DVB Logo
Home
မြန်မာသတင်း
ဖလုံကျေးရွာတွင် တောင်ကျရေကြောင့် အိမ်ခြေ ၁၀၀ ခန့် ရေဝင်ရောက်
DVB
·
August 8, 2019
ဖလုံကျေးရွာတွင် တောင်ကျရေကြောင့် အိမ်ခြေ ၁၀၀ ခန့် ရေဝင်ရောက်
1 / 4
Donate to DVB

တိုက်ကြီးမြို့နယ်၊ဖ လုံရွာမကျေးရွာအုပ်စု၊ ဖလုံရွာမကျေးရွာမှာ သြဂုတ် ၇ ရက် ည ၁၂ နာရီလောက်က စတင်ပြီး တောင်ကျရေဝင်ရောက်ခဲ့လို့ အိမ်ခြေ ၁၀၀ ခန့်ရေဝင်ရောက်နေပြီး မိသားစုတွေ နီးစပ်ရာနေအိမ်တွေကို ပြောင်းရွှေနေရပါတယ်။

“ည ၁၂ နာရီလောက်က အိမ်နောက်ဖေးကချ ချောင်းကျိုးပြီးရေတွေ ဝင်လာတာ။ ခုချိန်ထိလည်း ရေကတက်နေတုန်း။ လောလောဆယ်တော့ ပြောင်းရွှေ့သင့်တာတွေကို ပြောင်းထားတယ်။ ရေတိုက်စားလို့ အိမ်ခြေတွေတော်တော်ပဲ့ထွက်နေပြီး မိုးဆက်ရွာရင် ရေကထက်တက်တော့မှာ” လို့ ကိုဇော်လွင်ကပြောပါတယ်။

ဖလုံကျေးရွာအုပ်ချုပ်ရေးမှူးက “လက်ရှိအချိန်မှာ ရေဝင်တာတွေနဲ့ပတ်သတ်ပြီး မြို့နယ်ကို တင်ပြထားပြီးရေအခြေအနေကို စောင့်ကြည့်နေပါတယ်။ မိုးများပြီးတောင်ပေါ်ကရေက မာဂရီချောင်းအတိုင်း စီးလာရာကနေ ချောင်းကျိုး ပြီးရွာထဲကိုရေဝင်တဲ့ အနေအထားပါ” လို့ပြောပါတယ်။

ရေဝင်လို့ပြောင်းရွှေ့နေရသူ ဒေါ်ခင်အေးက “အိမ်အဆင့်တွေမြုပ်နေလို့ သူများအိမ်ကို ပြောင်းသင့်တာတွေ ပြောင်းထားရတယ်။ စားသောက်ဖို့ကတော့ မြင့်တဲ့အိမ်တွေမှာပြောပြီး ချက်ပြုတ်စားသောက်နေရတယ်” လို့ပြောပါတယ်။

လက်ရှိအချိန်မှာတော့ အိမ်ထောင်စု ၁၀၀ လောက် ရေဝင်ရောက်နေပြီး လယ်စိုက်ဧက ၇၀ ကျော်ရေနစ်မြုပ်နေပါတယ်။ 

သတင်း-မေသွယ်




Zawgyi Version

ဖလုံေက်း႐ြာတြင္ ေတာင္က်ေရေၾကာင့္ အိမ္ေျခ ၁၀၀ ခန္႔ ေရဝင္ေရာက္

ေမသြယ္

တိုက္ႀကီးၿမိဳ႕နယ္၊ဖ လုံ႐ြာမေက်း႐ြာအုပ္စု၊ ဖလုံ႐ြာမေက်း႐ြာမွာ ၾသဂုတ္ ၇ ရက္ ည ၁၂ နာရီေလာက္က စတင္ၿပီး ေတာင္က်ေရဝင္ေရာက္ခဲ့လို႔ အိမ္ေျခ ၁၀၀ ခန႔္ေရဝင္ေရာက္ေနၿပီး မိသားစုေတြ နီးစပ္ရာေနအိမ္ေတြကို ေျပာင္းေ႐ႊေနရပါတယ္။

“ည ၁၂ နာရီေလာက္က အိမ္ေနာက္ေဖးကခ် ေခ်ာင္းက်ိဳးၿပီးေရေတြ ဝင္လာတာ။ ခုခ်ိန္ထိလည္း ေရကတက္ေနတုန္း။ ေလာေလာဆယ္ေတာ့ ေျပာင္းေ႐ႊ႕သင့္တာေတြကို ေျပာင္းထားတယ္။ ေရတိုက္စားလို႔ အိမ္ေျခေတြေတာ္ေတာ္ပဲ့ထြက္ေနၿပီး မိုးဆက္႐ြာရင္ ေရကထက္တက္ေတာ့မွာ” လို႔ ကိုေဇာ္လြင္ကေျပာပါတယ္။

ဖလုံေက်း႐ြာအုပ္ခ်ဳပ္ေရးမႉးက “လက္ရွိအခ်ိန္မွာ ေရဝင္တာေတြနဲ႔ပတ္သတ္ၿပီး ၿမိဳ႕နယ္ကို တင္ျပထားၿပီးေရအေျခအေနကို ေစာင့္ၾကည့္ေနပါတယ္။ မိုးမ်ားၿပီးေတာင္ေပၚကေရက မာဂရီေခ်ာင္းအတိုင္း စီးလာရာကေန ေခ်ာင္းက်ိဳး ၿပီး႐ြာထဲကိုေရဝင္တဲ့ အေနအထားပါ” လို႔ေျပာပါတယ္။

ေရဝင္လို႔ေျပာင္းေ႐ႊ႕ေနရသူ ေဒၚခင္ေအးက “အိမ္အဆင့္ေတြျမဳပ္ေနလို႔ သူမ်ားအိမ္ကို ေျပာင္းသင့္တာေတြ ေျပာင္းထားရတယ္။ စားေသာက္ဖို႔ကေတာ့ ျမင့္တဲ့အိမ္ေတြမွာေျပာၿပီး ခ်က္ျပဳတ္စားေသာက္ေနရတယ္” လို႔ေျပာပါတယ္။

လက္ရွိအခ်ိန္မွာေတာ့ အိမ္ေထာင္စု ၁၀၀ ေလာက္ ေရဝင္ေရာက္ေနၿပီး လယ္စိုက္ဧက ၇၀ ေက်ာ္ေရနစ္ျမဳပ္ေနပါတယ္။

သတင္း-ေမသြယ္

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013