DVB Logo
Home
မြန်မာသတင်း
ရွှေစက်တော် ဘေးမဲ့တောမှ ရှားပါးကြယ်လိပ် ကောင်ရေ ၃၅၀ ကျော် အသေအပျောက်ဖြစ်ပေါ်
DVB
·
August 8, 2019
ရွှေစက်တော် ဘေးမဲ့တောမှ ရှားပါးကြယ်လိပ် ကောင်ရေ ၃၅၀ ကျော် အသေအပျောက်ဖြစ်ပေါ်
Donate to DVB

တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောအတွင်း ပြန်လွှတ်ဖို့ လေ့ကျင့်မွေးမြူထားတဲ့ ကြယ်လိပ်အကောင်ရေ ၆၅၀ ထဲမှ ၃၅၇ ကောင်ဟာ ဘေးအန္တရာယ်အမျိုးမျိုးကြောင့် အသေအပျောက် ဖြစ်ပေါ်ခဲ့ကြောင်း သိရပါတယ်။

ရွှေစက်တော် တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော့ ဦးစီးအရာရှိ ဦးသိန်းလွင်က “ခြံအမှတ် (၁) နဲ့ (၂) တို့ရဲ့ ခြံစည်းရိုးတွေ ပေါက်ပြဲပြီး မလုံမခြုံဖြစ်ကာ တောဝက်နဲ့ တောခွေးများက ဝင်ရောက် စားသောက်ခြင်း၊ ခြံပေါက်ပြဲရာနေရာများမှ ကြယ်လိပ်များ တောထဲကို ထွက်ကုန်ခြင်း၊ ကြယ်လိပ် ခိုးယူသူတွေ ရှိနေခြင်းတို့ကြောင့် အသေအပျောက်များ ဖြစ်ပေါ်ခဲ့တာပါ။ ဇူလိုင် ၁၅ ရက်နေ့က ခြံ (၁) နဲ့ (၂) မှာ ခြံစည်းရိုးတွေ ပေါက်ပြဲနေတာကို ဝန်ထမ်းတွေ တွေ့ရှိလို့ ဝင်စစ်ဆေးရာ တောဝက်ခြေရာတွေ တွေ့တယ်။ စားထားတဲ့ ကြယ်လိပ်အခွံတွေ တွေ့ရှိလို့ ခြံထဲမှာရှာတွေ့တဲ့ ကြယ်လိပ်အရှင် ၂၈ ကောင်ကို ပြန်ပြီးထိန်းသိမ်းထားတယ်”လို့ ဒီဗွီဘီကို ပြောပါတယ်။

ခြံအမှတ် ၃ ကို စစ်ဆေးရာမှာတော့ လုံခြုံမှု ရှိပေမယ့် အကောင်ရေ ၁၀၀ကျော် လျော့နည်း နေတဲ့အတွက် ကင်မရာများ တပ်ဆင်စောင့်ကြည့်ခဲ့ရာ ဇူလိုင် ၂၄ ရက်နေ့က ကျောပိုးအိတ်၊ လွယ်အိတ်နဲ့ ခါးမှာ ဓားတွေ ချိတ်ဆွဲထားတဲ့ မသင်္ကာဖွယ်ရာ လူစိမ်းနှစ်ဦးကို မှတ်တမ်းတင်နိုင်ခဲ့ပြီး အမှုဖွင့်ထားတယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ မတ်လနဲ့ ဧပြီလတွေမှာလည်း ရာသီဥတု ပူပြင်းမှုကြောင့် ကြယ်လိပ်အကောင်ရေ ၆၀ ကျော် သေဆုံးခဲ့ရတယ်လို့ သဘာဝပတ်ဝန်းကျင်နှင့် သားငှက်တိရစ္ဆာန် ထိန်းသိမ်းရေးဌာန၊ ရွှေစက်တော် တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော ဦးစီးအရာရှိထံက သိရပါတယ်။

သတင်း-မင်းထီး

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Zawgyi_version

ေ႐ႊစက္ေတာ္ေဘးမဲ့ေတာမွ ရွားပါးၾကယ္လိပ္ ေကာင္ေရ ၃၅၀ ေက်ာ္ အေသအေပ်ာက္ျဖစ္ေပၚ

DVB

ေတာ႐ိုင္းတိရစာၦန္ ေဘးမဲ့ေတာအတြင္း ျပန္လႊတ္ဖို႔ ေလ့က်င့္ေမြးျမဴထားတဲ့ ၾကယ္လိပ္အေကာင္ေရ ၆၅၀ ထဲမွ ၃၅၇ ေကာင္ဟာ ေဘးအႏၲရာယ္အမ်ိဳးမ်ိဳးေၾကာင့္ အေသအေပ်ာက္ ျဖစ္ေပၚခဲ့ေၾကာင္း သိရပါတယ္။

ေ႐ႊစက္ေတာ္ ေတာ႐ိုင္းတိရစာၦန္ေဘးမဲ့ေတာ့ ဦးစီးအရာရွိ ဦးသိန္းလြင္က “ၿခံအမွတ္ (၁) နဲ႔ (၂) တို႔ရဲ႕ ၿခံစည္း႐ိုးေတြ ေပါက္ၿပဲၿပီး မလုံမၿခဳံျဖစ္ကာ ေတာဝက္နဲ႔ ေတာေခြးမ်ားက ဝင္ေရာက္ စားေသာက္ျခင္း၊ ၿခံေပါက္ၿပဲရာေနရာမ်ားမွ ၾကယ္လိပ္မ်ား ေတာထဲကို ထြက္ကုန္ျခင္း၊ ၾကယ္လိပ္ ခိုးယူသူေတြ ရွိေနျခင္းတို႔ေၾကာင့္ အေသအေပ်ာက္မ်ား ျဖစ္ေပၚခဲ့တာပါ။ ဇူလိုင္ ၁၅ ရက္ေန႔က ၿခံ (၁) နဲ႔ (၂) မွာ ၿခံစည္း႐ိုးေတြ ေပါက္ၿပဲေနတာကို ဝန္ထမ္းေတြ ေတြ႕ရွိလို႔ ဝင္စစ္ေဆးရာ ေတာဝက္ေျခရာေတြ ေတြ႕တယ္။ စားထားတဲ့ ၾကယ္လိပ္အခြံေတြ ေတြ႕ရွိလို႔ ၿခံထဲမွာရွာေတြ႕တဲ့ ၾကယ္လိပ္အရွင္ ၂၈ ေကာင္ကို ျပန္ၿပီးထိန္းသိမ္းထားတယ္”လို႔ ဒီဗြီဘီကို ေျပာပါတယ္။

ၿခံအမွတ္ ၃ ကို စစ္ေဆးရာမွာေတာ့ လုံၿခဳံမႈ ရွိေပမယ့္ အေကာင္ေရ ၁၀၀ေက်ာ္ ေလ်ာ့နည္း ေနတဲ့အတြက္ ကင္မရာမ်ား တပ္ဆင္ေစာင့္ၾကည့္ခဲ့ရာ ဇူလိုင္ ၂၄ ရက္ေန႔က ေက်ာပိုးအိတ္၊ လြယ္အိတ္နဲ႔ ခါးမွာ ဓားေတြ ခ်ိတ္ဆြဲထားတဲ့ မသကၤာဖြယ္ရာ လူစိမ္းႏွစ္ဦးကို မွတ္တမ္းတင္ႏိုင္ခဲ့ၿပီး အမႈဖြင့္ထားတယ္လို႔လည္း သိရပါတယ္။

ၿပီးခဲ့တဲ့ မတ္လနဲ႔ ဧၿပီလေတြမွာလည္း ရာသီဥတု ပူျပင္းမႈေၾကာင့္ ၾကယ္လိပ္အေကာင္ေရ ၆၀ ေက်ာ္ ေသဆုံးခဲ့ရတယ္လို႔ သဘာဝပတ္ဝန္းက်င္ႏွင့္ သားငွက္တိရစာၦန္ ထိန္းသိမ္းေရးဌာန၊ ေ႐ႊစက္ေတာ္ ေတာ႐ိုင္းတိရစာၦန္ေဘးမဲ့ေတာ ဦးစီးအရာရွိထံက သိရပါတယ္။

သတင္း-မင္းထီး

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013