DVB Logo
Home
မြန်မာသတင်း
မြေအောက်ရေကန်အတွင်း ပန်းရန်အလုပ်သမား ၃ ဦး အောက်ဆီဂျင်ပြတ် သေဆုံး
DVB
·
August 8, 2019
မြေအောက်ရေကန်အတွင်း ပန်းရန်အလုပ်သမား ၃ ဦး အောက်ဆီဂျင်ပြတ် သေဆုံး
Donate to DVB

ရန်ကုန်တိုင်း ကြည့်မြင်တိုင်မြို့နယ်မှာ ပန်းရန်အလုပ်သမား ၃ ဦး  ဆောက်လုပ်ဆဲ အဆောက်အဦတခုရဲ့ မြေအောက်ရေကန်ထဲ ဆင်းရာမှ အောက်ဆီဂျင်ပြတ် သေဆုံးခဲ့တယ်လို့ ပြည်ထဲရေးက ထုတ်ပြန်ပါတယ်။

ဩဂုတ်လ ၆ ရက်နေ့ ၁၃း၃၀ အချိန် ကြည့်မြင်တိုင်မြို့နယ်၊ ထီးတန်းစက်မြေရပ်ကွက်က မြေကွက်မှာ ဆောက်လုပ်လျက်ရှိတဲ့ ၆ ထပ်တိုက်ရှိ အလျား ၁၀ ပေ၊ အနံ ၆ ပေ၊ အနက် ၇ ပေခန့် မြေအောက်ရေကန်အတွင်း အငယ်ကောင်(ခ)ဟိန်းထက်ဇော် (၂၆-နှစ်) ပါ ယောက်ျားလေး ၃ ဦးဟာ ငြမ်းတွေ ဖြုတ်ဖို့ ဆင်းသွားရာမှ အောက်ဆီဂျင် ပြတ်တောက်ပြီး ပြင်ပဒဏ်ရာမရှိဘဲ သေဆုံးသွားတာလို့ ဆိုပါတယ်။

အလောင်းတွေကို ရန်ကုန် ပြည်သူ့ဆေးရုံကြီး ပို့ဆောင်ခဲ့ပြီး ကြည့်မြင်တိုင်မြို့မရဲစခန်း သေမှုသေခင်း အမှတ်စဉ် (၁၂/၂၀၁၉) နဲ့ ရေးဖွင့် စစ်ဆေးနေတယ်လို့ သိရပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Zawgyi_version

ေျမေအာက္ေရကန္အတြင္း ပန္းရန္အလုပ္သမား ၃ ဦး ေအာက္ဆီဂ်င္ျပတ္ ေသဆုံး

DVB

ရန္ကုန္တိုင္း ၾကည့္ျမင္တိုင္ၿမိဳ႕နယ္မွာ ပန္းရန္အလုပ္သမား ၃ ဦး  ေဆာက္လုပ္ဆဲ အေဆာက္အဦတခုရဲ႕ ေျမေအာက္ေရကန္ထဲ ဆင္းရာမွ ေအာက္ဆီၚ်င္ပျတ္ ေသဆုံးခဲ့တယ္လို႔ ျပည္ထဲေရးက ထုတ္ျပန္ပါတယ္။

ဩဂုတ္လ ၆ ရက္ေန႔ ၁၃း၃၀ အခ်ိန္ ၾကည့္ျမင္တိုင္ၿမိဳ႕နယ္၊ ထီးတန္းစက္ေျမရပ္ကြက္က ေျမကြက္မွာ ေဆာက္လုပ္လ်က္ရွိတဲ့ ၆ ထပ္တိုက္ရွိ အလ်ား ၁၀ ေပ၊ အနံ ၆ ေပ၊ အနက္ ၇ ေပခန႔္ ေျမေအာက္ေရကန္အတြင္း အငယ္ေကာင္(ခ)ဟိန္းထက္ေဇာ္ (၂၆-ႏွစ္) ပါ ေယာက္်ားေလး ၃ ဦးဟာ ျငမ္းေတြ ျဖဳတ္ဖို႔ ဆင္းသြားရာမွ ေအာက္ဆီဂ်င္ ျပတ္ေတာက္ၿပီး ျပင္ပဒဏ္ရာမရွိဘဲ ေသဆုံးသြားတာလို႔ ဆိုပါတယ္။

အေလာင္းေတြကို ရန္ကုန္ ျပည္သူ႔ေဆး႐ုံႀကီး ပို႔ေဆာင္ခဲ့ၿပီး ၾကည့္ျမင္တိုင္ၿမိဳ႕မရဲစခန္း ေသမႈေသခင္း အမွတ္စဥ္ (၁၂/၂၀၁၉) နဲ႔ ေရးဖြင့္ စစ္ေဆးေနတယ္လို႔ သိရပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013