DVB Logo
Home
မြန်မာသတင်း
ဦးလှဆွေကို နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မဖြင့် ဖမ်းဝရမ်းထုတ်
DVB
·
August 8, 2019
ဦးလှဆွေကို နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မဖြင့် ဖမ်းဝရမ်းထုတ်
Donate to DVB

လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးလှဆွေကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄ က နဲ့ ဖမ်းဝရမ်းထုတ်ထားတယ်လို့ ရန်ကုန် အနောက်ပိုင်းခရိုင်တရားရုံး သတင်းပြန်ကြားရေးအရာရှိ ဦးမင်းသန့်က ဒီဗွီဘီကို ပြောပါတယ်။

နိုင်ငံ့အကြီးအကဲကို သွယ်ဝိုက် ပြစ်တင်ရှုတ်ချတာတွေနဲ့ အမေရိကန်ကန်နိုင်ငံက မြန်မာ အပေါ် ဝင်ရောက် စွက်ဖွက်တာတွေကို နိုင်ငံခြားရေး ဝန်ကြီးဌာနက လက်ခံလုပ်ဆောင်ပေးနေ ကြောင်း ပြောဆိုချက်တွေဟာ အစိုးရအပေါ် မလေးစားအောင် ပြောဆိုခဲ့တာကြောင့် ကျောက်တံတားမြို့နယ် ဒုတိယ အုပ်ချုပ်ရေးမှူး ဦးမျိုးမြင့်က အနောက်ပိုင်းခရိုင်တရားရုံးကို အရေးယူပေးဖို့ သြဂတ် ၇ ရက်နေ့က တိုင်ကြားခဲ့တာလို့ ဆိုပါတယ်၊

အစ္စလာဘာသာရေးခေါင်းဆောင်တဦးဖြစ်သူ ဦးစန်းအောင်ကလည်း ဦးလှဆွေကို အစ္စလာမ်ဘာသာအပေါ် ပုတ်ခတ်ပြောဆိုတယ်ဆိုပြီး သာသနာညှိုးနွမ်းစေမှု ပုဒ်မ ၂၉၅ နဲ့ တရားလိုလုပ်ကာ တရားစွဲထားပါတယ်၊

ဦးစန်းအောင်က “ကျောက်တံတားမြို့နယ်တရားရုံးကနေ စစ်တယ်။ ပြီးတော့ ရဲကို ကျင့် ၂၀၂ အရ ပြန်ချပေးလိုက်ပါပြီ။ ဘာသာတရားဆိုင်ရာ ယုံကြည်မှုကို စော်ကားတိုက်ခိုက်တယ်။ အဲဒီအပေါ်မှာ စိတ်နာကျည်းတယ်။ ဒါကြောင့်စွဲတာပါ” လို့ ပြောပါတယ်။

အဲဒီအတွက် လာမယ့် ၂၁ ရက်နေ့မှာ ရုံးချိန်းထားတယ်လို့ ဦးစန်းအောင်က ပြောပါတယ်။  

လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးလှဆွေကို အုပ်ချုပ်ရေး အရာရှိက တရားစွဲဆိုထားတဲ့ နိုင်ငံတော် အကြည်ညို ပျက်စေမှု ပုဒ်မ ၁၂၄ ဟာ ပြစ်မှုထင်ရှားပါက ထောင်ဒဏ် အနှစ် ၂၀ အထိ ချမှတ်နိုင်တဲ့ ပုဒ်မ ဖြစ်ပါတယ်။ 

သာသနာညှိုးနွမ်းစေမှု ပုဒ်မ ၂၉၅ ကတော့ ပြစ်မှုထင်ရှားပါက ထောင်ဒဏ် ၂ နှစ်အထိဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ပါတယ်။

ဖမ်းဝရမ်းထုတ်ခံရတဲ့ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးလှဆွေကို ဆက်သွယ်မေးမြန်း ခဲ့ပေမယ့် စက်ပိတ်ထားပါတယ်။




ဦးလွေဆြကို ႏိုင္ငံေတာ္အၾကည္ညိဳပ်က္ေစမႈပုဒ္မျဖင့္ ဖမ္းဝရမ္းထုတ္
DVB

လႊတ္ေတာ္ကိုယ္စားလွယ္ေဟာင္း ဦးလွေဆြကို ႏိုင္ငံေတာ္အၾကည္ညိဳပ်က္ေစမႈ ပုဒ္မ ၁၂၄ က နဲ႔ ဖမ္းဝရမ္းထုတ္ထားတယ္လို႔ ရန္ကုန္ အေနာက္ပိုင္းခ႐ိုင္တရား႐ုံး သတင္းျပန္ၾကားေရးအရာရွိ ဦးမင္းသန႔္က ဒီဗြီဘီကို ေျပာပါတယ္။

ႏိုင္ငံ့အႀကီးအကဲကို သြယ္ဝိုက္ ျပစ္တင္ရႈတ္ခ်တာေတြနဲ႔ အေမရိကန္ကန္ႏိုင္ငံက ျမန္မာ အေပၚ ဝင္ေရာက္ စြက္ဖြက္တာေတြကို ႏိုင္ငံျခားေရး ဝန္ႀကီးဌာနက လက္ခံလုပ္ေဆာင္ေပးေန ေၾကာင္း ေျပာဆိုခ်က္ေတြဟာ အစိုးရအေပၚ မေလးစားေအာင္ ေျပာဆိုခဲ့တာေၾကာင့္ ေက်ာက္တံတားၿမိဳ႕နယ္ ဒုတိယ အုပ္ခ်ဳပ္ေရးမႉး ဦးမ်ိဳးျမင့္က အေနာက္ပိုင္းခ႐ိုင္တရား႐ုံးကို အေရးယူေပးဖို႔ ၾသဂတ္ ၇ ရက္ေန႔က တိုင္ၾကားခဲ့တာလို႔ ဆိုပါတယ္၊

အစၥလာဘာသာေရးေခါင္းေဆာင္တဦးျဖစ္သူ ဦးစန္းေအာင္ကလည္း ဦးလွေဆြကို အစၥလာမ္ဘာသာအေပၚ ပုတ္ခတ္ေျပာဆိုတယ္ဆိုၿပီး သာသနာညႇိဳးႏြမ္းေစမႈ ပုဒ္မ ၂၉၅ နဲ႔ တရားလိုလုပ္ကာ တရားစြဲထားပါတယ္၊

ဦးစန္းေအာင္က “ေက်ာက္တံတားၿမိဳ႕နယ္တရား႐ုံးကေန စစ္တယ္။ ၿပီးေတာ့ ရဲကို က်င့္ ၂၀၂ အရ ျပန္ခ်ေပးလိုက္ပါၿပီ။ ဘာသာတရားဆိုင္ရာ ယုံၾကည္မႈကို ေစာ္ကားတိုက္ခိုက္တယ္။ အဲဒီအေပၚမွာ စိတ္နာက်ည္းတယ္။ ဒါေၾကာင့္စြဲတာပါ” လို႔ ေျပာပါတယ္။

အဲဒီအတြက္ လာမယ့္ ၂၁ ရက္ေန႔မွာ ႐ုံးခ်ိန္းထားတယ္လို႔ ဦးစန္းေအာင္က ေျပာပါတယ္။

လႊတ္ေတာ္ကိုယ္စားလွယ္ေဟာင္း ဦးလွေဆြကို အုပ္ခ်ဳပ္ေရး အရာရွိက တရားစြဲဆိုထားတဲ့ ႏိုင္ငံေတာ္ အၾကည္ညိဳ ပ်က္ေစမႈ ပုဒ္မ ၁၂၄ ဟာ ျပစ္မႈထင္ရွားပါက ေထာင္ဒဏ္ အႏွစ္ ၂၀ အထိ ခ်မွတ္ႏိုင္တဲ့ ပုဒ္မ ျဖစ္ပါတယ္။

သာသနာညႇိဳးႏြမ္းေစမႈ ပုဒ္မ ၂၉၅ ကေတာ့ ျပစ္မႈထင္ရွားပါက ေထာင္ဒဏ္ ၂ ႏွစ္အထိျဖစ္ေစ၊ ေငြဒဏ္ျဖစ္ေစ၊ ဒဏ္ႏွစ္ရပ္လုံးျဖစ္ေစ ခ်မွတ္ႏိုင္ပါတယ္။
ဖမ္းဝရမ္းထုတ္ခံရတဲ့ လႊတ္ေတာ္ကိုယ္စားလွယ္ေဟာင္း ဦးလွေဆြကို ဆက္သြယ္ေမးျမန္း ခဲ့ေပမယ့္ စက္ပိတ္ထားပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013