DVB Logo
Home
မြန်မာသတင်း
ဖေ့စ်ဘွတ်ခ်ပေါ် ကြည့်ရှုသူ သိန်းချီရှိနေသည့် ရွှေမှုံရတီသီချင်းသစ်-ချစ်တယ်(ရုပ်သံ)
DVB
·
August 8, 2019
ဖေ့စ်ဘွတ်ခ်ပေါ် ကြည့်ရှုသူ သိန်းချီရှိနေသည့် ရွှေမှုံရတီသီချင်းသစ်-ချစ်တယ်(ရုပ်သံ)
Donate to DVB

“ချစ်တယ် ချစ်တယ် မိနစ်နဲ့အမျှ ချစ်တယ် ချစ်တယ် စက္ကန့်နဲ့အမျှ ချစ်တယ် ချစ်တယ် ဟူး ဒါအိမ်မက်ဆိုလည်းမထတော့ဘူး ... ချစ်တယ် ချစ်တယ်... ချစ်တယ် ချစ်တယ်... ချစ်တယ် ချစ်တယ် Yeah~~~”

ဒါကတော့ လတ်တလောအသစ်ထွက်ရှိလာတဲ့ ပရိသတ်အချစ်တော် သရုပ် ဆောင်မင်းသမီး ရွှေမှုံရတီရဲ့ ချစ်တယ်အမည်ရတဲ့ သီချင်းထဲက စာသားတွေဖြစ်ပြီး အွန်လိုင်းပေါ်မှာ ရေပန်းစားနေခဲ့ပါတယ်။

ဒီသီချင်းကိုတော့ ထုံးစံအတိုင်းပဲ ခင်ပွန်းဖြစ်သူ အဆိုတော် ရွှေထူးက ရေးစပ်ပေး ထားခဲ့တာဖြစ်ပြီး ချစ်စဖွယ် လှပဆန်းပြားတဲ့ ရိုက်ချက်တွေနဲ့ ရိုက်ကူးပုံဖော်ပေးထားခဲ့ တာ ဖြစ်ပါတယ်။

“My heart for u နင်သိလား... ချစ်တဲ့အကြောင်းပြောလို့မဝပါနေ့စဉ်နေ့တိုင်းပဲ... I feel so deep ရင်ထဲမှာ... အသဲယားလို့သိမ်းထားလိုက်မယ် ပိုက်ဆံအိတ်လေးထဲ... နင်မရှိလို့ငါတော့မဖြစ်တော့ဘူး... ရင်ဆိုင်မယ်လေအခက်အခဲများ လာစမ်းပါ... ခဏ လောက်တောင်မှမဝေးချင်ဘူး... အတူနေချင်တယ် တစ်ဘဝစာ ဖက်ထားပါ” 

ဒီသီချင်းရုပ်သံဗွီဒီယိုကို ရိုက်ကူးပုံဖော်ပေးထားတဲ့ ဒါရိုက်တာကတော့ အချစ်ဒရာ မာ ဇာတ်လမ်းတွေကို ပုံဖော်ရိုက်ကူးတဲ့နေရာမှာ နာမည်ကြီးတဲ့ လူငယ်ဒါရိုက်တာ အောင်မြတ် ဖြစ်ပါတယ်။

လှပတဲ့ အပြင်အဆင်နဲ့ ကော်ဖီဆိုင်တဆိုင်ရယ်၊ ကြည်နူးလန်းဆန်းတဲ့ အသွေးအ ရောင်တွေနဲ့ သူတို့ ၂ ဦး ပါဝင်သရုပ်ဆောင်ထားတဲ့ ဆန်းသစ်တဲ့ ချစ်စရာ ရုပ်သံဗွီဒီ ယိုဖိုင်ကိုတော့ ရွှေမှုံရတီက သူ့ရဲ့ ဖေ့စ်ဘွတ်ခ်အင်တာနက်လူမှုကွန်ရက်စာ မျက်နှာ ပေါ်မှတဆင့် မျှဝေထားခဲ့ပြီး လတ်တလော အချိန်ထိ ဝင်ရောက်ကြည့်ရှုကြတဲ့ အကြိမ် ရေ ၈ သိန်းကျော် ရှိနေခဲ့ပြီ ဖြစ်ပါတယ်။

“လူတွေအလယ်ဖက်ထားမယ် ခင်ဗျားကိုချွဲမှာပဲ... အပူဆိုင်တွေကိုမေ့ထားတယ် ဘာမှဂရုမစိုက်ဘူး... သေချာစေတဲ့အဖြေတစ်ခုပါ ရင်ခုန်သံတွေအခြေပြု... I Can't live without u bae... sry you are mine... Aye Yeah… စိတ်ညစ်တဲ့အချိန် ကလေး လေးလိုမျိုးငါချွဲချင်တယ် (မင်းချစ်သလိုဆိုးတာမျိုး)... ဒေါသတွေထွက် ရန်ဖြစ်တဲ့အချိန် မျိုး နင်လျှော့ပါကွာ (ချစ်လွန်းတော့ရစ်သလိုမျိုး )”

ရွှေမှုံရတီဟာ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်း ဒီဇင်ဘာလတုန်းကလည်း  ခင်ပွန်းဖြစ်သူ ရွှေ ထူးနဲ့ အတူသီဆိုထားတဲ့ အမှားအမည်ရတဲ့ သီချင်းတပုဒ်ကို ထွက်ရှိခဲ့တာမို့ ခုထွက်ရှိ လာတဲ့ သီချင်းကတော့ သူ့ရဲ့ ဒုတိယမြောက် သီချင်းတပုဒ် ဖြစ်လာခဲ့တာပါ။




ေဖ့စ္ဘြတ္ခ္ေပၚ ၾကည့္ရႈသူ သိန္းခ်ီရွိေနသည့္ ေ႐ႊမႈံရတီသီခ်င္းသစ္-ခ်စ္တယ္(႐ုပ္သံ)
(ေဖ့စ္ဘြတ္ခ္႐ြာ... ေဖ့စ္ဘြတ္ခ္ကမာၻ...)
ဒီဗြီဘီ

“ခ်စ္တယ္ ခ်စ္တယ္ မိနစ္နဲ႔အမွ် ခ်စ္တယ္ ခ်စ္တယ္ စကၠန႔္နဲ႔အမွ် ခ်စ္တယ္ ခ်စ္တယ္ ဟူး ဒါအိမ္မက္ဆိုလည္းမထေတာ့ဘူး ... ခ်စ္တယ္ ခ်စ္တယ္... ခ်စ္တယ္ ခ်စ္တယ္... ခ်စ္တယ္ ခ်စ္တယ္ Yeah~~~”

ဒါကေတာ့ လတ္တေလာအသစ္ထြက္ရွိလာတဲ့ ပရိသတ္အခ်စ္ေတာ္ သ႐ုပ္ ေဆာင္မင္းသမီး ေ႐ႊမႈံရတီရဲ႕ ခ်စ္တယ္အမည္ရတဲ့ သီခ်င္းထဲက စာသားေတြျဖစ္ၿပီး အြန္လိုင္းေပၚမွာ ေရပန္းစားေနခဲ့ပါတယ္။

ဒီသီခ်င္းကိုေတာ့ ထုံးစံအတိုင္းပဲ ခင္ပြန္းျဖစ္သူ အဆိုေတာ္ ေ႐ႊထူးက ေရးစပ္ေပး ထားခဲ့တာျဖစ္ၿပီး ခ်စ္စဖြယ္ လွပဆန္းျပားတဲ့ ႐ိုက္ခ်က္ေတြနဲ႔ ႐ိုက္ကူးပုံေဖာ္ေပးထားခဲ့ တာ ျဖစ္ပါတယ္။

“My heart for u နင္သိလား... ခ်စ္တဲ့အေၾကာင္းေျပာလို႔မဝပါေန႔စဥ္ေန႔တိုင္းပဲ... I feel so deep ရင္ထဲမွာ... အသဲယားလို႔သိမ္းထားလိုက္မယ္ ပိုက္ဆံအိတ္ေလးထဲ... နင္မရွိလို႔ငါေတာ့မျဖစ္ေတာ့ဘူး... ရင္ဆိုင္မယ္ေလအခက္အခဲမ်ား လာစမ္းပါ... ခဏ ေလာက္ေတာင္မွမေဝးခ်င္ဘူး... အတူေနခ်င္တယ္ တစ္ဘဝစာ ဖက္ထားပါ”

ဒီသီခ်င္း႐ုပ္သံဗြီဒီယိုကို ႐ိုက္ကူးပုံေဖာ္ေပးထားတဲ့ ဒါ႐ိုက္တာကေတာ့ အခ်စ္ဒရာ မာ ဇာတ္လမ္းေတြကို ပုံေဖာ္႐ိုက္ကူးတဲ့ေနရာမွာ နာမည္ႀကီးတဲ့ လူငယ္ဒါ႐ိုက္တာ ေအာင္ျမတ္ ျဖစ္ပါတယ္။

လွပတဲ့ အျပင္အဆင္နဲ႔ ေကာ္ဖီဆိုင္တဆိုင္ရယ္၊ ၾကည္ႏူးလန္းဆန္းတဲ့ အေသြးအ ေရာင္ေတြနဲ႔ သူတို႔ ၂ ဦး ပါဝင္သ႐ုပ္ေဆာင္ထားတဲ့ ဆန္းသစ္တဲ့ ခ်စ္စရာ ႐ုပ္သံဗြီဒီ ယိုဖိုင္ကိုေတာ့ ေ႐ႊမႈံရတီက သူ႔ရဲ႕ ေဖ့စ္ဘြတ္ခ္အင္တာနက္လူမႈကြန္ရက္စာ မ်က္ႏွာ ေပၚမွတဆင့္ မွ်ေဝထားခဲ့ၿပီး လတ္တေလာ အခ်ိန္ထိ ဝင္ေရာက္ၾကည့္ရႈၾကတဲ့ အႀကိမ္ ေရ ၈ သိန္းေက်ာ္ ရွိေနခဲ့ၿပီ ျဖစ္ပါတယ္။

“လူေတြအလယ္ဖက္ထားမယ္ ခင္ဗ်ားကိုခြၽဲမွာပဲ... အပူဆိုင္ေတြကိုေမ့ထားတယ္ ဘာမွဂ႐ုမစိုက္ဘူး... ေသခ်ာေစတဲ့အေျဖတစ္ခုပါ ရင္ခုန္သံေတြအေျချပဳ... I Can't live without u bae... sry you are mine... Aye Yeah… စိတ္ညစ္တဲ့အခ်ိန္ ကေလး ေလးလိုမ်ိဳးငါခြၽဲခ်င္တယ္ (မင္းခ်စ္သလိုဆိုးတာမ်ိဳး)... ေဒါသေတြထြက္ ရန္ျဖစ္တဲ့အခ်ိန္ မ်ိဳး နင္ေလွ်ာ့ပါကြာ (ခ်စ္လြန္းေတာ့ရစ္သလိုမ်ိဳး )”

ေ႐ႊမႈံရတီဟာ ၿပီးခဲ့တဲ့ ႏွစ္ကုန္ပိုင္း ဒီဇင္ဘာလတုန္းကလည္း ခင္ပြန္းျဖစ္သူ ေ႐ႊ ထူးနဲ႔ အတူသီဆိုထားတဲ့ အမွားအမည္ရတဲ့ သီခ်င္းတပုဒ္ကို ထြက္ရွိခဲ့တာမို႔ ခုထြက္ရွိ လာတဲ့ သီခ်င္းကေတာ့ သူ႔ရဲ႕ ဒုတိယေျမာက္ သီခ်င္းတပုဒ္ ျဖစ္လာခဲ့တာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013