DVB Logo
Home
မြန်မာသတင်း
ဩဂုတ် ၈ ရက်နေ့ကို ဒီမိုကရေစီနေ့အဖြစ် တရားဝင်သတ်မှတ်ပေးရန် တောင်းဆို
DVB
·
August 8, 2019
ဩဂုတ် ၈ ရက်နေ့ကို ဒီမိုကရေစီနေ့အဖြစ် တရားဝင်သတ်မှတ်ပေးရန် တောင်းဆို
1 / 2
Donate to DVB

နှစ်စဉ် ဩဂုတ် ၈ ရက်နေ့ကို ဒီမိုကရေစီနေ့အဖြစ် တရားဝင်သတ်မှတ်ပေးဖို့ မန္တလေးနိုင်ငံရေးအင်အားစုတွေက တောင်းဆိုခဲ့ကြပါတယ်။

ရှစ်လေးလုံး လူထုလှုပ်ရှားမှု ၃၁ ပြည့်အထိမ်းအမှတ် အခမ်းအနားကို ဘုရားကြီး အလယ်တိုက်မှာ ကျင်းပခဲ့ပါတယ်။ 

ရှစ်လေးလုံး လူထုလှုပ်ရှားမှု ငွေရတုဆုံးဖြတ်ချက်တွေ အကောင်အထည်ဖော်ဖို့အတွက် လက်ရှိအစိုးရအနေနဲ့ ဒီမိုကရက်တစ်အင်အားစုတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ မန္တလေးနိုင်ငံရေး အင်အားစုက ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ 

ရှစ်လေးလုံး လူထုလှုပ်ရှားမှု ၃၁ ပြည့်အထိမ်းအမှတ် အခမ်းအနားမှာ သံဃာတော်အပါး ၂၀ ကို ဆွမ်းကပ်တာတွေ၊ ဒီမိုကရေစီအရေးမှ ကျဆုံးခဲ့တဲ့ ရဟန်းရှင်လူအပေါင်းကို အမျှပေးဝေတာတွေ ပြုလုပ်ခဲ့ကြပါတယ်။

အလားတူ တောင်ကြီးမြို့မှာ ပြုလုပ်တဲ့ ၃၁ နှစ်မြောက် ရှစ်လေးလုံးအရေတော်ပုံနေ့ အခမ်းအနားမှာလည်း ဒီမိုကရေစီနေ့အဖြစ် သတ်မှတ်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။




ဩဂုတ္ ၈ ရက္ေန႔ကို ဒီမိုကေရစီေန႔အျဖစ္ တရားဝင္သတ္မွတ္ေပးရန္ ေတာင္းဆို

DVB

ႏွစ္စဥ္ ဩဂုတ္ ၈ ရက္ေန႔ကို ဒီမိုကေရစီေန႔အျဖစ္ တရားဝင္သတ္မွတ္ေပးဖို႔ မႏၲေလးႏိုင္ငံေရးအင္အားစုေတြက ေတာင္းဆိုခဲ့ၾကပါတယ္။

ရွစ္ေလးလုံး လူထုလႈပ္ရွားမႈ ၃၁ ျပည့္အထိမ္းအမွတ္ အခမ္းအနားကို ဘုရားႀကီး အလယ္တိုက္မွာ က်င္းပခဲ့ပါတယ္။

ရွစ္ေလးလုံး လူထုလႈပ္ရွားမႈ ေငြရတုဆုံးျဖတ္ခ်က္ေတြ အေကာင္အထည္ေဖာ္ဖို႔အတြက္ လက္ရွိအစိုးရအေနနဲ႔ ဒီမိုကရက္တစ္အင္အားစုေတြနဲ႔ ပူးေပါင္းေဆာင္႐ြက္ဖို႔ မႏၲေလးႏိုင္ငံေရး အင္အားစုက ေၾကညာခ်က္ထုတ္ျပန္ခဲ့ပါတယ္။

ရွစ္ေလးလုံး လူထုလႈပ္ရွားမႈ ၃၁ ျပည့္အထိမ္းအမွတ္ အခမ္းအနားမွာ သံဃာေတာ္အပါး ၂၀ ကို ဆြမ္းကပ္တာေတြ၊ ဒီမိုကေရစီအေရးမွ က်ဆုံးခဲ့တဲ့ ရဟန္းရွင္လူအေပါင္းကို အမွ်ေပးေဝတာေတြ ျပဳလုပ္ခဲ့ၾကပါတယ္။

အလားတူ ေတာင္ႀကီးၿမိဳ႕မွာ ျပဳလုပ္တဲ့ ၃၁ ႏွစ္ေျမာက္ ရွစ္ေလးလုံးအေရေတာ္ပုံေန႔ အခမ္းအနားမွာလည္း ဒီမိုကေရစီေန႔အျဖစ္ သတ္မွတ္ေပးဖို႔ ေတာင္းဆိုခဲ့ၾကပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013