DVB Logo
Home
မြန်မာသတင်း
မန္တလေးမြို့ အရိုးဆေးရုံ တာဝန်ရှိသူ သုံးဦးအား တိုင်ကြားမှု ဌာနတွင်း စတင်စစ်ဆေး
DVB
·
August 9, 2019
မန္တလေးမြို့ အရိုးဆေးရုံ တာဝန်ရှိသူ သုံးဦးအား တိုင်ကြားမှု ဌာနတွင်း စတင်စစ်ဆေး
Donate to DVB

မန္တလေးမြို့မှာရှိတဲ့ ခုတင် ၅၀၀ အရိုးဆေးရုံက ဆေးရုံအုပ်ကြီး အပါအဝင် သုံးဦးကို အဂတိကော်မရှင်ထံ တိုင်ကြားထားမှုနဲ့ ပတ်သက်လို့ သြဂုတ်လ ၈ ရက်နေ့က စတင်ပြီး ဌာနတွင်း စစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။ 

သြဂုတ်လ ၈ ရက်နေ့က စစ်ဆေးမှုမှာတော့ တိုင်ကြားထားသူတွေဘက်ကို စတင် စစ်ဆေးနေတာ ဖြစ်ပါတယ်။ 

ဆေးရုံဝင်းအတွင်းက လက်ဖက်ရည်ဆိုင် နေရာ၊ ကား ဆိုင်ကယ် အပ်နှံဌာနတွေအတွက် တရားဝင် တင်ဒါခေါ်ရာမှာ ဆေးရုံအုပ်၊ ဌာနခွဲစာရေးနဲ့ အငယ်တန်းစာရေး စတဲ့ ဆေးရုံ တာဝန်ရှိသူတွေက  တင်ဒါပေးမယ်ဆိုပြီး ငွေယူခဲ့တဲ့အတွက် တိုင်ကြားခဲ့တာပါ။ 

တိုင်ကြားရာမှာ ဆေးရုံအတွင်း လုပ်ငန်းလုပ်ကိုင်ခဲ့သူတွေအပြင် ဆေးရုံဝန်ထမ်းတွေလည်း ပါပြီး ၁၄ ဦး လက်မှတ်ထိုးကာ မေလ နောက်ဆုံးပတ်ထဲက တိုင်ကြားခဲ့တယ်လို့ သိရပါတယ်။ 

‌တိုင်ကြားသူ ဦးမောင်လွင်က “မန္တလေး အရိုးအထူးကုဆေးရုံကြီးအုပ်ကြီးရယ်၊ တင်ဒါကိစ္စနဲ့ပတ်သက်ပြီး ကျနော်တို့ဆီက ငွေသိန်း လေးဆယ်ပေါ့၊ အရင်ယူထားပြီး လက်ဖက်ရည်ဆိုင်က သိန်း လေးဆယ်၊  စာရေးဆီက သိန်း နှစ်ဆယ် ယူထားပြီးတော့ ကျနော့်ကိုကျတော့ တင်ဒါပေးမယ်ဆိုပြီး ငွေယူထားပါတယ်။ ပိုက်ဆံလည်း ပြန်မပေးဘဲ ကျနော့်ရဲ့ လုပ်ငန်းကိုလည်း လက်ရှိ မပေးသေးပါဘူး။ အဲဒါကြောင့် တိုင်ထားတာပါ။ အဲဒီအတွက် ကျနော့်ကို အကြိမ်ကြိမ် ခေါ်စစ်ပါတယ်။ စစ်တဲ့အဖွဲ့ကလည်း တိတိကျကျ မှန်ကန်ပါတယ်”လို့ ပြောပါတယ်။

ဆေးရုံအုပ်ကြီးနဲ့ တာဝန်ရှိသူတွေက ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလကစပြီး လူနာ၊ လူနာစောင့်တွေဆီက ငွေကြေးတောင်းခံတာတွေ၊ အခါကြီးရက်ကြီးတွေမှာ အလှူခံတာတွေ၊ ဌာနခွဲ စာရေးကြီးက ခြေတု လက်တုနဲ့ အားပြုကိရိယာ အလုပ်ရုံ ဆောက်လုပ်တဲ့အချိန်က စီမံကိန်းမှ သစ်နဲ့ သံချောင်းတွေကို ကိုယ်ကျိုးအတွက် သုံးတာတွေကိုလည်း တိုင်ကြားထားတယ်လို့ သိရပါတယ်။ 

ဒီဖြစ်စဉ်ဟာ ဖြစ်နိုင်ခြေ ရှိ၊ မရှိ စစ်ဆေးတဲ့အဆင့်ပဲ ရှိသေးတယ်လို့ တိုင်ကြားခံရတဲ့ ဌာနခွဲ စာရေးကြီး ဦးအောင်ကျော်ဦးက ပြောပါတယ်။

“အဂတိဘက်မှာ လူ ၁၅ ယောက် လက်မှတ်ထိုးထားတယ်။ တယောက်က လက်မှတ်မထိုးဘူး။ ၁၄ ယောက် လက်မှတ်ထိုးထားတယ်။ အဂတိကို တင်တယ်။ အဂတိသာမှန်ရင် တခါတည်း ဆွဲစိတာ။ သူတို့ တင်ထားတာ ၅ လပိုင်းကုန်ကတည်းက။ အခုမှ စစ်တာ။ အဂတိက ပြောပါတယ်။ ဒါသည် အဂတိမမြောက်ဘူး။ ကျနော်ကတော့ သုံးသပ်တာပေါ့နော်။ အဂတိမမြောက်လို့ ဝန်ကြီးဌာနကို ချပေးလိုက်တာ။ ဝန်ကြီးဌာနကလည်း ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ကို ထပ်ချပေးတယ်။ ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ကလည်း နိုင်ငံ့ဝန်ထမ်း ဥပဒေအရ ရှေးဦး စုံစမ်းစစ်ဆေးမှုပြုဖို့။ ဒီအပြစ်က တကယ်ရှိတယ်ဆိုရင် ဌာနဆိုင်ရာ ဝင်မှာ။ ဒီဖြစ်စဉ်က ဖြစ်နိုင်ခြေ ရှိ၊ မရှိ စုံစမ်းတဲ့အဆင့်ပဲ ရှိသေးတယ်။”

ဒါ့အပြင် တိုင်ကြားထားတာတွေဟာ မဟုတ်မှန်ဘူးလို့လည်း ဦးအောင်ကျော်ဦးက ပြောပါတယ်။

တိုင်ကြားခံရတဲ့ ဌာနခွဲ စာရေးကြီး ဦးအောင်ကျော်ဦးဟာ တိုင်းကုသရေးဦးစီးဌာန၊ အုပ်ချုပ်/စီမံ ဦးစီးမှူးအဖြစ် ရာထူးတိုးထားပြီး ဖြစ်ပါတယ်။ နောက်ရက်တွေမှာတော့  တိုင်ကြားခံရသူတွေကို ဆက်လက်စစ်ဆေးသွားမယ်လို့ သိရပါတယ်။

သတင်း - နိုင်လင်းဦး

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Zawgyi_version

မႏၲေလးၿမိဳ႕ အ႐ိုးေဆး႐ုံ တာဝန္ရွိသူ သုံးဦးအား တိုင္ၾကားမႈ ဌာနတြင္း စတင္စစ္ေဆး

မႏၲေလးၿမိဳ႕မွာရွိတဲ့ ခုတင္ ၅၀၀ အ႐ိုးေဆး႐ုံက ေဆး႐ုံအုပ္ႀကီး အပါအဝင္ သုံးဦးကို အဂတိေကာ္မရွင္ထံ တိုင္ၾကားထားမႈနဲ႔ ပတ္သက္လို႔ ၾသဂုတ္လ ၈ ရက္ေန႔က စတင္ၿပီး ဌာနတြင္း စစ္ေဆးမႈေတြ ျပဳလုပ္ေနပါတယ္။

ၾသဂုတ္လ ၈ ရက္ေန႔က စစ္ေဆးမႈမွာေတာ့ တိုင္ၾကားထားသူေတြဘက္ကို စတင္ စစ္ေဆးေနတာ ျဖစ္ပါတယ္။

ေဆး႐ုံဝင္းအတြင္းက လက္ဖက္ရည္ဆိုင္ ေနရာ၊ ကား ဆိုင္ကယ္ အပ္ႏွံဌာနေတြအတြက္ တရားဝင္ တင္ဒါေခၚရာမွာ ေဆး႐ုံအုပ္၊ ဌာနခြဲစာေရးနဲ႔ အငယ္တန္းစာေရး စတဲ့ ေဆး႐ုံ တာဝန္ရွိသူေတြက  တင္ဒါေပးမယ္ဆိုၿပီး ေငြယူခဲ့တဲ့အတြက္ တိုင္ၾကားခဲ့တာပါ။

တိုင္ၾကားရာမွာ ေဆး႐ုံအတြင္း လုပ္ငန္းလုပ္ကိုင္ခဲ့သူေတြအျပင္ ေဆး႐ုံဝန္ထမ္းေတြလည္း ပါၿပီး ၁၄ ဦး လက္မွတ္ထိုးကာ ေမလ ေနာက္ဆုံးပတ္ထဲက တိုင္ၾကားခဲ့တယ္လို႔ သိရပါတယ္။

‌တိုင္ၾကားသူ ဦးေမာင္လြင္က “မႏၲေလး အ႐ိုးအထူးကုေဆး႐ုံႀကီးအုပ္ႀကီးရယ္၊ တင္ဒါကိစၥနဲ႔ပတ္သက္ၿပီး က်ေနာ္တို႔ဆီက ေငြသိန္း ေလးဆယ္ေပါ့၊ အရင္ယူထားၿပီး လက္ဖက္ရည္ဆိုင္က သိန္း ေလးဆယ္၊  စာေရးဆီက သိန္း ႏွစ္ဆယ္ ယူထားၿပီးေတာ့ က်ေနာ့္ကိုက်ေတာ့ တင္ဒါေပးမယ္ဆိုၿပီး ေငြယူထားပါတယ္။ ပိုက္ဆံလည္း ျပန္မေပးဘဲ က်ေနာ့္ရဲ႕ လုပ္ငန္းကိုလည္း လက္ရွိ မေပးေသးပါဘူး။ အဲဒါေၾကာင့္ တိုင္ထားတာပါ။ အဲဒီအတြက္ က်ေနာ့္ကို အႀကိမ္ႀကိမ္ ေခၚစစ္ပါတယ္။ စစ္တဲ့အဖြဲ႕ကလည္း တိတိက်က် မွန္ကန္ပါတယ္”လို႔ ေျပာပါတယ္။

ေဆး႐ုံအုပ္ႀကီးနဲ႔ တာဝန္ရွိသူေတြက ၂၀၁၉ ခုႏွစ္ ေဖေဖာ္ဝါရီလကစၿပီး လူနာ၊ လူနာေစာင့္ေတြဆီက ေငြေၾကးေတာင္းခံတာေတြ၊ အခါႀကီးရက္ႀကီးေတြမွာ အလႉခံတာေတြ၊ ဌာနခြဲ စာေရးႀကီးက ေျခတု လက္တုနဲ႔ အားျပဳကိရိယာ အလုပ္႐ုံ ေဆာက္လုပ္တဲ့အခ်ိန္က စီမံကိန္းမွ သစ္နဲ႔ သံေခ်ာင္းေတြကို ကိုယ္က်ိဳးအတြက္ သုံးတာေတြကိုလည္း တိုင္ၾကားထားတယ္လို႔ သိရပါတယ္။

ဒီျဖစ္စဥ္ဟာ ျဖစ္ႏိုင္ေျခ ရွိ၊ မရွိ စစ္ေဆးတဲ့အဆင့္ပဲ ရွိေသးတယ္လို႔ တိုင္ၾကားခံရတဲ့ ဌာနခြဲ စာေရးႀကီး ဦးေအာင္ေက်ာ္ဦးက ေျပာပါတယ္။

“အဂတိဘက္မွာ လူ ၁၅ ေယာက္ လက္မွတ္ထိုးထားတယ္။ တေယာက္က လက္မွတ္မထိုးဘူး။ ၁၄ ေယာက္ လက္မွတ္ထိုးထားတယ္။ အဂတိကို တင္တယ္။ အဂတိသာမွန္ရင္ တခါတည္း ဆြဲစိတာ။ သူတို႔ တင္ထားတာ ၅ လပိုင္းကုန္ကတည္းက။ အခုမွ စစ္တာ။ အဂတိက ေျပာပါတယ္။ ဒါသည္ အဂတိမေျမာက္ဘူး။ က်ေနာ္ကေတာ့ သုံးသပ္တာေပါ့ေနာ္။ အဂတိမေျမာက္လို႔ ဝန္ႀကီးဌာနကို ခ်ေပးလိုက္တာ။ ဝန္ႀကီးဌာနကလည္း ကုသေရးဦးစီးဌာန ၫႊန္ၾကားေရးမႉးခ်ဳပ္ကို ထပ္ခ်ေပးတယ္။ ကုသေရးဦးစီးဌာန ၫႊန္ၾကားေရးမႉးခ်ဳပ္ကလည္း ႏိုင္ငံ့ဝန္ထမ္း ဥပေဒအရ ေရွးဦး စုံစမ္းစစ္ေဆးမႈျပဳဖို႔။ ဒီအျပစ္က တကယ္ရွိတယ္ဆိုရင္ ဌာနဆိုင္ရာ ဝင္မွာ။ ဒီျဖစ္စဥ္က ျဖစ္ႏိုင္ေျခ ရွိ၊ မရွိ စုံစမ္းတဲ့အဆင့္ပဲ ရွိေသးတယ္။”

ဒါ့အျပင္ တိုင္ၾကားထားတာေတြဟာ မဟုတ္မွန္ဘူးလို႔လည္း ဦးေအာင္ေက်ာ္ဦးက ေျပာပါတယ္။

တိုင္ၾကားခံရတဲ့ ဌာနခြဲ စာေရးႀကီး ဦးေအာင္ေက်ာ္ဦးဟာ တိုင္းကုသေရးဦးစီးဌာန၊ အုပ္ခ်ဳပ္/စီမံ ဦးစီးမႉးအျဖစ္ ရာထူးတိုးထားၿပီး ျဖစ္ပါတယ္။ ေနာက္ရက္ေတြမွာေတာ့  တိုင္ၾကားခံရသူေတြကို ဆက္လက္စစ္ေဆးသြားမယ္လို႔ သိရပါတယ္။

သတင္း - ႏိုင္လင္းဦး

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013