DVB Logo
Home
မြန်မာသတင်း
၃၁ နှစ်မြောက် ရှစ်လေးလုံးအထိမ်းအမှတ် ဝမ်းတွင်းမြို့နယ်တွင် သစ်ပင်စိုက်
DVB
·
August 8, 2019
၃၁ နှစ်မြောက် ရှစ်လေးလုံးအထိမ်းအမှတ် ဝမ်းတွင်းမြို့နယ်တွင် သစ်ပင်စိုက်
1 / 8
Donate to DVB

၃၁ နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံနေ့ အထိမ်းအမှတ်အဖြစ် မန္တလေးတိုင်း ဝမ်းတွင်းမြို့နယ် တမာကုန်းရွာအဝင်လမ်းဘေး ဝဲယာတလျှောက်မှာ သြဂုတ် ၈ ရက်မနက်က လူအင်အား ၂၀၀ ကျော်နဲ့ သစ်ပင်စိုက်ပျိုးခဲ့ကြပါတယ်။

အလင်းတန်း ပရဟိတအဖွဲ့ ဦးမျိုးဝင်းသန့်က "ဒီမိုကရေစီအရေးတော်ပုံကြီး ဖြစ်ခဲ့တဲ့ ရှစ် လေးလုံးအထိမ်းအမှတ်အနေနဲ့ အပင် ၃၀၀ လောက် လမ်းဘေးတလျှောက်မှာ စိုက်ကြတယ်၊ ဒီသစ်ပင်တွေမြင်တိုင်း ရှစ်လေးလုံးအမှတ်တရ ဖြစ်စေတာပေါ့" လို့ ပြောပါတယ်။

ရှစ်လေးလုံးအမှတ်တရ သစ်ပင်စိုက်ပွဲကို အန်အယ်လ်ဒီ ပါတီဝင်တွေနဲ့ ပရဟိတအဖွဲ့တွေ၊ ရပ်ရွာပြည်သူတွေ ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။

ဒီနေ့ကျရောက်တဲ့ ၃၁ နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံနေ့ အခမ်းအနားတွေကို ရန်ကုန်အပါအဝင် နိုင်ငံတဝန်းက မြို့နယ်အသီးသီးမှာ ကျင်းပခဲ့ကြပါတယ်။

သတင်း-မောင်မောင်လင်း




၃၁ ႏွစ္ေျမာက္ ရွစ္ေလးလုံးအထိမ္းအမွတ္ ဝမ္းတြင္းၿမိဳ႕နယ္တြင္ သစ္ပင္စိုက္
DVB
၃၁ ႏွစ္ေျမာက္ ရွစ္ေလးလုံး အေရးေတာ္ပုံေန႔ အထိမ္းအမွတ္အျဖစ္ မႏၲေလးတိုင္း ဝမ္းတြင္းၿမိဳ႕နယ္ တမာကုန္း႐ြာအဝင္လမ္းေဘး ဝဲယာတေလွ်ာက္မွာ ၾသဂုတ္ ၈ ရက္မနက္က လူအင္အား ၂၀၀ ေက်ာ္နဲ႔ သစ္ပင္စိုက္ပ်ိဳးခဲ့ၾကပါတယ္။

အလင္းတန္း ပရဟိတအဖြဲ႕ ဦးမ်ိဳးဝင္းသန႔္က "ဒီမိုကေရစီအေရးေတာ္ပုံႀကီး ျဖစ္ခဲ့တဲ့ ရွစ္ ေလးလုံးအထိမ္းအမွတ္အေနနဲ႔ အပင္ ၃၀၀ ေလာက္ လမ္းေဘးတေလွ်ာက္မွာ စိုက္ၾကတယ္၊ ဒီသစ္ပင္ေတြျမင္တိုင္း ရွစ္ေလးလုံးအမွတ္တရ ျဖစ္ေစတာေပါ့" လို႔ ေျပာပါတယ္။

ရွစ္ေလးလုံးအမွတ္တရ သစ္ပင္စိုက္ပြဲကို အန္အယ္လ္ဒီ ပါတီဝင္ေတြနဲ႔ ပရဟိတအဖြဲ႕ေတြ၊ ရပ္႐ြာျပည္သူေတြ ပူးေပါင္းပါဝင္ခဲ့ၾကပါတယ္။

ဒီေန႔က်ေရာက္တဲ့ ၃၁ ႏွစ္ေျမာက္ ရွစ္ေလးလုံး အေရးေတာ္ပုံေန႔ အခမ္းအနားေတြကို ရန္ကုန္အပါအဝင္ ႏိုင္ငံတဝန္းက ၿမိဳ႕နယ္အသီးသီးမွာ က်င္းပခဲ့ၾကပါတယ္။
သတင္း-ေမာင္ေမာင္လင္း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013