DVB Logo
Home
မြန်မာသတင်း
နိုင်ငံအကျိုးအတွက် အဖွဲ့အစည်းများနှင့် လက်တွဲသွားမည်ဟု ဒေါ်စုပြော
DVB
·
December 8, 2012
နိုင်ငံအကျိုးအတွက် အဖွဲ့အစည်းများနှင့် လက်တွဲသွားမည်ဟု ဒေါ်စုပြော
Donate to DVB

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဟာ တခြား နိုင်ငံအကျိုးဆောင်ရွက်လိုတဲ့ အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေနဲ့ လက်တွဲပြီး နိုင်ငံအကျိုးဆောင်ရွက်သွားမယ့်အကြောင်း ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က နတ်မောက်မြေမှာ လူထုကို သန္နိဋ္ဌာန်ပြု ပြောကြားလိုက်ပါတယ်။

ပရိသတ်သိန်းနဲ့ချီ တက်ရောက်ခဲ့တဲ့ နတ်မောက်လူထုဟောပြောပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။

[caption id="attachment_34129" align="alignleft" width="300" caption="နတ်မောက်မြို့ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ် အားကစားကွင်းတွင် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားနေစဉ်"][/caption]

“ကျမတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်တွေဟာ လုပ်တဲ့ကိုင်တဲ့နေရာမှာ အမြင်မတော်တာရှိရင်၊ ပြည်သူက ကျေနပ်စရာမရှိဘူးထင်ရင် ကျမတို့ကို အသိပေးပါ။ ကျမတို့ ပြုပြင်ယူပါမယ်။ အားလုံးက အပြစ်မကင်းဘူးဆိုပေမယ့် တတ်နိုင်သမျှ ဒီအပြစ်တွေ နည်းသွားအောင်လို့ အားနည်းချက်တွေ ပပျောက်သွားအောင်လို့ ကျမတို့ ကြိုးစားပါမယ်။ ပြည်သူရဲ့ ထောက်ခံမှု၊ ကူညီမှုနဲ့ ကျမတို့ပါတီဟာ တနေ့ထက် တနေ့ထက်ပိုပြီး ပြည်သူကို ကိုယ်စားပြုနိုင်တဲ့ပါတီဖြစ်အောင် ကြိုးစားပါမယ်။ တခြားနိုင်ငံရေးအဖွဲ့အစည်းတွေနဲ့လည်း အဆင်ပြေအောင်လို့ ကျမတို့ဟာ မိတ်ဆွေသဘောမျိုး တွဲပြီးတော့ နိုင်ငံရဲ့အကျိုးကို တတ်နိုင်သမျှ ကြိုးစားသွားမယ်။ ကျမတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သာလျှင် နိုင်ငံအကျိုးကို ထမ်းဆောင်နိုင်တယ်ဆိုတဲ့ စိတ်ဓာတ်မျိုး မထားပါဘူး။ ကျမတို့နည်းတူ နိုင်ငံအကျိုးလိုလားတဲ့ ပုဂ္ဂိုလ်တွေ အဖွဲ့အစည်းတွေရှိတယ်ဆိုတာကို လက်ခံပါတယ်။ သူတို့နဲ့ လက်တွဲပြီးတော့ နိုင်ငံ့အကျိုးကို ဆတက်ထမ်းပိုးကြိုးစားသွားပါမယ်လို့ နတ်မောက်မြေမှာ အမျိုးသားအောင်ပွဲနေ့ သံန္နိဋ္ဌာန်တခုအနေနဲ့ တင်ပြပါတယ်။ ကျန်းမာချမ်းသာကြပါစေ။”

ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီနေ့မနက်ပိုင်းမှာ နေပြည်တော်က ခရီးစတင်ထွက်ခွာခဲ့ပြီး မကွေးတိုင်း၊ ဆတ်သွားမှာ လူထုနဲ့ တွေ့ဆုံစကား ပြောခဲ့ပါတယ်။

အဲ့ဒီနောက် တောင်တွင်းကြီးမြို့ ဆေးရုံကိုသွားရောက်ပြီး ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအနေနဲ့ ကျပ်သိန်း ၈၀ လှူဒါန်းခဲ့ပါတယ်။

တောင်တွင်းကြီးကနေ နတ်မောက်အသွားလမ်းမှာ မြို့လုလင်နဲ့ မြို့သစ်မြို့ လူထုကို ကားပေါ်ကနေပဲ တွေ့ဆုံစကား ပြောခဲ့ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့မကွေးတိုင်းခရီးနဲ့ ပတ်သက်ပြီး ခရီးစဉ်မှာ လိုက်ပါသတင်းရယူနေတဲ့ ကိုဇော်ဖေက ခုလို ပြောပါတယ်။

“ဒီခရီးစဉ်ကတော့ နတ်မောက်က အမျိုးသားအောင်ပွဲနေ့အတွက် အဓိကထား လာတယ်လို့ပြောတယ်။ ဒါပေမယ့် မကွေးတိုင်းကိုရောက်လာတော့ မကွေးတိုင်းနဲ့ နီးစပ်တဲ့ မြို့တွေကိုလည်း အကုန်ဝင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ပြောသွားတဲ့အထဲမှာ လူထုရဲ့ လိုအင်ဆန္ဒတွေ၊ ကျန်းမာရေးနဲ့ ပတ်သက်တာလည်း ပါတယ်။ ပညာရေးကို အဓိကထား ပြောကြားသွားပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီဇင်ဘာ ၈ ရက်ညပိုင်းမှာတော့ မကွေးမြို့မှာ ညအိပ်မယ်လို့ သိရပါတယ်။ ဒီခရီးစဉ်အတွင်း ပါတီရုံးခန်းဖွင့်ပွဲနဲ့ ဆိုင်းဘုတ်ဖွင့်ပွဲ အခမ်းအနားတွေကိုလဲ တက်ရောက်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013