DVB Logo
Home
မြန်မာသတင်း
အပြည်ပြည်ဆိုင်ရာ ဌာနေတိုင်းရင်းသားများနေ့ အခမ်းအနား တောင်ကြီးတွင် ကျင်းပ
DVB
·
August 9, 2019
အပြည်ပြည်ဆိုင်ရာ ဌာနေတိုင်းရင်းသားများနေ့ အခမ်းအနား တောင်ကြီးတွင် ကျင်းပ
Donate to DVB

ဌာနေတိုင်းရင်းရင်းသား အခွင့်အရေးနဲ့ ဓလေ့ထုံးတမ်းစဉ်လာကို နိုင်ငံတော်က အလေးထားပြီး ဌာနေတိုင်းရင်းသား အခွင့်အရေးပိုမိုရရှိဖို့ အပြည်ပြည်ဆိုင်ရာ ဌာနေတိုင်းရင်းသားများနေ့ အခမ်းအနားကို သြဂုတ် ၈ ရက်က တောင်ကြီးမြို့ ရှမ်းစာပေနဲ့ ယဉ်ကျေးမှုခန်းမမှာ ကျင်းပခဲ့ကြပါတယ်။

တိုင်းရင်းသားအချင်းချင်း ချစ်ကြည်ရင်းနှီးမှုရရှိစေဖို့နဲ့ ဌာနေတိုင်းရင်းသား အခက်အခဲ တွေဖလှယ်ပြီး တိုင်းရင်းသားရေးရာဝန်ကြီးတွေသိရှိဖို့ တောင်ကြီးမှာ ပထမဆုံးအကြိမ်ပြုလုပ်တာ ဖြစ်ပါတယ်။

အပြည်ပြည်ဆိုင်ရာ ဌာနေတိုင်းရင်းသားများနေ့ကို ရန်ကုန်မြို့မှာ ၂၀၁၄ မှ  ၂၀၁၈ ခုနှစ်အထိ စတင်ကျင်းပခဲ့ပေ့မယ့် မြန်မာနိုင်ငံအနှံ့အပြားက ဌာနေတိုင်းရင်းသားတွေ အခွင့်အရေး ကျယ်ကျယ်ပြန့်ပြန့်သိရှိဖို့ တိုင်းနဲ့ ပြည်နယ်မှာ ကျင်းပကြတာပါ။

အခမ်းအနားမှာ ဌာနေတိုင်းရင်းသား ပေါ်ပေါက်လာတဲ့အကြောင်းတွေ၊ ဌာနေတိုင်းရင်းသား အခွင့်အရေးဆိုင်ရာတင်ပြခြင်း၊ ဌာနေတိုင်းရင်းသား ရင်ဆိုင်နေရတဲ့ အခက်ခဲထဲမှ အရေးကြီးတဲ့ ကဏ္ဍတွေဆွေးနွေးခြင်းနဲ့ ဌာနေတိုင်းရင်းသား ရိုးရာဖော်ဆောင်မှုတွေပြုလုပ်ခဲ့ပါတယ်။

ဆွေးနွေးမှုမှ ရရှိလာတဲ့ ရလဒ်တွေကို ဥပဒေပြုသူနဲ့ အခြားဌာနေတိုင်းရင်းသားဖိုရမ်တို့ထံ တင်ပြသွားမယ်လို့ ဆိုပါတယ်။

ပထမဆုံးအကြိမ် အပြည်ပြည်ဆိုင်ရာ ဌာနေတိုင်းရင်းသားများနေ့ အခမ်းအနားကို မြန်မာနိုင်ငံ ဌာနေတိုင်းရင်းသားများကွန်ရက်၊ မေတ္တာဖောင်ဒေးရှင်း၊ သဘာဝပတ်ဝန်း ထိန်းသိမ်းရေးနဲ့ တောင်သူလယ်မားဖွံဖြိုးရေးအဖွဲ့တို့ပူးပေါင်းပြီး ကျင်းပတာဖြစ်ပါတယ်။

၂၀၁၉ သြဂုတ်လ ၉ ရက်မှာကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ ဌာနေတိုင်းရင်းသားများနေ့ကို သြဂုတ် ၈ ရက်နေ့ က ရှမ်းပြည်နယ် တောင်ကြီး မြို့မှာကျင်းပပြီး ကချင်ပြည်နယ် ဖားကန့် ဒေသနဲ့ ပဲခူးတိုင်း ပဲခူးမြို့မှာ ဆက်လက်ကျင်းပသွားမှာဖြစ်ပါတယ်။

တောင်ကြီးမြို့မှာ ကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ ဌာနေတိုင်းရင်းသားများနေ့ အခမ်းအနားကို တိုင်းရင်းသားရေးရာဝန်ကြီးတွေ ရှမ်းပြည်နယ် အရှေ့ပိုင်း၊ တောင်ပိုင်း၊ မြောင်းပိုင်းနဲ့ ကယားပြည်နယ်ရှိ တိုင်းရင်းသားမျိုးနွယ်စု ၂၆ မျိုး ဖြစ်တဲ့ ရှမ်း၊ ပအိုဝ်း၊ ဓနု၊လီဆူ၊ ယင်း နက်၊ ကယန်း၊ ကယား၊ ကယော၊ ပလောင်၊ ကချင်၊ ကရင်၊ ချင်း၊ ယင်းဘော်၊ မြောင်ဇီး၊ တောင်ရိုး၊ ထနော့၊ ယင်းကြား၊ ဗမာ၊ အင်းသား၊ ကိုးကန့်၊ ရှမ်းနီ၊ အာခါ၊ လားဟူ၊ ဝ၊ လွယ်၊ အဲန် တိုင်းရင်းသား တွေတက်ရောက်ခဲ့ပါတယ်။

ခွန်ရာဇာ

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Zawgyi_version

အျပည္ျပည္ဆိုင္ရာ ဌာေနတိုင္းရင္းသားမ်ားေန႔ အခမ္းအနား ေတာင္ႀကီးတြင္ က်င္းပ

DVB

ဌာေနတိုင္းရင္းရင္းသား အခြင့္အေရးနဲ႔ ဓေလ့ထုံးတမ္းစဥ္လာကို ႏိုင္ငံေတာ္က အေလးထားၿပီး ဌာေနတိုင္းရင္းသား အခြင့္အေရးပိုမိုရရွိဖို႔ အျပည္ျပည္ဆိုင္ရာ ဌာေနတိုင္းရင္းသားမ်ားေန႔ အခမ္းအနားကို ၾသဂုတ္ ၈ ရက္က ေတာင္ႀကီးၿမိဳ႕ ရွမ္းစာေပနဲ႔ ယဥ္ေက်းမႈခန္းမမွာ က်င္းပခဲ့ၾကပါတယ္။

တိုင္းရင္းသားအခ်င္းခ်င္း ခ်စ္ၾကည္ရင္းႏွီးမႈရရွိေစဖို႔နဲ႔ ဌာေနတိုင္းရင္းသား အခက္အခဲ ေတြဖလွယ္ၿပီး တိုင္းရင္းသားေရးရာဝန္ႀကီးေတြသိရွိဖို႔ ေတာင္ႀကီးမွာ ပထမဆုံးအႀကိမ္ျပဳလုပ္တာ ျဖစ္ပါတယ္။

အျပည္ျပည္ဆိုင္ရာ ဌာေနတိုင္းရင္းသားမ်ားေန႔ကို ရန္ကုန္ၿမိဳ႕မွာ ၂၀၁၄ မွ  ၂၀၁၈ ခုႏွစ္အထိ စတင္က်င္းပခဲ့ေပ့မယ့္ ျမန္မာႏိုင္ငံအႏွံ႔အျပားက ဌာေနတိုင္းရင္းသားေတြ အခြင့္အေရး က်ယ္က်ယ္ပန႔္ျပန႔္သိရွိဖို႔ တိုင္းနဲ႔ ျပည္နယ္မွာ က်င္းပၾကတာပါ။

အခမ္းအနားမွာ ဌာေနတိုင္းရင္းသား ေပၚေပါက္လာတဲ့အေၾကာင္းေတြ၊ ဌာေနတိုင္းရင္းသား အခြင့္အေရးဆိုင္ရာတင္ျပျခင္း၊ ဌာေနတိုင္းရင္းသား ရင္ဆိုင္ေနရတဲ့ အခက္ခဲထဲမွ အေရးႀကီးတဲ့ က႑ေတြေဆြးေႏြးျခင္းနဲ႔ ဌာေနတိုင္းရင္းသား ႐ိုးရာေဖာ္ေဆာင္မႈေတြျပဳလုပ္ခဲ့ပါတယ္။

ေဆြးေႏြးမႈမွ ရရွိလာတဲ့ ရလဒ္ေတြကို ဥပေဒျပဳသူနဲ႔ အျခားဌာေနတိုင္းရင္းသားဖိုရမ္တို႔ထံ တင္ျပသြားမယ္လို႔ ဆိုပါတယ္။

ပထမဆုံးအႀကိမ္ အျပည္ျပည္ဆိုင္ရာ ဌာေနတိုင္းရင္းသားမ်ားေန႔ အခမ္းအနားကို ျမန္မာႏိုင္ငံ ဌာေနတိုင္းရင္းသားမ်ားကြန္ရက္၊ ေမတၱာေဖာင္ေဒးရွင္း၊ သဘာဝပတ္ဝန္း ထိန္းသိမ္းေရးနဲ႔ ေတာင္သူလယ္မားဖြံၿဖိဳးေရးအဖြဲ႕တို႔ပူးေပါင္းၿပီး က်င္းပတာျဖစ္ပါတယ္။

၂၀၁၉ ၾသဂုတ္လ ၉ ရက္မွာက်ေရာက္တဲ့ အျပည္ျပည္ဆိုင္ရာ ဌာေနတိုင္းရင္းသားမ်ားေန႔ကို ၾသဂုတ္ ၈ ရက္ေန႔ က ရွမ္းျပည္နယ္ ေတာင္ႀကီး ၿမိဳ႕မွာက်င္းပၿပီး ကခ်င္ျပည္နယ္ ဖားကန႔္ ေဒသနဲ႔ ပဲခူးတိုင္း ပဲခူးၿမိဳ႕မွာ ဆက္လက္က်င္းပသြားမွာျဖစ္ပါတယ္။

ေတာင္ႀကီးၿမိဳ႕မွာ က်င္းပတဲ့ အျပည္ျပည္ဆိုင္ရာ ဌာေနတိုင္းရင္းသားမ်ားေန႔ အခမ္းအနားကို တိုင္းရင္းသားေရးရာဝန္ႀကီးေတြ ရွမ္းျပည္နယ္ အေရွ႕ပိုင္း၊ ေတာင္ပိုင္း၊ ေျမာင္းပိုင္းနဲ႔ ကယားျပည္နယ္ရွိ တိုင္းရင္းသားမ်ိဳးႏြယ္စု ၂၆ မ်ိဳး ျဖစ္တဲ့ ရွမ္း၊ ပအိုဝ္း၊ ဓႏု၊လီဆူ၊ ယင္း နက္၊ ကယန္း၊ ကယား၊ ကေယာ၊ ပေလာင္၊ ကခ်င္၊ ကရင္၊ ခ်င္း၊ ယင္းေဘာ္၊ ေျမာင္ဇီး၊ ေတာင္႐ိုး၊ ထေနာ့၊ ယင္းၾကား၊ ဗမာ၊ အင္းသား၊ ကိုးကန႔္၊ ရွမ္းနီ၊ အာခါ၊ လားဟူ၊ ဝ၊ လြယ္၊ အဲန္ တိုင္းရင္းသား ေတြတက္ေရာက္ခဲ့ပါတယ္။

ခြန္ရာဇာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013