DVB Logo
Home
မြန်မာသတင်း
ကရင်အာဇာနည်ဟု မသုံးနှုန်းရန် ဧရာဝတီတိုင်းအစိုးရ ထုတ်ပြန်
DVB
·
August 9, 2019
ကရင်အာဇာနည်ဟု မသုံးနှုန်းရန် ဧရာဝတီတိုင်းအစိုးရ ထုတ်ပြန်
Donate to DVB

သြဂုတ် ၁၂ ရက်နေ့မှာ ကျရာက်မယ့် ကရင့်ခေါင်းဆောင် စောဘဦးကြီး ကျဆုံးတဲ့နေ့ကို ကရင့်အာဇာနည်နေ့လို့  ခေါ်ဝေါ် မသုံးနှုန်းဖို့ ဧရာဝတီတိုင်းအစိုးရအဖွဲ့ကိုယ်စား ကရင်တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီး ဒေါ်မိုးမြတ်မြတ်သူက သြဂုတ်လ ၈ ရက်နေ့မှာ ညွှန်ကြားစာ ထုတ်ပြန်ခဲ့ပါတယ်။

အဆိုပါထုတ်ပြန်စာမှာ တချို့မြို့နယ်စာပေယဉ်ကျေးမှု ကော်မတီများသည် ကရင်အာဇာနည် စောဘဦးကြီးနေ့ အခမ်းအနားကျင်းပဖို့ ကျင်းပဖို့ စီစဉ်ထားကြောင်းနဲ့ အဆိုပါအခမ်းအနားအား ကရင်အာဇာနည် အသုံးအနှုန်းကို အသုံးမပြုရန်၊ သက်ဆိုင်ရာ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရဲ့ သတ်မှတ်စည်းကမ်းတွေနဲ့အညီ မြို့နယ် ကရင်စာပေနှင့်ယဉ်ကျေးမှုကော်မတီကို ဆက်သွယ်ညွန်ကြားသွားဖို့ ပါရှိပါတယ်။

ဒီထုတ်ပြန်စာနဲ့ပတ်သက်ပြီး လူမှုကွန်ရက်စာမျက်နှာတွေမှာ ဝေဖန်မှုတွေလည်း မြင့်တက်နေရပါတယ်။

ထုတ်ပြန်ချက်နဲ့ပတ်သက်လို့ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဒေါ်မိုးမြတ်မြတ်သူကို မေးမြန်းရာမှာ “အာဇာနည် ဆိုတဲ့ စာလုံးကို မသုံးခိုင်းတာ တခုပဲ။  ဘာဖြစ်လဲဆိုတော့ ကျမတို့ အာဇာနည်နေ့ ရှိတယ်လေ။ စောဘဦးကြီး တယောက်တည်း အာဇာနည် မဟုတ်ဘူး။ ကျမတို့ ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ မန်းဘခိုင်ကလည်း အာဇာနည်လေ။ တိုင်းပြည်အတွက်ကို လုပ်သွားတဲ့ အာဇာနည်။ အဲဒီမှာ ရောထွေးပြီးတော့ ရှုပ်ကုန်တာပေါ့နော်။ နောက်ပြီးတော့ ပြည်ထဲရေးကလည်း ဒီဥစ္စာကို မသုံးဖို့၊ လုံနယ်ဝန်ကြီးကနေ အာဇာနည် ဆိုတဲ့ စာလုံးကို မသုံးဖို့ကို သူက ဥပဒေနဲ့ ပုဒ်မတွေနဲ့ သူက ပြောထားတဲ့အခါကျတော့ ကျမတို့ မသုံးဘူးပေါ့နော်။ တကယ်တော့ မနှစ်က ဖြစ်သွားတဲ့ ပြဿနာဟာ ကရင်တိုင်းသားတွေ ဆူပူမှုရှိအောင် လုပ်သွားတဲ့ ပြဿနာရှိခဲ့တယ်။ အဲဒါကြောင့် ဒီမှာ အေးအေးချမ်းချမ်းနဲ့ peace လုပ်နေတဲ့အခါမှာ ဒီကိစ္စမျိုး မပေါ်ပေါက်အောင်ပေါ့နော်။ အာဇာနည် မသုံးဘဲနဲ့ အောက်မေ့ဖွယ်တို့ လုပ်ချင်ရင် လုပ်ခွင့်ရှိတယ်။ ဘာဖြစ်လို့လဲဆိုရင် ဒီက အာဇာနည်နဲ့ ရောထွေး ရှုပ်ထွေးကုန်တယ်လေ။ ”

၁၉၅၀ ပြည့်နှစ် သြဂုတ် ၁၂ ရက်မှာ ကေအန်ယူ ဥက္ကဋ္ဌ စောဘဦးကြီး၊ ဗိုလ်ချုပ်စိုင်းကေနဲ့ အဖွဲ့ဟာ တော်လှန်ရေးတာဝန် ထမ်းဆောင်နေရင်း နဘူးမြို့နယ် ထို့ကော်ကိုးကျေးရွာအနီး လယ်တဲတခုမှာ ပစ်ခတ်မှုကြောင့် ကျဆုံးခဲ့ရပါတယ်။

အဲဒီနေ့ကို အစွဲပြုပြီး ကရင့်အမျိုးသားအာဇာနည်နေ့ ဖြစ်ပေါ်လာတာဖြစ်ပြီး ကရင်လူမျိုး အများစုနေထိုင်ရာ ဒေသတွေမှာတော့ အဲဒီနေ့တနေ့လုံး အစာမစားဘဲ ကရင့်အာဇာနည်နေ့ကို အလေးအနက် အထိမ်းအမှတ်ပြု ကျင်းပလေ့ရှိပါတယ်။

လာမယ့် သြဂုတ်လ ၁၂ ရက်နေ့မှာ ကျရောက်မယ့် ကရင်အာဇာနည်နေ့ကိုလည်း ကရင်ပြည်နယ်၊ ရန်ကုန်တိုင်းနဲ့ ဧရာဝတီတိုင်းဒေသကြီး အပါအဝင် ကရင်အမျိုးသားတွေရှိတဲ့ နေရာတွေမှာ ကျင်းပဖို့ စီစဉ်ထားကြောင်း သိရပါတယ်။




Zawgyi Version

ကရင္အာဇာနည္ဟု မသုံးႏႈန္းရန္ ဧရာဝတီတိုင္းအစိုးရ ထုတ္ျပန္

ေနာ္ႏိုရင္း

ၾသဂုတ္ ၁၂ ရက္ေန႔မွာ က်ရာက္မယ့္ ကရင့္ေခါင္းေဆာင္ ေစာဘဦးႀကီး က်ဆုံးတဲ့ေန႔ကို ကရင့္အာဇာနည္ေန႔လို႔  ေခၚေဝၚ မသုံးႏႈန္းဖို႔ ဧရာဝတီတိုင္းအစိုးရအဖြဲ႕ကိုယ္စား ကရင္တိုင္းရင္းသားလူမ်ိဳးေရးရာ ဝန္ႀကီး ေဒၚမိုးျမတ္ျမတ္သူက ၾသဂုတ္လ ၈ ရက္ေန႔မွာ ၫႊန္ၾကားစာ ထုတ္ျပန္ခဲ့ပါတယ္။

အဆိုပါထုတ္ျပန္စာမွာ တခ်ိဳ႕ၿမိဳ႕နယ္စာေပယဥ္ေက်းမႈ ေကာ္မတီမ်ားသည္ ကရင္အာဇာနည္ ေစာဘဦးႀကီးေန႔ အခမ္းအနားက်င္းပဖို႔ က်င္းပဖို႔ စီစဥ္ထားေၾကာင္းနဲ႔ အဆိုပါအခမ္းအနားအား ကရင္အာဇာနည္ အသုံးအႏႈန္းကို အသုံးမျပဳရန္၊ သက္ဆိုင္ရာ ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရး ဦးစီးဌာနရဲ႕ သတ္မွတ္စည္းကမ္းေတြနဲ႔အညီ ၿမိဳ႕နယ္ ကရင္စာေပႏွင့္ယဥ္ေက်းမႈေကာ္မတီကို ဆက္သြယ္ၫြန္ၾကားသြားဖို႔ ပါရွိပါတယ္။

ဒီထုတ္ျပန္စာနဲ႔ပတ္သက္ၿပီး လူမႈကြန္ရက္စာမ်က္ႏွာေတြမွာ ေဝဖန္မႈေတြလည္း ျမင့္တက္ေနရပါတယ္။

ထုတ္ျပန္ခ်က္နဲ႔ပတ္သက္လို႔ ကရင္တိုင္းရင္းသားေရးရာဝန္ႀကီး ေဒၚမိုးျမတ္ျမတ္သူကို ေမးျမန္းရာမွာ “အာဇာနည္ ဆိုတဲ့ စာလုံးကို မသုံးခိုင္းတာ တခုပဲ။  ဘာျဖစ္လဲဆိုေတာ့ က်မတို႔ အာဇာနည္ေန႔ ရွိတယ္ေလ။ ေစာဘဦးႀကီး တေယာက္တည္း အာဇာနည္ မဟုတ္ဘူး။ က်မတို႔ ဗိုလ္ခ်ဳပ္ေအာင္ဆန္းနဲ႔တကြ မန္းဘခိုင္ကလည္း အာဇာနည္ေလ။ တိုင္းျပည္အတြက္ကို လုပ္သြားတဲ့ အာဇာနည္။ အဲဒီမွာ ေရာေထြးၿပီးေတာ့ ရႈပ္ကုန္တာေပါ့ေနာ္။ ေနာက္ၿပီးေတာ့ ျပည္ထဲေရးကလည္း ဒီဥစၥာကို မသုံးဖို႔၊ လုံနယ္ဝန္ႀကီးကေန အာဇာနည္ ဆိုတဲ့ စာလုံးကို မသုံးဖို႔ကို သူက ဥပေဒနဲ႔ ပုဒ္မေတြနဲ႔ သူက ေျပာထားတဲ့အခါက်ေတာ့ က်မတို႔ မသုံးဘူးေပါ့ေနာ္။ တကယ္ေတာ့ မႏွစ္က ျဖစ္သြားတဲ့ ျပႆနာဟာ ကရင္တိုင္းသားေတြ ဆူပူမႈရွိေအာင္ လုပ္သြားတဲ့ ျပႆနာရွိခဲ့တယ္။ အဲဒါေၾကာင့္ ဒီမွာ ေအးေအးခ်မ္းခ်မ္းနဲ႔ peace လုပ္ေနတဲ့အခါမွာ ဒီကိစၥမ်ိဳး မေပၚေပါက္ေအာင္ေပါ့ေနာ္။ အာဇာနည္ မသုံးဘဲနဲ႔ ေအာက္ေမ့ဖြယ္တို႔ လုပ္ခ်င္ရင္ လုပ္ခြင့္ရွိတယ္။ ဘာျဖစ္လို႔လဲဆိုရင္ ဒီက အာဇာနည္နဲ႔ ေရာေထြး ရႈပ္ေထြးကုန္တယ္ေလ။ ”

၁၉၅၀ ျပည့္ႏွစ္ ၾသဂုတ္ ၁၂ ရက္မွာ ေကအန္ယူ ဥကၠ႒ ေစာဘဦးႀကီး၊ ဗိုလ္ခ်ဳပ္စိုင္းေကနဲ႔ အဖြဲ႕ဟာ ေတာ္လွန္ေရးတာဝန္ ထမ္းေဆာင္ေနရင္း နဘူးၿမိဳ႕နယ္ ထို႔ေကာ္ကိုးေက်း႐ြာအနီး လယ္တဲတခုမွာ ပစ္ခတ္မႈေၾကာင့္ က်ဆုံးခဲ့ရပါတယ္။

အဲဒီေန႔ကို အစြဲျပဳၿပီး ကရင့္အမ်ိဳးသားအာဇာနည္ေန႔ ျဖစ္ေပၚလာတာျဖစ္ၿပီး ကရင္လူမ်ိဳး အမ်ားစုေနထိုင္ရာ ေဒသေတြမွာေတာ့ အဲဒီေန႔တေန႔လုံး အစာမစားဘဲ ကရင့္အာဇာနည္ေန႔ကို အေလးအနက္ အထိမ္းအမွတ္ျပဳ က်င္းပေလ့ရွိပါတယ္။

လာမယ့္ ၾသဂုတ္လ ၁၂ ရက္ေန႔မွာ က်ေရာက္မယ့္ ကရင္အာဇာနည္ေန႔ကိုလည္း ကရင္ျပည္နယ္၊ ရန္ကုန္တိုင္းနဲ႔ ဧရာဝတီတိုင္းေဒသႀကီး အပါအဝင္ ကရင္အမ်ိဳးသားေတြရွိတဲ့ ေနရာေတြမွာ က်င္းပဖို႔ စီစဥ္ထားေၾကာင္း သိရပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013