစ် ၃၁ နှစ်ပြည့်လည်း ဖြစ်ပါတယ်။

“ကျနော်ဟာ ဒီပစ်ခတ်မှု ဖြစ်တဲ့အချိန်က အချုပ်ခန်းအပေါ်မှာရှိနေပါတယ်။ အဲဒီကနေ အကုန်လုံးမြင်တွေ့ရတဲ့ အချိန်မှာ ကျနော်ရှေ့တင်ဘဲ သေတဲ့ လောင်းတွေကို စခန်းအပြင်ကနေ အတွင်းကိုထည့် မသေမရှင်တွေကို သေနတ်တွေနဲ့ရိုက်သတ်ပြီး ဆွဲခေါ်လာတဲ့ မြင်ကွင်းတွေကို ကိုယ်တိုင်တွေ့မြင်ခဲ့ရပါတယ်။ အဲတာကြောင့်မို့ နောင်လာနောက်သားတွေ သမိုင်းအစဉ်အမှန်နဲ့ ရှေ့က အသက်ပေးသွားကြတဲ့ ရဟန်းရှင်လုကျောင်းသားတွေရဲ့ ကျေးဇူးတရားကို အမြဲ သတိရနေစေဖို့ ၃၁ နှစ်မြောက် စစ်ကိုင်းမြို့ရဲ့ငိုရှိုက်သံများနေ့ဆိုပြီး ၈ နှစ်မြောက်ကျင်းပခဲ့တာ” လို့ နောင်ရိုး ဦးတင်ဝင်းသားဖြစ်သူ ဦးမိုး (နောင်ရိုး) က ပြောပါတယ်။

၁၉၈၈ ခုနှစ် သြဂုတ်လ ၉ ရက်နေ့မှာ စစ်ကိုင်းမြို့မ ရဲတပ်ဖွဲ့က ပစ်ခတ်မူကြောင့် ကျေးရွာအသီးသီးက ရဟန်းရှင်လူပြည်သူတွေနဲ့ ကျောင်းသား ၂၅၀ ဝန်းကျင် ကျဆုံးခဲ့ရပြီး ဆေးရုံကို ပို့ခဲ့ရတာ  ၅၀၀ ကျော်ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကိုင်းမြို့မြို့လယ်ကနေ ဗိုလ်ချုပ် အောင်ဆန်းကြေးရုပ်ကို လမ်းလျှောက် ချီတက်ပြီး တာရိုးလမ်းအတိုင်း ဆက်လက်လမ်းလျှောက်ချီတက်ကာ ပိုးတန်းရပ်ကွက် အထက (၁)ကျောင်း နဲ့ သုဓမ္မာရုံအနီးက ရှစ်လေးလုံး ကျောက်စာတိုင်ကို အလေးပြုပြီး မြို့မရဲစခန်းရှေ့တလျှာက် နှင်းဆီပန်းတွေခြွေချကာ ဧရာဝတီမြစ်အတွင်း ပန်းခွေတွေ‌မျှောပြီး လူထုဒီမိုကရေစီတိုက်ပွဲမှာ သွေးမြေကျခဲ့သူတွေကို ဦးညွတ်ဂါဝရပြုခဲ့ကြပါတယ်။

ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံတိုက်ပွဲအတွင်းမှာ အာဏာပိုင်တွေက ပစ်ခတ်လို့ သေဆုံးခဲ့တာဟာ ရန်ကုန်မြို့ပြီးရင် စစ်ကိုင်းမြို့ဟာ အများဆုံးဖြစ်ခဲ့ပါတယ်။

ဒါပေမဲ့ မြန်မာအစိုးရအဆက်ဆက်ကတော့ ရှစ်လေးလုံးမှာ သေဆုံး ထိခိုက်ဒဏ်ရာရတာနဲ့ ပတ်သက်လို့ တရားဝင် မှတ်တမ်းပြုစု ထုတ်ပြန်ပေးထားတာတော့ ဒီနေ့အထိ မရှိသေးပါဘူး။




Zawgyi Version

၃၁ ႏွစ္ေျမာက္ စစ္ကိုင္းၿမိဳ႕ရဲ႕ ငိုရႈိက္သံမ်ားေန႔
DVB
စစ္ကိုင္းတိုင္း စစ္ကိုင္းၿမိဳ႕မွာ ရွစ္ေလးလုံးအေရးေတာ္ပုံအတြင္း က်ဆုံးသြားသူေတြအတြက္ ဂုဏ္ျပဳခ်ီတက္လမ္းေလွ်ာက္ပြဲကို ဒီေန႔ က်င္းပခဲ့ပါတယ္။
လြန္ခဲ့တဲ့ ႏွစ္ ၃၁ က ရွစ္ေလးလုံးကာလ ဩဂုတ္လ ၉ ရက္ေန႔မွာ ရဲတပ္ဖြဲ႕က ပစ္ခတ္လို႔ စစ္ကိုင္းၿမိဳ႕မွာ ဆႏၵျပတဲ့သူေတြ ရာနဲ႔ခ်ီၿပီး ေသဆုံးခဲ့တာကို ဂုဏ္ျပဳတဲ့အေနနဲ႔ စစ္ကိုင္းၿမိဳ႕က ႏိုင္ငံေရးအင္အားစု ၅၀ နီးပါးက ေက်ာင္းဆရာ ဦးတင္ဝင္း အပါအဝင္ ျပည္သူေတြ က်ဆုံးခဲ့ရတဲ့ ေၾကကြဲဖြယ္ ႏွစ္ ၃၁ ႏွစ္ျပည့္လည္း ျဖစ္ပါတယ္။
“က်ေနာ္ဟာ ဒီပစ္ခတ္မႈ ျဖစ္တဲ့အခ်ိန္က အခ်ဳပ္ခန္းအေပၚမွာရွိေနပါတယ္။ အဲဒီကေန အကုန္လုံးျမင္ေတြ႕ရတဲ့ အခ်ိန္မွာ က်ေနာ္ေရွ႕တင္ဘဲ ေသတဲ့ ေလာင္းေတြကို စခန္းအျပင္ကေန အတြင္းကိုထည့္ မေသမရွင္ေတြကို ေသနတ္ေတြနဲ႔႐ိုက္သတ္ၿပီး ဆြဲေခၚလာတဲ့ ျမင္ကြင္းေတြကို ကိုယ္တိုင္ေတြ႕ျမင္ခဲ့ရပါတယ္။ အဲတာေၾကာင့္မို႔ ေနာင္လာေနာက္သားေတြ သမိုင္းအစဥ္အမွန္နဲ႔ ေရွ႕က အသက္ေပးသြားၾကတဲ့ ရဟန္းရွင္လုေက်ာင္းသားေတြရဲ႕ ေက်းဇူးတရားကို အၿမဲ သတိရေနေစဖို႔ ၃၁ ႏွစ္ေျမာက္ စစ္ကိုင္းၿမိဳ႕ရဲ႕ငိုရႈိက္သံမ်ားေန႔ဆိုၿပီး ၈ ႏွစ္ေျမာက္က်င္းပခဲ့တာ” လို႔ ေနာင္႐ိုး ဦးတင္ဝင္းသားျဖစ္သူ ဦးမိုး (ေနာင္႐ိုး) က ေျပာပါတယ္။
၁၉၈၈ ခုႏွစ္ ၾသဂုတ္လ ၉ ရက္ေန႔မွာ စစ္ကိုင္းၿမိဳ႕မ ရဲတပ္ဖြဲ႕က ပစ္ခတ္မူေၾကာင့္ ေက်း႐ြာအသီးသီးက ရဟန္းရွင္လူျပည္သူေတြနဲ႔ ေက်ာင္းသား ၂၅၀ ဝန္းက်င္ က်ဆုံးခဲ့ရၿပီး ေဆး႐ုံကို ပို႔ခဲ့ရတာ ၅၀၀ ေက်ာ္ရွိခဲ့တယ္လို႔ ေဒသခံေတြက ေျပာပါတယ္။
စစ္ကိုင္းၿမိဳ႕ၿမိဳ႕လယ္ကေန ဗိုလ္ခ်ဳပ္ ေအာင္ဆန္းေၾကး႐ုပ္ကို လမ္းေလွ်ာက္ ခ်ီတက္ၿပီး တာ႐ိုးလမ္းအတိုင္း ဆက္လက္လမ္းေလွ်ာက္ခ်ီတက္ကာ ပိုးတန္းရပ္ကြက္ အထက (၁)ေက်ာင္း နဲ႔ သုဓမၼာ႐ုံအနီးက ရွစ္ေလးလုံး ေက်ာက္စာတိုင္ကို အေလးျပဳၿပီး ၿမိဳ႕မရဲစခန္းေရွ႕တလွ်ာက္ ႏွင္းဆီပန္းေတြေႁခြခ်ကာ ဧရာဝတီျမစ္အတြင္း ပန္းေခြေတြ‌ေမွ်ာၿပီး လူထုဒီမိုကေရစီတိုက္ပြဲမွာ ေသြးေျမက်ခဲ့သူေတြကို ဦးၫြတ္ဂါဝရျပဳခဲ့ၾကပါတယ္။
ရွစ္ေလးလုံးဒီမိုကေရစီအေရးေတာ္ပုံတိုက္ပြဲအတြင္းမွာ အာဏာပိုင္ေတြက ပစ္ခတ္လို႔ ေသဆုံးခဲ့တာဟာ ရန္ကုန္ၿမိဳ႕ၿပီးရင္ စစ္ကိုင္းၿမိဳ႕ဟာ အမ်ားဆုံးျဖစ္ခဲ့ပါတယ္။
ဒါေပမဲ့ ျမန္မာအစိုးရအဆက္ဆက္ကေတာ့ ရွစ္ေလးလုံးမွာ ေသဆုံး ထိခိုက္ဒဏ္ရာရတာနဲ႔ ပတ္သက္လို႔ တရားဝင္ မွတ္တမ္းျပဳစု ထုတ္ျပန္ေပးထားတာေတာ့ ဒီေန႔အထိ မရွိေသးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013