DVB Logo
Home
မြန်မာသတင်း
ဘီးလင်းမြစ်ရေမြင့်တက်လာသဖြင့် ရန်ကုန်-မော်လမြိုင် ရထားခရီးစဉ်တချို့ ရပ်နားထားရ
DVB
·
August 7, 2019
ဘီးလင်းမြစ်ရေမြင့်တက်လာသဖြင့် ရန်ကုန်-မော်လမြိုင် ရထားခရီးစဉ်တချို့ ရပ်နားထားရ
1 / 4
Donate to DVB

သြဂုတ်လဆန်းပိုင်းကစတင်ကာ မိုးရွာသွန်းမှုတွေကြောင့် တောင်ကျရေစီးဆင်းပြီး ဘီးလင်းမြစ်ရေ မြင့်တက်ခဲ့တာကြောင့် ရန်ကုန်-မော်လမြိုင် ရထားခရီးစဉ်တချို့ ယာယီရပ်နားထားရပါတယ်။

ရန်ကုန် - မော်လမြိုင် ၃၅ အဆန်ရထားမှာ ပါလာတဲ့ ရထားစီးခရီးသည်  ၃၂၀ ကျော်က သြဂုတ် ၇ ရက်နေ့ မနက်ပိုင်းက တောင်စွန်းဘူတာကို ရောက်ရှိခဲ့ပြီး ခရီးသည် ၂၄၀ ကျော်ကတော့ ကိုယ့်အစီစဉ်နဲ့ကိုယ် ပြန်သွားကာ ကျန်တဲ့ ခရီးသည်တွေကိုတော့ ဘီးလင်းမြို့နယ် (ရထက) အဖွဲ့က မှန်လုံကား ၂ စီး စီစဉ်ပေးခဲ့ရတယ်လို့ တောင်စွန်းဘူတာမှ ရုံပိုင်ကြီး ဦးခင်ညွန့်က ပြောပါတယ်၊

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်မှာ တောင်ကျရေစီးဆင်းခဲ့မှုကြောင့် မြန်မာ့မီးရထား ဘီးလင်းမြို့နယ်လမ်းပိုင်းက နှင်းပုလဲနှင့်ဒုံဝန်းဘူတာအကြား မိုင်တိုင်အမှတ် ၁၁၈/၂၃မှ ၁၁၉/၄အ ကြားရှိ တံတားနံပါတ် BR-72(A) ရဲ့ ယာယီလမ်းလွှဲတာဘောင်မှာ တောင်ကျရေတိုက်စားခဲ့တဲ့အတွက် ပြုတ်ကျလုနီးပါးဖြစ်ကာ အစုံအဆန်ရထားတွေ ဖြတ်သန်းသွားလာဖို့ မသင့်တဲ့အတွက် သြဂုတ် ၆ရက်နေ့ည ၈ နာရီအချိန်ကစတင်ပြီး ခေတ္တယာယီပိတ်ထားခဲ့တာဖြစ်ပါတယ်။

အလားတူ လူဦးရေ ၂၂၀ ခန့်တင်ဆောင်လာတဲ့ ရန်ကုန်-မော်လမြိုင် ၁၇၅အ ဆန်ရထားမှာလည်း ဒီကနေ့မနက် ၁ နာရီက နှင်းပုလဲဘူတာကိုရောက်ရှိလာပြီး ရပ်နားထားခဲ့ရပြီး နှင်းပုလဲဘူတာမှ မော်လမြိုင်သို့ ပြန်လည်ထွက်ခွာဖို့အတွက် မွန်ပြည်နယ်အစိုးရအဖွဲ့က စီစဉ်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

ဘီးလင်းမြို့နယ်ရှိ ဘီးလင်းမြစ်ရေမြင့်တက်လာမှုကြောင့် မြန်မာ့မီးရထား ခရီးစဉ်ရပ်နားမှုကို ၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၂၇ ရက်နေ့မှာလည်း ဖြစ်ပွားခဲ့ပြီး သြဂုတ် ၃၁ ရက်နေ့အထိ စောင့်ဆိုင်းခဲ့ရတယ်လို့ တောင်စွန်းဘူတာရုံမှတ်တမ်းတွေအရ သိရပါတယ်။

ယူမင်းစိုး




ဘီးလင္းျမစ္ေရျမင့္တက္လာသျဖင့္ ရန္ကုန္-ေမာ္လၿမိဳင္ ရထားခရီးစဥ္တခ်ိဳ႕ ရပ္နားထားရ
DVB

ၾသဂုတ္လဆန္းပိုင္းကစတင္ကာ မိုး႐ြာသြန္းမႈေတြေၾကာင့္ ေတာင္က်ေရစီးဆင္းၿပီး ဘီးလင္းျမစ္ေရ ျမင့္တက္ခဲ့တာေၾကာင့္ ရန္ကုန္-ေမာ္လၿမိဳင္ ရထားခရီးစဥ္တခ်ိဳ႕ ယာယီရပ္နားထားရပါတယ္။

ရန္ကုန္ - ေမာ္လၿမိဳင္ ၃၅ အဆန္ရထားမွာ ပါလာတဲ့ ရထားစီးခရီးသည္ ၃၂၀ ေက်ာ္က ၾသဂုတ္ ၇ ရက္ေန႔ မနက္ပိုင္းက ေတာင္စြန္းဘူတာကို ေရာက္ရွိခဲ့ၿပီး ခရီးသည္ ၂၄၀ ေက်ာ္ကေတာ့ ကိုယ့္အစီစဥ္နဲ႔ကိုယ္ ျပန္သြားကာ က်န္တဲ့ ခရီးသည္ေတြကိုေတာ့ ဘီးလင္းၿမိဳ႕နယ္ (ရထက) အဖြဲ႕က မွန္လုံကား ၂ စီး စီစဥ္ေပးခဲ့ရတယ္လို႔ ေတာင္စြန္းဘူတာမွ ႐ုံပိုင္ႀကီး ဦးခင္ၫြန႔္က ေျပာပါတယ္၊

မြန္ျပည္နယ္၊ ဘီးလင္းၿမိဳ႕နယ္မွာ ေတာင္က်ေရစီးဆင္းခဲ့မႈေၾကာင့္ ျမန္မာ့မီးရထား ဘီးလင္းၿမိဳ႕နယ္လမ္းပိုင္းက ႏွင္းပုလဲႏွင့္ဒုံဝန္းဘူတာအၾကား မိုင္တိုင္အမွတ္ ၁၁၈/၂၃မွ ၁၁၉/၄အ ၾကားရွိ တံတားနံပါတ္ BR-72(A) ရဲ႕ ယာယီလမ္းလႊဲတာေဘာင္မွာ ေတာင္က်ေရတိုက္စားခဲ့တဲ့အတြက္ ျပဳတ္က်လုနီးပါးျဖစ္ကာ အစုံအဆန္ရထားေတြ ျဖတ္သန္းသြားလာဖို႔ မသင့္တဲ့အတြက္ ၾသဂုတ္ ၆ရက္ေန႔ည ၈ နာရီအခ်ိန္ကစတင္ၿပီး ေခတၱယာယီပိတ္ထားခဲ့တာျဖစ္ပါတယ္။

အလားတူ လူဦးေရ ၂၂၀ ခန႔္တင္ေဆာင္လာတဲ့ ရန္ကုန္-ေမာ္လၿမိဳင္ ၁၇၅အ ဆန္ရထားမွာလည္း ဒီကေန႔မနက္ ၁ နာရီက ႏွင္းပုလဲဘူတာကိုေရာက္ရွိလာၿပီး ရပ္နားထားခဲ့ရၿပီး ႏွင္းပုလဲဘူတာမွ ေမာ္လၿမိဳင္သို႔ ျပန္လည္ထြက္ခြာဖို႔အတြက္ မြန္ျပည္နယ္အစိုးရအဖြဲ႕က စီစဥ္ေဆာင္႐ြက္ေနတယ္လို႔ သိရပါတယ္။

ဘီးလင္းၿမိဳ႕နယ္ရွိ ဘီးလင္းျမစ္ေရျမင့္တက္လာမႈေၾကာင့္ ျမန္မာ့မီးရထား ခရီးစဥ္ရပ္နားမႈကို ၂၀၁၈ ခုႏွစ္၊ ၾသဂုတ္လ ၂၇ ရက္ေန႔မွာလည္း ျဖစ္ပြားခဲ့ၿပီး ၾသဂုတ္ ၃၁ ရက္ေန႔အထိ ေစာင့္ဆိုင္းခဲ့ရတယ္လို႔ ေတာင္စြန္းဘူတာ႐ုံမွတ္တမ္းေတြအရ သိရပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013