DVB Logo
Home
မြန်မာသတင်း
မုံရွာသံဃာတော်များ မေတ္တာပို့လမ်းလျှောက်
DVB
·
December 10, 2012
မုံရွာသံဃာတော်များ မေတ္တာပို့လမ်းလျှောက်
Donate to DVB

စစ်ကိုင်းတိုင်း မုံရွာမြို့မှာ သံဃာတော်အပါး ၃၀၀ လောက်က လက်ပန်းတောင်းတောင် သပိတ်စခန်းဖြိုခွင်းမှုနဲ့ ပတ်သက်လို့ ကိုင်တွယ်မှုအပေါ် မကျေနပ်လို့ ကြွချီဆန္ဒပြပါတယ်။

ဒီနေ့ခင်း ၁ နာရီ စတင်ဆန္ဒပြခဲ့ကြတာဖြစ်ပြီး သံဃာတွေက လက်ပန်းတောင်း သပိတ်စခန်း ဖြိုခွင်းသူတွေကို အရေးယူဖို့နဲ့ မီးလောင်ဒဏ်ရာတွေရတဲ့ ကာယကံရှင် သံဃာတွေကို တိုက်ရိုက်တောင်းပန်ဖို့ လမ်းပေါ်ထွက် မေတ္တာပို့ ချီတက်ခဲ့ကြတာ ဖြစ်ပါတယ်။

ဆန္ဒပြပွဲနဲ့ ပတ်သက်လို့ မျက်မြင်တဦးက “နေ့ခင်း ၁ နာရီက မဟာဇောတိကရာမကျောင်းတိုက်ရယ်၊ အုတ်ကန်တောရကျောင်းတိုက်ရယ်က သံဃာတွေက သူတို့ကျောင်းတိုက်တွေကနေ မုံရွာမြို့ ကျောက်ကာလမ်းကနေပြီးတော့ ဆုတောင်းပြည့် ရွှေပြည့်စုံဘုရားကြီးကို ကြွသွားပါတယ်။ ဆုတောင်းပြည့်ဘုရားကြီးကို ရောက်ပြီးတဲ့နောက်  ၁ ပတ် ပတ်ပြီးတဲ့နောက် ကိုယ့်ကျောင်းတိုက် ကိုယ်ပြန်ကြွကြပါတယ်။ ဆရာတော် သံဃာတော်တွေ အနောက်မှာကတော့ ယူနီဖောင်းအပြည့်နဲ့ တုတ်တွေ ဒိုင်းတွေနဲ့ကတော့ အမြဲတမ်းလိုက်နေတာ” လို့ ဖြေပါတယ်။

လက်ပန်းတောင်းတောင် ဆန္ဒပြပွဲနဲ့ပတ်သက်လို့ မုံရွာမြို့မှာ ဖမ်းဆီးခြင်းမရှိပေမယ့် သံဃာတွေကို လိုက်ပါကူညီနေတဲ့ ကျောင်းသားလူငယ်တွေကိုတော့ သတိပေးတားမြစ်မှုတွေ လုပ်ဆောင်တယ်လို့ ကျောင်းသားလူငယ်တဦးက ပြောပါတယ်။
ရန်ကုန်မှာ လက်ပန်းတောင်းတောင် ကိစ္စ ဆန္ဒပြမှုနဲ့ ပတ်သက်လို့ ဖမ်းဆီးခံရသူတွေကတော့ ခွင့်ပြုမိန့်မရှိဘဲ ဆန္ဒပြမှုနဲ့ နိုင်ငံတော်အကြည်ညိုပျက်စေမှုတွေနဲ့ တရားစွဲဆိုရုံးထုတ်နေပါတယ်။ Read more

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013