DVB Logo
Home
မြန်မာသတင်း
၃၁ နှစ်ပြည့် ရှစ်လေးလုံးအရေးတော်ပုံနေ့ မုံရွာတွင် ကျင်းပ
DVB
·
August 8, 2019
၃၁ နှစ်ပြည့် ရှစ်လေးလုံးအရေးတော်ပုံနေ့ မုံရွာတွင် ကျင်းပ
1 / 11
Donate to DVB

ဒီနေ့ကျရောက်တဲ့ ၃၁ နှစ်ပြည့် ရှစ်လေးလုံးအရေးတော်ပုံနေ့အခမ်းအနားကို စစ်ကိုင်းတိုင်း၊ မုံရွာမြို့ ရွှေစည်းခုံဘုရားဝင်း နေပူခံရုပ်ပွားတော်ရှေ့နဲ့ ချင်းတွင်းအင်စတီကျု့ရုံးတို့မှာ တပြိုင်နက်တည်း ကျင်းပခဲ့ကြပါတယ်။ 

ရွှေစည်းခုံဘုရားဝင်းအတွင်းမှာကျင်းပတဲ့ ရှစ်လေးလုံးအောက်မေ့ဖွယ်အခမ်းအနားကိုတော့ ရှစ်လေးလုံးမှာ ကိုယ်တိုင်ကိုယ်ကျ ပါဝင်ခဲ့သူတွေကစု ပေါင်းကျင်းပခဲ့ကြပြီး ပြန်ပြောင်းအောက်မေ့ဖွယ်အမှတ်တရစကားတွေကိုလည်း ဝိုင်းဖွဲ့ပြောခဲ့ကြပါတယ်။ 

ချင်းတွင်းအင်စတီကျု့ရုံးမှာ ကျင်းပတဲ့ ရှစ်လေးလုံးနေ့အခမ်းအနားမှာတော့ လွတ်တော်ကိုယ်စားလှယ်တွေ၊ ဥပဒေပညာရှင်တွေ၊ ဗကသ၊ တကသ ကျောင်းသားတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေ၊ စိတ်ပါဝင်စားတဲ့ပြည်သူတွေ၊ နိုင်ငံရေးပါတီဝင်တွေ တက်ရောက်ခဲ့ကြသလို လွှတ်တော်ကိုယ်စားလှယ်တွေ၊ တရားလွှတ်တေ်ရှေ့နေနှင့် အရပ်ဘက်အဖွဲ့အစည်းက ပုဂ္ဂိုလ်တွေက ဦးဆောင်ကာ ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ပတ်သက်တဲ့ စကားဝိုင်းဆွေးနွေးပွဲကိုလည်း ပြုလုပ်ခဲ့ပါတယ်။ 

ရှစ်လေးလုံးနေ့အခမ်းအနားကို မုံရွာတင်မက တိုင်းနှင့်ပြည်နယ်က မြို့ကြီးအချို့မှာလည်း တပြိုင်နက်တည်း ကျင်းပနေကြပါတယ်။




၃၁ ႏွစ္ျပည့္ ရွစ္ေလးလုံးအေရးေတာ္ပုံေန႔ မုံ႐ြာတြင္ က်င္းပ
ေအာင္ကိုလတ္
ဒီေန႔က်ေရာက္တဲ့ ၃၁ ႏွစ္ျပည့္ ရွစ္ေလးလုံးအေရးေတာ္ပုံေန႔အခမ္းအနားကို စစ္ကိုင္းတိုင္း၊ မုံ႐ြာၿမိဳ႕ ေ႐ႊစည္းခုံဘုရားဝင္း ေနပူခံ႐ုပ္ပြားေတာ္ေရွ႕နဲ႔ ခ်င္းတြင္းအင္စတီက်ဳ႕႐ုံးတို႔မွာ တၿပိဳင္နက္တည္း က်င္းပခဲ့ၾကပါတယ္။

ေ႐ႊစည္းခုံဘုရားဝင္းအတြင္းမွာက်င္းပတဲ့ ရွစ္ေလးလုံးေအာက္ေမ့ဖြယ္အခမ္းအနားကိုေတာ့ ရွစ္ေလးလုံးမွာ ကိုယ္တိုင္ကိုယ္က် ပါဝင္ခဲ့သူေတြကစု ေပါင္းက်င္းပခဲ့ၾကၿပီး ျပန္ေျပာင္းေအာက္ေမ့ဖြယ္အမွတ္တရစကားေတြကိုလည္း ဝိုင္းဖြဲ႕ေျပာခဲ့ၾကပါတယ္။

ခ်င္းတြင္းအင္စတီက်ဳ႕႐ုံးမွာ က်င္းပတဲ့ ရွစ္ေလးလုံးေန႔အခမ္းအနားမွာေတာ့ လြတ္ေတာ္ကိုယ္စားလွယ္ေတြ၊ ဥပေဒပညာရွင္ေတြ၊ ဗကသ၊ တကသ ေက်ာင္းသားေတြ၊ အရပ္ဘက္အဖြဲ႕အစည္းေတြ၊ စိတ္ပါဝင္စားတဲ့ျပည္သူေတြ၊ ႏိုင္ငံေရးပါတီဝင္ေတြ တက္ေရာက္ခဲ့ၾကသလို လႊတ္ေတာ္ကိုယ္စားလွယ္ေတြ၊ တရားလႊတ္ေတ္ေရွ႕ေနႏွင့္ အရပ္ဘက္အဖြဲ႕အစည္းက ပုဂၢိဳလ္ေတြက ဦးေဆာင္ကာ ဖြဲ႕စည္းပုံျပင္ဆင္ေရးနဲ႔ပတ္သက္တဲ့ စကားဝိုင္းေဆြးေႏြးပြဲကိုလည္း ျပဳလုပ္ခဲ့ပါတယ္။

ရွစ္ေလးလုံးေန႔အခမ္းအနားကို မုံ႐ြာတင္မက တိုင္းႏွင့္ျပည္နယ္က ၿမိဳ႕ႀကီးအခ်ိဳ႕မွာလည္း တၿပိဳင္နက္တည္း က်င္းပေနၾကပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013