DVB Logo
Home
မြန်မာသတင်း
ပေါင်မြို့နယ် မုတ္တမဆေးရုံတွင်း ရေဝင်သဖြင့် လူနာများအား ဘေးလွတ်ရာပြောင်းရွှေ့
DVB
·
August 9, 2019
ပေါင်မြို့နယ် မုတ္တမဆေးရုံတွင်း ရေဝင်သဖြင့် လူနာများအား ဘေးလွတ်ရာပြောင်းရွှေ့
1 / 7
Donate to DVB

မွန်ပြည်နယ် ပေါင်မြို့နယ်အတွင်း ဒီနေ့ မနက်အစောပိုင်း ၄ နာရီလောက်ကစပြီး မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးနေတာကြောင့် မုတ္တမတိုက်နယ်ဆေးရုံရှိ လူနာတွေကို ဘေးလွတ်ရာကို ရွှေ့ပြောင်းထားခဲ့ကြပါတယ်။

ပေါင်မြို့နယ် မုတ္တမတိုက်နယ်ဆေးရုံမှာ ဆေးကုသမှုခံယူနေကြတဲ့ ကျန်းမာရေးချို့တဲ့လူနာ ၃၁ ဦးကို သြဂုတ် ၉ရက်မနက် ၇ နာရီ ၅၀ အချိန်မှာ ရေအခြေအနေအရ ကယ်ဆယ်ရေးလှေတွေနဲ့ သယ်ထုတ်ပြီး နန်းဦးဘုန်းကြီးကျောင်းကို ယာယီရွှေပြောင်းပေးခဲ့တာဖြစ်ပါတယ်။

လတ်တလောအခြေအနေမှာ သံလွင်တံတား(မုတ္တမ)ဘက်အခြမ်းကနေ ပေါင်မြို့ကို လာရာ အဝေးပြေးကားလမ်းတလျောက် ရေ ၁ ပေကျော်လောက် မြင့်တက်နေတာကြောင့် အဝေးပြေးကားငယ်သွားလာမှုကို ခေတ္တရပ်ဆိုင်းထားတာလည်းဖြစ်ပါတယ်။

သတင်း-ယူမင်းစိုး၊ ဓာတ်ပုံ - Zaw Moe Aung




Zawgyi Version

ေပါင္ၿမိဳ႕နယ္ မုတၱမေဆး႐ုံတြင္း ေရဝင္သျဖင့္ လူနာမ်ားအား ေဘးလြတ္ရာေျပာင္းေ႐ႊ႕

ဒီဗြီဘီ

မြန္ျပည္နယ္ ေပါင္ၿမိဳ႕နယ္အတြင္း ဒီေန႔ မနက္အေစာပိုင္း ၄ နာရီေလာက္ကစၿပီး မိုးသည္းထန္စြာ႐ြာသြန္းၿပီး ေရႀကီးေနတာေၾကာင့္ မုတၱမတိုက္နယ္ေဆး႐ုံရွိ လူနာေတြကို ေဘးလြတ္ရာကို ေ႐ႊ႕ေျပာင္းထားခဲ့ၾကပါတယ္။

ေပါင္ၿမိဳ႕နယ္ မုတၱမတိုက္နယ္ေဆး႐ုံမွာ ေဆးကုသမႈခံယူေနၾကတဲ့ က်န္းမာေရးခ်ိဳ႕တဲ့လူနာ ၃၁ ဦးကို ၾသဂုတ္ ၉ရက္မနက္ ၇ နာရီ ၅၀ အခ်ိန္မွာ ေရအေျခအေနအရ ကယ္ဆယ္ေရးေလွေတြနဲ႔ သယ္ထုတ္ၿပီး နန္းဦးဘုန္းႀကီးေက်ာင္းကို ယာယီေ႐ႊေျပာင္းေပးခဲ့တာျဖစ္ပါတယ္။

လတ္တေလာအေျခအေနမွာ သံလြင္တံတား(မုတၱမ)ဘက္အျခမ္းကေန ေပါင္ၿမိဳ႕ကို လာရာ အေဝးေျပးကားလမ္းတေလ်ာက္ ေရ ၁ ေပေက်ာ္ေလာက္ ျမင့္တက္ေနတာေၾကာင့္ အေဝးေျပးကားငယ္သြားလာမႈကို ေခတၱရပ္ဆိုင္းထားတာလည္းျဖစ္ပါတယ္။

သတင္း-ယူမင္းစိုး၊ ဓာတ္ပုံ - Zaw Moe Aung

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013