DVB Logo
Home
မြန်မာသတင်း
ဂွ-ငါးသိုင်းချောင်း ကားလမ်းပေါ်တွင် တရားမဝင်ဝင်ရောက်သူများကို ဖမ်းမိ
DVB
·
August 9, 2019
ဂွ-ငါးသိုင်းချောင်း ကားလမ်းပေါ်တွင် တရားမဝင်ဝင်ရောက်သူများကို ဖမ်းမိ
Donate to DVB

ဂွနဲ့ ငါးသိုင်းချောင်း ကားလမ်းပေါ်မှာ သြဂုတ် ၇ ရက်နေ့ မနက်ပိုင်းက ဆိုင်ကယ် ၄ စီးနဲ့ သယ်လာတဲ့ ဘင်္ဂါလီ ၄ ဦးကို ဖမ်းဆီးမိတယ်လို့ သိရပါတယ်။

ဂွမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး မြင့်ဌေး ဦးဆောင်ပြီး ရဲ၊ လဝက ရပ်/ကျေး အုပ်ချုပ်ရေးမှူးတွေ ပါဝင်တဲ့အဖွဲ့ဟာ သတင်းအရ စစ်ဆေးရာမှ ဂွမြို့နယ် ဒေါင်းချောင်းကျေးရွာအုပ်စု ကားလမ်းပေါ်မှာ ဖမ်းမိတာပါ။

ဖမ်းဆီးရာမှာ ဆိုင်ကယ်မောင်းသူ ၄ ဦးဖြစ်တဲ့ ရဝေအောင်၊ ဆန်ဦး(ခ)ဖိုးဆု၊ ဖြိုးဝေမောင်၊ ချိုတူး (ခ) ဖိုးချို တို့ (၄) ဦးကို (ပ)၁၇၄ /၂၀၁၈ ရာဇသတ်ကြီး ပုဒ်မ ၃၆၇/၃၇၀တို့နဲ့ တရားစွဲပြီး တရားမဝင် ခိုးဝင်တဲ့ ဆောန်ဂျူဟာရ်နဲ့ အမျိုးသမီး ၃ ဦးကို ပြည်တောင်စုမြန်မာနိုင်ငံ အတွင်းနေထိုင်သူများ မှတ်ပုံတင် ရေးအက်ဥပဒေ ၆(၂)/၆(၃) နဲ့ ဂွမြိုမရဲစခန်းမှာ အရေးယူစစ်ဆေးနေတယ်လို့ ဂွမြို့နယ်ရဲစခန်းက သိရပါတယ်။

ယင်းဘင်္ဂါလီ ၄ ဦးကို သံတွဲ-ဂွ ကားလမ်းဘေး(မော်ရုံတောင် တောင်ခြေ)ကနေ ဧရာဝတီတိုင်း ရေကြည်မြို့နယ် သီတာကုန်းပြင်ကျေးရွာထိ ပို့ဆောင်ခငွေ ၁ ဦးကို ကျပ်ငွေ နှစ်သိန်းခွဲနှုံးနဲ့ ပို့ဆောင်တာလို့ သိရပါတယ်။

 ရေကြည်မြို့နယ်ထဲမှာ ၂၀၁၈ ခုနှစ် သြဂတ် ၅၊ ၆ နဲ့ ၁၁ ရက်နေ့တွေက တရားဝင်ခိုးဝင်တဲ့ ဘင်္ဂါလီ ၁၅ ဦး ဖမ်းဆီးရမိခဲ့ဖူးပါတယ်။ 

ရခိုင်ပြည်နယ်ကနေ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းတွေထဲကို ငပလီ-ရန်ကုန်ကားလမ်း၊ စစ်တွေ-ရန်ကုန်ကားလမ်းနဲ့ တောင်ကုတ်-ရန်ကုန် ကားလမ်းတွေရဲ့ စစ်ဆေးရေးဂိတ်တွေမှာ တရားမဝင် ခိုးဝင် ဘင်္ဂါလီတွေကို ဆက်တိုက်ဆိုသလို ဖမ်းဆီးရမိနေပါတယ်။




Zawgyi Version

ဂြ-ငါးသိုင္းေခ်ာင္း ကားလမ္းေပၚတြင္ တရားမဝင္ဝင္ေရာက္သူမ်ားကို ဖမ္းမိ

DVB

ဂြနဲ႔ ငါးသိုင္းေခ်ာင္း ကားလမ္းေပၚမွာ ၾသဂုတ္ ၇ ရက္ေန႔ မနက္ပိုင္းက ဆိုင္ကယ္ ၄ စီးနဲ႔ သယ္လာတဲ့ ဘဂၤါလီ ၄ ဦးကို ဖမ္းဆီးမိတယ္လို႔ သိရပါတယ္။

ဂြၿမိဳ႕နယ္ ရဲတပ္ဖြဲ႕မႉး ရဲမႉး ျမင့္ေဌး ဦးေဆာင္ၿပီး ရဲ၊ လဝက ရပ္/ေက်း အုပ္ခ်ဳပ္ေရးမႉးေတြ ပါဝင္တဲ့အဖြဲ႕ဟာ သတင္းအရ စစ္ေဆးရာမွ ဂြၿမိဳ႕နယ္ ေဒါင္းေခ်ာင္းေက်း႐ြာအုပ္စု ကားလမ္းေပၚမွာ ဖမ္းမိတာပါ။

ဖမ္းဆီးရာမွာ ဆိုင္ကယ္ေမာင္းသူ ၄ ဦးျဖစ္တဲ့ ရေဝေအာင္၊ ဆန္ဦး(ခ)ဖိုးဆု၊ ၿဖိဳးေဝေမာင္၊ ခ်ိဳတူး (ခ) ဖိုးခ်ိဳ တို႔ (၄) ဦးကို (ပ)၁၇၄ /၂၀၁၈ ရာဇသတ္ႀကီး ပုဒ္မ ၃၆၇/၃၇၀တို႔နဲ႔ တရားစြဲၿပီး တရားမဝင္ ခိုးဝင္တဲ့ ေဆာန္ဂ်ဴဟာရ္နဲ႔ အမ်ိဳးသမီး ၃ ဦးကို ျပည္ေတာင္စုျမန္မာႏိုင္ငံ အတြင္းေနထိုင္သူမ်ား မွတ္ပုံတင္ ေရးအက္ဥပေဒ ၆(၂)/၆(၃) နဲ႔ ဂြၿမိဳမရဲစခန္းမွာ အေရးယူစစ္ေဆးေနတယ္လို႔ ဂြၿမိဳ႕နယ္ရဲစခန္းက သိရပါတယ္။

ယင္းဘဂၤါလီ ၄ ဦးကို သံတြဲ-ဂြ ကားလမ္းေဘး(ေမာ္႐ုံေတာင္ ေတာင္ေျခ)ကေန ဧရာဝတီတိုင္း ေရၾကည္ၿမိဳ႕နယ္ သီတာကုန္းျပင္ေက်း႐ြာထိ ပို႔ေဆာင္ခေငြ ၁ ဦးကို က်ပ္ေငြ ႏွစ္သိန္းခြဲႏႈံးနဲ႔ ပို႔ေဆာင္တာလို႔ သိရပါတယ္။

ေရၾကည္ၿမိဳ႕နယ္ထဲမွာ ၂၀၁၈ ခုႏွစ္ ၾသဂတ္ ၅၊ ၆ နဲ႔ ၁၁ ရက္ေန႔ေတြက တရားဝင္ခိုးဝင္တဲ့ ဘဂၤါလီ ၁၅ ဦး ဖမ္းဆီးရမိခဲ့ဖူးပါတယ္။

ရခိုင္ျပည္နယ္ကေန ဧရာဝတီတိုင္း၊ ပဲခူးတိုင္းေတြထဲကို ငပလီ-ရန္ကုန္ကားလမ္း၊ စစ္ေတြ-ရန္ကုန္ကားလမ္းနဲ႔ ေတာင္ကုတ္-ရန္ကုန္ ကားလမ္းေတြရဲ႕ စစ္ေဆးေရးဂိတ္ေတြမွာ တရားမဝင္ ခိုးဝင္ ဘဂၤါလီေတြကို ဆက္တိုက္ဆိုသလို ဖမ္းဆီးရမိေနပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013