မန္တလေး အိုးဘိုရပ်ကွက်တွင် အိုးပုတ်ခိုးပွဲတော် ကျင်းပ
Aung Aung Naing
·
August 8, 2019
လွန်ခဲ့သော နှစ်ပေါင်း ၁၅၀ ကျော်က ကျင်းပခဲ့တဲ့ အိုးပုတ်ခိုးပွဲတော်ကို မန္တလေး အောင်မြေသာစံမြို့နယ် အိုးဘိုရပ်ကွက်မှာ သြဂုတ်လ ၈ ရက်နေ့က ကျင်းပခဲ့ပါတယ်။
“အဖိုးငယ်ငယ်လေးက ဒီအိုးပုတ်ပွဲတော်ကို နွှဲခဲ့တာလေ အရမ်းပျော်ဖို့ ကောင်းတယ်။ ရွှေတချောင်းအတိုင်း လှေတွေနဲ့ အိုးပုတ်တွေတင်ပြီး လာရောင်းကြတာ ရှေးဘုရင်ခေတ်ကတော့ အိုးပုတ်ခိုးပွဲနော်လို့ခေါ်ကြတယ်။ တောင်ပြုံးပွဲတော်ကို လာကြရင်း တထောက်ဝင်နားကြရင်း ရောင်းကြ ဝယ်ကြရင်းနဲ့ အခုလို အိုးပုတ်ပွဲတော်ကြီးဖြစ်လာတာ” လို့ အိုးဘိုရွှေကျင်ရပ်က အသက် ၈၀ ကျော် ဦးရွှေလုံးကပြောပါတယ်။
ဒီအိုးပုတ်ပွဲတော်ကို အနယ်နယ်အရပ်ရပ်က လာရောက်ကြပြီး အမရပူရ၊ တံတားဦး ကျောက်ဆည်၊ စဉ့်ကိုင်စတဲ့မြို့ကြီးတွေကနေ လှေတွေနဲ့ ဆန်တက်ပြီး လာရောက်ရောင်းချတဲ့ အိုးပုတ်ပွဲတော်ကြီးလည်း ဖြစ်ပါတယ်။
အိုးပုတ်ပွဲတော်ကို မင်းတုန်းမင်းလက်ထက်က စတင် ကျင်းပခဲ့တာဖြစ်ပြီး လာရောက်ကြသူပေါင်း သိန်းနဲ့ချီ လာရောက်ကြတဲ့အိုးပုတ်ပွဲတော်ကြီးလည်းဖြစ်ပါတယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
Zawgyi_version
မႏၲေလး အိုးဘိုရပ္ကြက္တြင္ အိုးပုတ္ခိုးပြဲေတာ္ က်င္းပ
လြန္ခဲ့ေသာ ႏွစ္ေပါင္း ၁၅၀ ေက်ာ္က က်င္းပခဲ့တဲ့ အိုးပုတ္ခိုးပြဲေတာ္ကို မႏၲေလး ေအာင္ေျမသာစံၿမိဳ႕နယ္ အိုးဘိုရပ္ကြက္မွာ ၾသဂုတ္လ ၈ ရက္ေန႔က က်င္းပခဲ့ပါတယ္။
“အဖိုးငယ္ငယ္ေလးက ဒီအိုးပုတ္ပြဲေတာ္ကို ႏႊဲခဲ့တာေလ အရမ္းေပ်ာ္ဖို႔ ေကာင္းတယ္။ ေ႐ႊတေခ်ာင္းအတိုင္း ေလွေတြနဲ႔ အိုးဘုတ္ေတြတင္ၿပီး လာေရာင္းၾကတာ ေရွးဘုရင္ေခတ္ကေတာ့ အိုးပုတ္ခိုးပြဲေနာ္လို႔ေခၚၾကတယ္။ ေတာင္ၿပဳံးပြဲေတာ္ကို လာၾကရင္း တေထာက္ဝင္နားၾကရင္း ေရာင္းၾက ဝယ္ၾကရင္းနဲ႔ အခုလို အိုးပုတ္ပြဲေတာ္ႀကီးျဖစ္လာတာ” လို႔ အိုးဘိုေ႐ႊက်င္ရပ္က အသက္ ၈၀ ေက်ာ္ ဦးေ႐ႊလုံးကေျပာပါတယ္။
ဒီအိုးပုတ္ပြဲေတာ္ကို အနယ္နယ္အရပ္ရပ္က လာေရာက္ၾကၿပီး အမရပူရ၊ တံတားဦး ေက်ာက္ဆည္၊ စဥ့္ကိုင္စတဲ့ၿမိဳ႕ႀကီးေတြကေန ေလွေတြနဲ႔ ဆန္တက္ၿပီး လာေရာက္ေရာင္းခ်တဲ့ အိုးပုတ္ပြဲေတာ္ႀကီးလည္း ျဖစ္ပါတယ္။
အိုးပုတ္ပြဲေတာ္ကို မင္းတုန္းမင္းလက္ထက္က စတင္ က်င္းပခဲ့တာျဖစ္ၿပီး လာေရာက္ၾကသူေပါင္း သိန္းနဲ႔ခ်ီ လာေရာက္ၾကတဲ့အိုးပုတ္ပြဲေတာ္ႀကီးလည္းျဖစ္ပါတယ္။