DVB Logo
Home
မြန်မာသတင်း
မြောက်ဥက္ကလာပ ၂ နှစ်အရွယ်ကလေးငယ် အဓမ္မပြုကျင့်ခံရမှု ရုံးထုတ်စစ်ဆေး
DVB
·
August 9, 2019
မြောက်ဥက္ကလာပ ၂ နှစ်အရွယ်ကလေးငယ် အဓမ္မပြုကျင့်ခံရမှု ရုံးထုတ်စစ်ဆေး
Donate to DVB

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ် ရွှေပေါက္ကံနယ်မြေ ဘုန်းကြီးကျောင်းဝင်းအတွင်းမှာဖြစ်ပွားခဲ့တဲ့ အသက် ၂ နှစ်အရွယ် ကလေးငယ် သားမယားပြုကျင့်ခံရမှုနဲ့ပတ်သက်ပြီး ဒီနေ့ ရုံးထုတ်ရစစ်ဆေးရာမှာ စွပ်စွဲရသူက ကျူးလွန်ခဲ့ခြင်းမရှိကြောင်း ထွက်ဆိုခဲ့တယ်လို့ သိရပါတယ်။

မြောက်ဥက္ကလာပမြို့နယ် ရွှေပေါက္ကံနယ်မြေ ဘုန်းကြီးကျောင်းဝင်းအတွင်းမှာဖြစ်ပွားခဲ့တဲ့ ၂ နှစ်ခန့်အရွယ် အမျိုးသမီးကလေးငယ်တဦး သားမယားပြုကျင့်ခံရမှုနဲ့ပတ်သက်ပြီး အဲဒီကျောင်းမှာနေထိုင်တဲ့ ကိုရင်ကြီး (ခ) ဇေယျာလင်းကို ပြစ်မှုကျူးလွန်သူအဖြစ် ဖမ်းဆီးအရေးယူခဲ့ကာ သြဂုတ် ၉ ရက်က အရှေ့ပိုင်းခရိုင်တရားရုံးမှာ ပထမဆုံးအကြိမ်ရုံး ထုတ်စစ်ဆေးခဲ့တာပါ။

ရုံးချိန်းမှ တရားလိုပြသက်သေအဖြစ် ကလေးမိဘ နှစ်ဦးကိုစစ်ဆေးခဲ့ပါတယ်။ စွပ်စွဲဖမ်းဆီးခံထားရသူ ကိုရင်ကြီးကို ပြန်လှန်မေးခွန်းစစ်မေးတဲ့အခါမှာ မိမိမှာ ပန်းသေပန်းညှိုး ရောဂါစွဲကပ်နေပြီး ကလေးကို တစုံတရာ သားမယားပြုကျင့်ခဲ့ခြင်းမရှိဘူးလို့ တရားခွင်မှာ ထွက်ဆိုခဲ့ပါတယ်။

အမှုဖြစ်စဉ်မှာ ဇွန် ၁၅ ရက်ည ၁၂ နာရီခွဲလောက်မှာ မြောက်ဥက္ကလာပမြို့နယ် ရွှေပေါက္ကံမြို့နယ်နေ အသက် ၃၄ နှစ်အရွယ် အမျိုးသားတဦးက ဇနီးဖြစ်သူနဲ့အတူ ဘုန်းကြီးကျောင်းလမ်းရှိ မော်ကျွန်းကျောင်းဝင်းအတွင်းမှာ ရေသန့်ဘူးတွေဆေးကြောနေစဉ် အသက် လေးနှစ်အရွယ် သားဖြစ်သူနဲ့ အသက်တစ်နှစ်ကိုးလအရွယ် သမီးဖြစ်သူတို့ကို ကျောင်းတိုက်ရှိ ရုံးခန်းမှာ အိပ်စေခဲ့ပါတယ်။

မနက်အစောပိုင်း ၁ နာရီခွဲ အလုပ်ပြီးလို့ ဇနီးဖြစ်သူနဲ့ ကလေးငယ်တွေအိပ်နေတဲ့ ရုံးခန်းကို သွားကြည့်ရာမှာ သမီးဖြစ်သူပျောက်ဆုံးနေတာကို တွေ့ရတဲ့အတွက် ကျောင်းတိုက်အတွင်း လိုက်လံရှာဖွေခဲ့တာပါ။

အဲဒီလိုရှာဖွေရာမှာ မော်ကျွန်းဘုန်းကြီးကျောင်း အရှေ့ဘက် ကိုင်းတောအတွင်းမှာ သမီးငယ်ကို မနက် ၉ နာရီခွဲခန့်အချိန်မှာ ခြင်နဲ့ဖြုတ်တွေအ ကိုက်ခံထားရတဲ့ ဒဏ်ရာတွေနဲ့ တွေ့ရှိခဲ့ပါတယ်။

ဆေးစစ်ချက်အဖြေအရ ကလေးငယ်မှာ အဓမ္မပြုကျင့်ခံထားရတဲ့ လက္ခဏာ တွေ့ရှိခဲ့ပါတယ်။ ပစ္ဆိမာရုံကျောင်းတိုက်မှ ကိုရင်ကြီးက သမီးဖြစ်သူကို ကျောင်းဝင်းပြင်ပ နေ့စဉ် လေးငါးကြိမ်ခန့် ခေါ်ယူသွားတတ်ကြောင်း သိရှိခဲ့ပါတယ်။

ကြုံတွေ့ခဲ့ရတဲ့ ဖြစ်စဉ်တွေအရ  သမီးဖြစ်သူကို အဓမ္မပြုကျင့်သူ ကိုရင်ကြီး(ခ)  ဇေယျာလင်း (၃၉ နှစ်) ကို အရေးယူပေးဖို့ တိုင်ကြားခဲ့လို့ ရွှေပေါက္ကံမြို့မရဲစခန်းက ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၆/၃၆၃ အရ  အမှုဖွင့်ပြီး ပြစ်မှုကျူးလွန်သူလို့ ယူဆရသူ ကိုရင်ကြီး(ခ) ဥူးဥတ္တရ ကို လူဝတ်လဲဖမ်းဆီးခဲ့တာလည်း ဖြစ်ပါတယ်။




Zawgyi Version

ေျမာက္ဥကၠလာပ ၂ ႏွစ္အ႐ြယ္ကေလးငယ္ အဓမၼျပဳက်င့္ခံရမႈ ႐ုံးထုတ္စစ္ေဆး
DVB
ရန္ကုန္တိုင္း၊ ေျမာက္ဥကၠလာပၿမိဳ႕နယ္ ေ႐ႊေပါကၠံနယ္ေျမ ဘုန္းႀကီးေက်ာင္းဝင္းအတြင္းမွာျဖစ္ပြားခဲ့တဲ့ အသက္ ၂ ႏွစ္အ႐ြယ္ ကေလးငယ္ သားမယားျပဳက်င့္ခံရမႈနဲ႔ပတ္သက္ၿပီး ဒီေန႔ ႐ုံးထုတ္ရစစ္ေဆးရာမွာ စြပ္စြဲရသူက က်ဴးလြန္ခဲ့ျခင္းမရွိေၾကာင္း ထြက္ဆိုခဲ့တယ္လို႔ သိရပါတယ္။
ေျမာက္ဥကၠလာပၿမိဳ႕နယ္ ေ႐ႊေပါကၠံနယ္ေျမ ဘုန္းႀကီးေက်ာင္းဝင္းအတြင္းမွာျဖစ္ပြားခဲ့တဲ့ ၂ ႏွစ္ခန႔္အ႐ြယ္ အမ်ိဳးသမီးကေလးငယ္တဦး သားမယားျပဳက်င့္ခံရမႈနဲ႔ပတ္သက္ၿပီး အဲဒီေက်ာင္းမွာေနထိုင္တဲ့ ကိုရင္ႀကီး (ခ) ေဇယ်ာလင္းကို ျပစ္မႈက်ဴးလြန္သူအျဖစ္ ဖမ္းဆီးအေရးယူခဲ့ကာ ၾသဂုတ္ ၉ ရက္က အေရွ႕ပိုင္းခ႐ိုင္တရား႐ုံးမွာ ပထမဆုံးအႀကိမ္႐ုံး ထုတ္စစ္ေဆးခဲ့တာပါ။
႐ုံးခ်ိန္းမွ တရားလိုျပသက္ေသအျဖစ္ ကေလးမိဘ ႏွစ္ဦးကိုစစ္ေဆးခဲ့ပါတယ္။ စြပ္စြဲဖမ္းဆီးခံထားရသူ ကိုရင္ႀကီးကို ျပန္လွန္ေမးခြန္းစစ္ေမးတဲ့အခါမွာ မိမိမွာ ပန္းေသပန္းညႇိဳး ေရာဂါစြဲကပ္ေနၿပီး ကေလးကို တစုံတရာ သားမယားျပဳက်င့္ခဲ့ျခင္းမရွိဘူးလို႔ တရားခြင္မွာ ထြက္ဆိုခဲ့ပါတယ္။
အမႈျဖစ္စဥ္မွာ ဇြန္ ၁၅ ရက္ည ၁၂ နာရီခြဲေလာက္မွာ ေျမာက္ဥကၠလာပၿမိဳ႕နယ္ ေ႐ႊေပါကၠံၿမိဳ႕နယ္ေန အသက္ ၃၄ ႏွစ္အ႐ြယ္ အမ်ိဳးသားတဦးက ဇနီးျဖစ္သူနဲ႔အတူ ဘုန္းႀကီးေက်ာင္းလမ္းရွိ ေမာ္ကြၽန္းေက်ာင္းဝင္းအတြင္းမွာ ေရသန႔္ဘူးေတြေဆးေၾကာေနစဥ္ အသက္ ေလးႏွစ္အ႐ြယ္ သားျဖစ္သူနဲ႔ အသက္တစ္ႏွစ္ကိုးလအ႐ြယ္ သမီးျဖစ္သူတို႔ကို ေက်ာင္းတိုက္ရွိ ႐ုံးခန္းမွာ အိပ္ေစခဲ့ပါတယ္။
မနက္အေစာပိုင္း ၁ နာရီခြဲ အလုပ္ၿပီးလို႔ ဇနီးျဖစ္သူနဲ႔ ကေလးငယ္ေတြအိပ္ေနတဲ့ ႐ုံးခန္းကို သြားၾကည့္ရာမွာ သမီးျဖစ္သူေပ်ာက္ဆုံးေနတာကို ေတြ႕ရတဲ့အတြက္ ေက်ာင္းတိုက္အတြင္း လိုက္လံရွာေဖြခဲ့တာပါ။
အဲဒီလိုရွာေဖြရာမွာ ေမာ္ကြၽန္းဘုန္းႀကီးေက်ာင္း အေရွ႕ဘက္ ကိုင္းေတာအတြင္းမွာ သမီးငယ္ကို မနက္ ၉ နာရီခြဲခန႔္အခ်ိန္မွာ ျခင္နဲ႔ျဖဳတ္ေတြအ ကိုက္ခံထားရတဲ့ ဒဏ္ရာေတြနဲ႔ ေတြ႕ရွိခဲ့ပါတယ္။
ေဆးစစ္ခ်က္အေျဖအရ ကေလးငယ္မွာ အဓမၼျပဳက်င့္ခံထားရတဲ့ လကၡဏာ ေတြ႕ရွိခဲ့ပါတယ္။ ပစၦိမာ႐ုံေက်ာင္းတိုက္မွ ကိုရင္ႀကီးက သမီးျဖစ္သူကို ေက်ာင္းဝင္းျပင္ပ ေန႔စဥ္ ေလးငါးႀကိမ္ခန႔္ ေခၚယူသြားတတ္ေၾကာင္း သိရွိခဲ့ပါတယ္။
ႀကဳံေတြ႕ခဲ့ရတဲ့ ျဖစ္စဥ္ေတြအရ သမီးျဖစ္သူကို အဓမၼျပဳက်င့္သူ ကိုရင္ႀကီး(ခ) ေဇယ်ာလင္း (၃၉ ႏွစ္) ကို အေရးယူေပးဖို႔ တိုင္ၾကားခဲ့လို႔ ေ႐ႊေပါကၠံၿမိဳ႕မရဲစခန္းက ရာဇသတ္ႀကီးဥပေဒပုဒ္မ ၃၇၆/၃၆၃ အရ အမႈဖြင့္ၿပီး ျပစ္မႈက်ဴးလြန္သူလို႔ ယူဆရသူ ကိုရင္ႀကီး(ခ) ၪူးဥတၱရ ကို လူဝတ္လဲဖမ္းဆီးခဲ့တာလည္း ျဖစ္ပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013