DVB Logo
Home
မြန်မာသတင်း
ပိုင်တံခွန်သရုပ်ဆောင်ထားပြီး နင်ဇီမေနှင့် ဆိုဖီယာတို့ သီဆိုထားသည့် သီချင်းသစ်-The Guest (ရုပ်သံ)
DVB
·
August 8, 2019
ပိုင်တံခွန်သရုပ်ဆောင်ထားပြီး နင်ဇီမေနှင့် ဆိုဖီယာတို့ သီဆိုထားသည့် သီချင်းသစ်-The Guest (ရုပ်သံ)
Donate to DVB

“တွေ့ကြုံခဏ… ဆုံတွေ့ခွင့်ရတဲ့ ဧည့်သည်လား… ခဏတာအတွက်… ဒီရင်ခွင် မှာ သူခိုနားသွား… သူအိပ်စက်ဖို့ ဒီခရီးတထောက်… ကိုယ့်နှလုံးသားလေး တည်ခင်းခဲ့… ပျော်တော်ဆက်ခဲ့လည်း နိဂုံးတော့လေ… နှုတ်ဆက်လက်ပြသွား”

ဒါကတော့ အသစ်ထွက်ရှိလာတဲ့ The Guest အမည်ရတဲ့ သီချင်းတပုဒ်ထဲက တေးသီချင်းစာသားတွေဖြစ်ပြီး လတ်တလော ပရိသတ်တွေကြားမှာတော့ ရေပန်းစားလို့ နေခဲ့တာပါ။

ဒီသီချင်းကိုတော့ တေးရေး မိုးထက်က ရေးစပ်ပေးထားခဲ့တာဖြစ်ပြီး မြန်မာအိုင် ဒေါတေးသံရှင် ၂ ဦးဖြစ်တဲ့ နင်ဇီမေနဲ့ ဆိုဖီယာတို့က အတူတွဲ သီဆိုထားခဲ့ကြတာ ဖြစ်ပါတယ်။

“ချစ်သူ ကျေနပ်သလား… ကိုယ့်ဧည့်ဝတ်ကျေခဲ့ နေ့ညတွေမှာ… နောက်တဖန် ပြန်လာမလား… မောပန်းလို့နေတဲ့ အခိုက်အတန့်တွေမှာ… ပိုင်ဆိုင်သမျှ အသွေးအ သားများဟာ မင်းအတွက်ပေါ့… ပိုင်ဆိုင်တာဟူသမျှ… ပေးဆပ်ထားတာ မင်းအတွက်ပေါ့… ဧည့်သည်”

ဒီသီချင်းရုပ်သံထဲမှာတော့ အဆိုတော် ၂ ဦးနဲ့အတူ လတ်တလော ပရိသတ်တွေ ကြားမှာ နာမည်ကြီးနေခဲ့တဲ့ သရုပ်ဆောင်မော်ဒယ် ပိုင်တံခွန်က ပါဝင်သရုပ်ဆောင်ထား ခဲ့တာ ဖြစ်ပါတယ်။

ကိုယ့်ဘဝထဲကို ဝင်လာခဲ့ပြီး ဧည့်သည်တယောက်လို ပြန်ထွက်သွားခဲ့တဲ့ ချစ်သူ အတွက် အရာရာပေးဆပ်ပုံအပ်ထားတဲ့ မိန်းကလေးဘက်က ခံစားချက်တွေနဲ့ ထိထိမိမိ တေးသီချင်းစာသားတွေနဲ့အတူ သူတို့ရဲ့ သရုပ်ဆောင်မှုတွေဟာလည်း ပီပီပြင်ပြင် ရှိနေ ခဲ့ကြတာကို တွေ့ရပါတယ်။

“နီးစပ်ခဲ့သမျှဟာ အိပ်မက်တို့ ဖြစ်ခဲ့ပြီလား… ပေးဆပ်ခဲ့သမျှဟာ အရာမထင် လည်းပဲ… ကြည်ဖြူစွာ ငါကျေနပ်ပေးခဲ့တယ်… အိုး… ငြိုငြင်မှု မရှိဘူး… ခွင့်ပြုလို့ ခွင့် လွှတ်ခဲ့… မွန်းကြပ်တဲ့ နေ့တို့နဲ့… အမှောင်ယံမှာ ငါငိုနေဆဲပဲ… အသည်းနှလုံးတွေ… အ သည်းနှလုံးတွေ… ကွဲလို့ကြေ… ကွဲလို့နေ… ရွှဲလို့နေ မျက်ရည်တွေဟာလေ မြေသို့ခ… မျှော်နေမယ် အကယ်၍သာ… အခြားမှာ မပျော်တဲ့အခါ… ဒီလူကို ပြန်သတိရပါနော်… ကြိုဆိုတယ် အရင်အတိုင်း”

နင်ဇီမေနဲ့ ဆိုဖီယာတို့ဟာ ၂၀၁၆ ခုနှစ်က မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ်အဖြစ် ကျင်းပခဲ့တဲ့ Myanmar Idol သီချင်းဆိုပြိုင်ပွဲမှတဆင့် ဂီတလောကထဲကို ရောက်ရှိခဲ့သူ တွေ ဖြစ်ကြပါတယ်။

ဒီသီချင်းထဲမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ မော်ဒယ် ပိုင်တံခွန်ကတော့ မြန်မာပရိ သတ်တွေဟာမက ထိုင်းပရိသတ်တွေကြားမှာပါ လတ်တလော ရေပန်းစားနေသူတဦး ဖြစ်ကာ သူ့ရဲ့ တရားဝင် ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ်မှာ လတ်တလောအချိန်ထိ အားပေး ကြတဲ့ ပရိသတ်(Followers) တသန်းကျော် ရှိနေခဲ့တာ ဖြစ်ပါတယ်။




(ေဖ့စ္ဘြတ္ခ္႐ြာ… ေဖ့စ္ဘြတ္ခ္ကမာၻ)
ပိုင္တံခြန္သ႐ုပ္ေဆာင္ထားၿပီး နင္ဇီေမႏွင့္ ဆိုဖီယာတို႔ သီဆိုထားသည့္ သီခ်င္းသစ္-The Guest (႐ုပ္သံ)
ဒီဗြီဘီ

“ေတြ႕ႀကဳံခဏ… ဆုံေတြ႕ခြင့္ရတဲ့ ဧည့္သည္လား… ခဏတာအတြက္… ဒီရင္ခြင္ မွာ သူခိုနားသြား… သူအိပ္စက္ဖို႔ ဒီခရီးတေထာက္… ကိုယ့္ႏွလုံးသားေလး တည္ခင္းခဲ့… ေပ်ာ္ေတာ္ဆက္ခဲ့လည္း နိဂုံးေတာ့ေလ… ႏႈတ္ဆက္လက္ျပသြား”

ဒါကေတာ့ အသစ္ထြက္ရွိလာတဲ့ The Guest အမည္ရတဲ့ သီခ်င္းတပုဒ္ထဲက ေတးသီခ်င္းစာသားေတြျဖစ္ၿပီး လတ္တေလာ ပရိသတ္ေတြၾကားမွာေတာ့ ေရပန္းစားလို႔ ေနခဲ့တာပါ။

ဒီသီခ်င္းကိုေတာ့ ေတးေရး မိုးထက္က ေရးစပ္ေပးထားခဲ့တာျဖစ္ၿပီး ျမန္မာအိုင္ ေဒါေတးသံရွင္ ၂ ဦးျဖစ္တဲ့ နင္ဇီေမနဲ႔ ဆိုဖီယာတို႔က အတူတြဲ သီဆိုထားခဲ့ၾကတာ ျဖစ္ပါတယ္။

“ခ်စ္သူ ေက်နပ္သလား… ကိုယ့္ဧည့္ဝတ္ေက်ခဲ့ ေန႔ညေတြမွာ… ေနာက္တဖန္ ျပန္လာမလား… ေမာပန္းလို႔ေနတဲ့ အခိုက္အတန႔္ေတြမွာ… ပိုင္ဆိုင္သမွ် အေသြးအ သားမ်ားဟာ မင္းအတြက္ေပါ့… ပိုင္ဆိုင္တာဟူသမွ်… ေပးဆပ္ထားတာ မင္းအတြက္ေပါ့… ဧည့္သည္”

ဒီသီခ်င္း႐ုပ္သံထဲမွာေတာ့ အဆိုေတာ္ ၂ ဦးနဲ႔အတူ လတ္တေလာ ပရိသတ္ေတြ ၾကားမွာ နာမည္ႀကီးေနခဲ့တဲ့ သ႐ုပ္ေဆာင္ေမာ္ဒယ္ ပိုင္တံခြန္က ပါဝင္သ႐ုပ္ေဆာင္ထား ခဲ့တာ ျဖစ္ပါတယ္။

ကိုယ့္ဘဝထဲကို ဝင္လာခဲ့ၿပီး ဧည့္သည္တေယာက္လို ျပန္ထြက္သြားခဲ့တဲ့ ခ်စ္သူ အတြက္ အရာရာေပးဆပ္ပုံအပ္ထားတဲ့ မိန္းကေလးဘက္က ခံစားခ်က္ေတြနဲ႔ ထိထိမိမိ ေတးသီခ်င္းစာသားေတြနဲ႔အတူ သူတို႔ရဲ႕ သ႐ုပ္ေဆာင္မႈေတြဟာလည္း ပီပီျပင္ျပင္ ရွိေန ခဲ့ၾကတာကို ေတြ႕ရပါတယ္။

“နီးစပ္ခဲ့သမွ်ဟာ အိပ္မက္တို႔ ျဖစ္ခဲ့ၿပီလား… ေပးဆပ္ခဲ့သမွ်ဟာ အရာမထင္ လည္းပဲ… ၾကည္ျဖဴစြာ ငါေက်နပ္ေပးခဲ့တယ္… အိုး… ၿငိဳျငင္မႈ မရွိဘူး… ခြင့္ျပဳလို႔ ခြင့္ လႊတ္ခဲ့… မြန္းၾကပ္တဲ့ ေန႔တို႔နဲ႔… အေမွာင္ယံမွာ ငါငိုေနဆဲပဲ… အသည္းႏွလုံးေတြ… အ သည္းႏွလုံးေတြ… ကြဲလို႔ေၾက… ကြဲလို႔ေန… ႐ႊဲလို႔ေန မ်က္ရည္ေတြဟာေလ ေျမသို႔ခ… ေမွ်ာ္ေနမယ္ အကယ္၍သာ… အျခားမွာ မေပ်ာ္တဲ့အခါ… ဒီလူကို ျပန္သတိရပါေနာ္… ႀကိဳဆိုတယ္ အရင္အတိုင္း”

နင္ဇီေမနဲ႔ ဆိုဖီယာတို႔ဟာ ၂၀၁၆ ခုႏွစ္က ျမန္မာႏိုင္ငံမွာ ပထမဆုံးအႀကိမ္အျဖစ္ က်င္းပခဲ့တဲ့ Myanmar Idol သီခ်င္းဆိုၿပိဳင္ပြဲမွတဆင့္ ဂီတေလာကထဲကို ေရာက္ရွိခဲ့သူ ေတြ ျဖစ္ၾကပါတယ္။

ဒီသီခ်င္းထဲမွာ ပါဝင္သ႐ုပ္ေဆာင္ထားတဲ့ ေမာ္ဒယ္ ပိုင္တံခြန္ကေတာ့ ျမန္မာပရိ သတ္ေတြဟာမက ထိုင္းပရိသတ္ေတြၾကားမွာပါ လတ္တေလာ ေရပန္းစားေနသူတဦး ျဖစ္ကာ သူ႔ရဲ႕ တရားဝင္ ေဖ့စ္ဘြတ္ခ္စာမ်က္ႏွာေပၚမွာ လတ္တေလာအခ်ိန္ထိ အားေပး ၾကတဲ့ ပရိသတ္(Followers) တသန္းေက်ာ္ ရွိေနခဲ့တာ ျဖစ္ပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013