DVB Logo
Home
မြန်မာသတင်း
ပုသိမ်မြို့တွင် ရှစ်လေးလုံးအထိမ်းအမှတ် ရင်ပြင်နှင့်ကျောက်တိုင် တည်ဆောက်မည်
DVB
·
August 8, 2019
ပုသိမ်မြို့တွင် ရှစ်လေးလုံးအထိမ်းအမှတ် ရင်ပြင်နှင့်ကျောက်တိုင် တည်ဆောက်မည်
1 / 5
Donate to DVB

ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ ရှစ်လေးလုံး အရေးတော်ပုံအထိမ်းအမှတ် ရင်ပြင်နဲ့ကျောက်တိုင်ကို ကျပ်သိန်း ၅၀၀ လောက် အကုန်ကျခံတည်ဆောက်သွားမယ်လို့ သိရပါတယ်။

ရင်ပြင်နဲ့ကျောက်တိုင်ကို ပုသိမ်မြို့၊ မဟာဗန္ဓုလ်စမကြီးဘေး ပြည်သူ့ဟစ်တိုင်နေရာအနီးက ကန်သုံးဆင့်ဘောလုံးကွင်းဘေးတွင် တည်ဆောက်သွားမှာဖြစ်ပြီး ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ ချိတ်ဆက်လုပ်ဆောင်သွားမယ်လို့ ရင်ပြင်နဲ့ကျောက်တိုင် ဖြစ်မြောက်ရေး ဦးဆောင်နေသူတွေက ပြောပါတယ်။

“လက်ရှိအနေအထားမှာ ပုံကြမ်းဆွဲပြီးတော့ အစိုးရအဖွဲ့ကိုတင်ပြတယ် အစိုးရအဖွဲ့ဝန်ကြီးက ဦးဆောင်ပြီးတော့ ပုံချောဆွဲနေပါတယ် ရန်ကုန်မြို့က အာဇာနည်ရင်ပြင်ကို ပုံကြမ်းဆွဲခဲ့တဲ့ ဆရာကြီးတယောက်ရဲ့သားကလည်း ကူညီပေးပါတယ်။ ဒီရင်ပြင်ဟာပြည်သူ တရပ်လုံးနဲ့ သက်ဆိုင်ပါတယ်” လို့ ပုသိမ်မြို့၊ ၈ လေးလုံးရင်ပြင်နှင့် ကျောက်တိုင်ဖြစ်မြောက်ရေး ဦးဆောင်သူ ဦးမြင့်စိုး ကပြောပါတယ်။

ရင်ပြင်နဲ့ကျောက်တိုင်နေရာမှာ မျက်နာစာအကျယ် ၁၂၅ ပေ အရှည် ၂၅၀ ပေကျယ်ဝန်းမှာ ဖြစ်ပြီး ရင်ပြင်အတွင်း စာကြည့်တိုက်နဲ့ပြခန်းပါထည့်သွင်းတည်ဆောက်ဖို့ ဧရာဝတီတိုင်း အစိုးရအဖွဲ့ကို တင်ပြထားတယ်လို့ သိရပါတယ်။

သြဂုတ်လ ၈ ရက်နေ့ မနက်ပိုင်းက ပုသိမ်မြို့တော်ခန်းမမှာ ကျင်းပတဲ့ ၈ လေးလုံး အရေးတော်ပုံ အခမ်းအနားကိုလည်း ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှမိုးအောင်နဲ့ အစိုးရအဖွဲ့ဝန်ကြီးတွေ တက်ရောက်ခဲ့ပါတယ်။

မြမင်းဦး(ပုသိမ်)




ပုသိမ္ၿမိဳ႕တြင္ ရွစ္ေလးလုံးအထိမ္းအမွတ္ ရင္ျပင္ႏွင့္ေက်ာက္တိုင္ တည္ေဆာက္မည္
ျမမင္းဦး(ပုသိမ္)

ဧရာဝတီတိုင္း၊ ပုသိမ္ၿမိဳ႕မွာ ရွစ္ေလးလုံး အေရးေတာ္ပုံအထိမ္းအမွတ္ ရင္ျပင္နဲ႔ေက်ာက္တိုင္ကို က်ပ္သိန္း ၅၀၀ ေလာက္ အကုန္က်ခံတည္ေဆာက္သြားမယ္လို႔ သိရပါတယ္။

ရင္ျပင္နဲ႔ေက်ာက္တိုင္ကို ပုသိမ္ၿမိဳ႕၊ မဟာဗႏၶဳလ္စမႀကီးေဘး ျပည္သူ႔ဟစ္တိုင္ေနရာအနီးက ကန္သုံးဆင့္ေဘာလုံးကြင္းေဘးတြင္ တည္ေဆာက္သြားမွာျဖစ္ၿပီး ဧရာဝတီတိုင္းေဒသႀကီး အစိုးရအဖြဲ႕နဲ႔ ခ်ိတ္ဆက္လုပ္ေဆာင္သြားမယ္လို႔ ရင္ျပင္နဲ႔ေက်ာက္တိုင္ ျဖစ္ေျမာက္ေရး ဦးေဆာင္ေနသူေတြက ေျပာပါတယ္။

‌ “လက္ရွိအေနအထားမွာ ပုံၾကမ္းဆြဲၿပီးေတာ့ အစိုးရအဖြဲ႕ကိုတင္ျပတယ္ အစိုးရအဖြဲ႕ဝန္ႀကီးက ဦးေဆာင္ၿပီးေတာ့ ပုံေခ်ာဆြဲေနပါတယ္ ရန္ကုန္ၿမိဳ႕က အာဇာနည္ရင္ျပင္ကို ပုံၾကမ္းဆြဲခဲ့တဲ့ ဆရာႀကီးတေယာက္ရဲ႕သားကလည္း ကူညီေပးပါတယ္။ ဒီရင္ျပင္ဟာျပည္သူ တရပ္လုံးနဲ႔ သက္ဆိုင္ပါတယ္” လို႔ ပုသိမ္ၿမိဳ႕၊ ၈ ေလးလုံးရင္ျပင္ႏွင့္ ေက်ာက္တိုင္ျဖစ္ေျမာက္ေရး ဦးေဆာင္သူ ဦးျမင့္စိုး ကေျပာပါတယ္။

ရင္ျပင္နဲ႔ေက်ာက္တိုင္ေနရာမွာ မ်က္နာစာအက်ယ္ ၁၂၅ ေပ အရွည္ ၂၅၀ ေပက်ယ္ဝန္းမွာ ျဖစ္ၿပီး ရင္ျပင္အတြင္း စာၾကည့္တိုက္နဲ႔ျပခန္းပါထည့္သြင္းတည္ေဆာက္ဖို႔ ဧရာဝတီတိုင္း အစိုးရအဖြဲ႕ကို တင္ျပထားတယ္လို႔ သိရပါတယ္။

ၾသဂုတ္လ ၈ ရက္ေန႔ မနက္ပိုင္းက ပုသိမ္ၿမိဳ႕ေတာ္ခန္းမမွာ က်င္းပတဲ့ ၈ ေလးလုံး အေရးေတာ္ပုံ အခမ္းအနားကိုလည္း ဧရာဝတီတိုင္းေဒသႀကီးဝန္ႀကီးခ်ဳပ္ ဦးလွမိုးေအာင္နဲ႔ အစိုးရအဖြဲ႕ဝန္ႀကီးေတြ တက္ေရာက္ခဲ့ပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013