DVB Logo
Home
မြန်မာသတင်း
ပေါင်မြို့နယ် တောင်ပြိုကျ၍ လူ ၃၀ ကျော် ဒဏ်ရာရ၊ သံလွင်တံတား ယာယီပိတ်ထားရ
DVB
·
August 9, 2019
ပေါင်မြို့နယ် တောင်ပြိုကျ၍ လူ ၃၀ ကျော် ဒဏ်ရာရ၊ သံလွင်တံတား ယာယီပိတ်ထားရ
1 / 3
Donate to DVB

မိုးသည်ထန်စွာရွာသွန်းမှုကြောင့် မွန်ပြည်နယ် ပေါင်မြို့နယ် သဲဖြူကုန်းကျေးရွာမှာ တောင်မြေသားပြိုကျပြီး လူ ၃၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့တာကြောင့် မော်လမြိုင် ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ကုသထားရတယ်လို့ သိရပါတယ်။

တောင်ပြိုကျတဲ့ထဲ လူနေအိမ် ၁၁ လုံး၊ ဥတ္တရာ ရာမ ဘုန်းကြီးကျောင်ပါသွားပြီး မော်တော်ယာဉ်လေးစီး ပျက်စီးခဲ့တယ်လို့ ဒီဗွီဘီ နယ်ခံသတင်းထောက်က ပြောပါတယ်။

ပေါင်မြို့နယ်အတွင်း ဒီနေ့ မနက်အစောပိုင်း ၄ နာရီလောက်ကစပြီး မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးနေတာကြောင့် မုတ္တမတိုက်နယ်ဆေးရုံရှိ လူနာတွေကိုလည်း ဘေးလွတ်ရာကို ရွှေ့ပြောင်းထားရပါတယ်။

ပေါင်မြို့နယ် မုတ္တမတိုက်နယ်ဆေးရုံမှာ ဆေးကုသမှုခံယူနေကြတဲ့ ကျန်းမာရေးချို့တဲ့လူနာ ၃၁ ဦးကို သြဂုတ် ၉ရက်မနက် ၇ နာရီ ၅၀ အချိန်မှာ ရေအခြေအနေအရ ကယ်ဆယ်ရေးလှေတွေနဲ့ သယ်ထုတ်ပြီး နန်းဦးဘုန်းကြီးကျောင်းကို ယာယီရွှေပြောင်းပေးခဲ့တာဖြစ်ပါတယ်။

မုဒုံမြို့နယ်မှာလည်း ဒီနေ့မနက်အစောပိုင်းက မိုးသည်းထန်စွာ ရွာသွန်းပြီး မြို့ပေါ်ရပ်ကွက်တွေ ရေကြီးနစ်မြုပ်မှု ဖြစ်နေလို့ မုဒုံမြို့နယ်မီးသတ်တပ်ဖွဲ့ဝင်တွေက ကူညီကယ်ဆယ်ရေးတွေ လုပ်ဆောင်နေတယ်လို့ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

ဒီကနေ့မနက်ပိုင်း ၆ နာရီခွဲအချိန်ကစပြီး သံလွင်တံတား (မော်လမြိုင်) ဖြတ်သန်းမှုကို ခေတ္တပိတ်ထားတယ်လို့ သိရပါတယ်။

မိုးရွာသွန်းပြီး အတ္ထရံမြစ်ရေ မြင့်တက်မှုကြောင့် ကျိုက်မရောမြို့နယ် စာသင်ကျောင်း ၁ ကျောင်း ယာယီပိတ်ထားခဲ့ပြီး ရေဘေးကယ်ဆယ်ရေးစခန်မှာ အိမ်ထောင်စု ၄၈၀ စု၊ ဘီးလင်းမြစ်ရေ မြင့်တက်မှုကြောင့် ဘီလင်းမြို့နယ်အတွင်း လူဦးရေ ၇၀၀၅ ဦး ခိုလှုံနေကြတယ်လို့ သိရပါတယ်။

 ဒုံသမိမြစ်ရေ မြင့်တက်မှုကြောင့် သထုံမြို့နယ်၊ ဒူးရင်းဆိပ်ကျေးရွာပါ ၂ ရွာမှာ နေအိမ် ၆ လုံး ပြိုကျ၊ နေအိမ် ၇ လုံး၊ ဘုန်းကြီးကျောင်း ၁ ကျောင်း အမိုးလန် ဆုံးရှုံးခဲ့ပြီး အိမ်ထောင်စု ၃၈ စု၊ လူဦးရေ ၂၀၃ ဦး ကျေးရွာဘုန်းကြီးကျောင်းတွေမှာ ခေတ္တပြောင်းရွှေ့နေထိုင်နေကြတယ်လို့  ပြည်ထဲရေးက ဩဂုတ် ၈ ရက်နေ့က ထုတ်ပြန်ထားပါတယ်။




Zawgyi Version

ေပါင္ၿမိဳ႕နယ္ ေတာင္ၿပိဳက်၍ လူ ၃၀ ေက်ာ္ ဒဏ္ရာရ၊ သံလြင္တံတား ယာယီပိတ္ထားရ

DVB

မိုးသည္ထန္စြာ႐ြာသြန္းမႈေၾကာင့္ မြန္ျပည္နယ္ ေပါင္ၿမိဳ႕နယ္ သဲျဖဴကုန္းေက်း႐ြာမွာ ေတာင္ေျမသားၿပိဳက်ၿပီး လူ ၃၀ ေက်ာ္ ထိခိုက္ဒဏ္ရာရခဲ့တာေၾကာင့္ ေမာ္လၿမိဳင္ ျပည္သူ႔ေဆး႐ုံႀကီးကို ပို႔ေဆာင္ကုသထားရတယ္လို႔ သိရပါတယ္။

ေတာင္ၿပိဳက်တဲ့ထဲ လူေနအိမ္ ၁၁ လုံး၊ ဥတၱရာ ရာမ ဘုန္းႀကီးေက်ာင္ပါသြားၿပီး ေမာ္ေတာ္ယာဥ္ေလးစီး ပ်က္စီးခဲ့တယ္လို႔ ဒီဗြီဘီ နယ္ခံသတင္းေထာက္က ေျပာပါတယ္။

ေပါင္ၿမိဳ႕နယ္အတြင္း ဒီေန႔ မနက္အေစာပိုင္း ၄ နာရီေလာက္ကစၿပီး မိုးသည္းထန္စြာ႐ြာသြန္းၿပီး ေရႀကီးေနတာေၾကာင့္ မုတၱမတိုက္နယ္ေဆး႐ုံရွိ လူနာေတြကိုလည္း ေဘးလြတ္ရာကို ေ႐ႊ႕ေျပာင္းထားရပါတယ္။

ေပါင္ၿမိဳ႕နယ္ မုတၱမတိုက္နယ္ေဆး႐ုံမွာ ေဆးကုသမႈခံယူေနၾကတဲ့ က်န္းမာေရးခ်ိဳ႕တဲ့လူနာ ၃၁ ဦးကို ၾသဂုတ္ ၉ရက္မနက္ ၇ နာရီ ၅၀ အခ်ိန္မွာ ေရအေျခအေနအရ ကယ္ဆယ္ေရးေလွေတြနဲ႔ သယ္ထုတ္ၿပီး နန္းဦးဘုန္းႀကီးေက်ာင္းကို ယာယီေ႐ႊေျပာင္းေပးခဲ့တာျဖစ္ပါတယ္။

မုဒုံၿမိဳ႕နယ္မွာလည္း ဒီေန႔မနက္အေစာပိုင္းက မိုးသည္းထန္စြာ ႐ြာသြန္းၿပီး ၿမိဳ႕ေပၚရပ္ကြက္ေတြ ေရႀကီးနစ္ျမဳပ္မႈ ျဖစ္ေနလို႔ မုဒုံၿမိဳ႕နယ္မီးသတ္တပ္ဖြဲ႕ဝင္ေတြက ကူညီကယ္ဆယ္ေရးေတြ လုပ္ေဆာင္ေနတယ္လို႔ မီးသတ္တပ္ဖြဲ႕က ထုတ္ျပန္ထားပါတယ္။

ဒီကေန႔မနက္ပိုင္း ၆ နာရီခြဲအခ်ိန္ကစၿပီး သံလြင္တံတား (ေမာ္လၿမိဳင္) ျဖတ္သန္းမႈကို ေခတၱပိတ္ထားတယ္လို႔ သိရပါတယ္။

မိုး႐ြာသြန္းၿပီး အတၳရံျမစ္ေရ ျမင့္တက္မႈေၾကာင့္ က်ိဳက္မေရာၿမိဳ႕နယ္ စာသင္ေက်ာင္း ၁ ေက်ာင္း ယာယီပိတ္ထားခဲ့ၿပီး ေရေဘးကယ္ဆယ္ေရးစခန္မွာ အိမ္ေထာင္စု ၄၈၀ စု၊ ဘီးလင္းျမစ္ေရ ျမင့္တက္မႈေၾကာင့္ ဘီလင္းၿမိဳ႕နယ္အတြင္း လူဦးေရ ၇၀၀၅ ဦး ခိုလႈံေနၾကတယ္လို႔ သိရပါတယ္။

ဒုံသမိျမစ္ေရ ျမင့္တက္မႈေၾကာင့္ သထုံၿမိဳ႕နယ္၊ ဒူးရင္းဆိပ္ေက်း႐ြာပါ ၂ ႐ြာမွာ ေနအိမ္ ၆ လုံး ၿပိဳက်၊ ေနအိမ္ ၇ လုံး၊ ဘုန္းႀကီးေက်ာင္း ၁ ေက်ာင္း အမိုးလန္ ဆုံးရႈံးခဲ့ၿပီး အိမ္ေထာင္စု ၃၈ စု၊ လူဦးေရ ၂၀၃ ဦး ေက်း႐ြာဘုန္းႀကီးေက်ာင္းေတြမွာ ေခတၱေျပာင္းေ႐ႊ႕ေနထိုင္ေနၾကတယ္လို႔  ျပည္ထဲေရးက ဩဂုတ္ ၈ ရက္ေန႔က ထုတ္ျပန္ထားပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013