DVB Logo
Home
မြန်မာသတင်း
သြစတြေးလျနိုင်ငံသား ရော့ဒန်ကလေကို မူးယစ်ဆေးဝါးမှုဖြင့် ထောင်ဒဏ် ၁၃ နှစ်ချမှတ်ခံရ
DVB
·
August 7, 2019
သြစတြေးလျနိုင်ငံသား ရော့ဒန်ကလေကို မူးယစ်ဆေးဝါးမှုဖြင့် ထောင်ဒဏ် ၁၃ နှစ်ချမှတ်ခံရ
1 / 2
Donate to DVB

ဗဟန်းမြို့နယ်ရှိ နေအိမ်တစ်အိမ်မှာ မူးယစ်ဆေးဝါးတွေနဲ့အတူဖမ်းမိခဲ့တဲ့ မြန်မာတိုင်းမ်ဂျာနယ်ရဲ့ အယ်ဒီတာချုပ်ဟောင်း သြစတြေးလျနိုင်ငံသား ရော့ဒန်ကလေကို မူးယစ်ဆေးဝါးပုဒ်မ ၁၉(က)အမှုနဲ့ သြဂုတ် ၇ရက်နေ့မှာ ရန်ကုန်အနောက်ပိုင်းခရိုင် တရားရုံးကနေ ထောင်ဒဏ် ၁၃ နှစ်ချမှတ်လိုက်ပါတယ်။ 

သူနဲ့အတူ ဖမ်းဆီးရမိခဲ့တဲ့ ဗြိတိန်နိုင်ငံသား တဦးကိုလည်း တရားရုံးကနေ ထောင်ဒဏ် ၁၃ နှစ်ချမှတ်ခဲ့တဲ့အပြင် မြန်မာအမျိုးသမီး ၅ ဦးကိုတော့ မူးယစ်ပုဒ်မ ၁၉(က) /၂၁ နဲ့ထောင်ဒဏ် ၁၁ နှစ် ချမှတ်လိုက်ပါတယ်။ 

အမှုကို ၁ နှစ်ကျော်ကြာစစ်ဆေးခဲ့ပြီးနောက် အခုလို အပြီးသတ် အမိန့်ချမှတ်ခဲ့တာဖြစ်ပြီး ချုပ်ရက်တွေကို ခံစားခွင့်ပြုတယ်လို့ ဥပဒေအရာရှိက ဆိုပါတယ်။ 

အခုဖြစ်စဉ်နဲ့ ပတ်သက်ပြီး မူးယစ်ဆေးဝါးတွေနဲ့အတူ ဖမ်းဆီးရမိခဲ့တဲ့ နိုင်ငံခြားသားနှစ်ဦးကို မူးယစ်ဆေး ဝါးနှင့် စိတ်ကိုပြောင်းလဲစေသည့်ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၉(က) (မူးယစ်ဆေးရောင်းရရန် လက်ဝယ်ထားတာနဲ့ စွဲချက်တင်ခဲ့ပြီး မြန်မာနိုင်ငံသားအမျိုးသမီးငါးဦးကို ပုဒ်မ ၁၉(က) အပြင် ပုဒ်မ ၂၁ (အားပေးကူညီမှုဖြင့်ပါ) အနောက်ပိုင်းခရိုင်တရားရုံးမှာ စွဲချက်တင်ခဲ့တာပါ။




ၾသစေၾတးလ်ႏိုင္ငံသား ေရာ့ဒန္ကေလကို မူးယစ္ေဆးဝါးမႈျဖင့္ ေထာင္ဒဏ္ ၁၃ ႏွစ္ခ်မွတ္ခံရ
DVB
ဗဟန္းၿမိဳ႕နယ္ရွိ ေနအိမ္တစ္အိမ္မွာ မူးယစ္ေဆးဝါးေတြနဲ႔အတူဖမ္းမိခဲ့တဲ့ ျမန္မာတိုင္းမ္ဂ်ာနယ္ရဲ႕ အယ္ဒီတာခ်ဳပ္ေဟာင္း ၾသစေၾတးလ်ႏိုင္ငံသား ေရာ့ဒန္ကေလကို မူးယစ္ေဆးဝါးပုဒ္မ ၁၉(က)အမႈနဲ႔ ၾသဂုတ္ ၇ရက္ေန႔မွာ ရန္ကုန္အေနာက္ပိုင္းခ႐ိုင္ တရား႐ုံးကေန ေထာင္ဒဏ္ ၁၃ ႏွစ္ခ်မွတ္လိုက္ပါတယ္။

သူနဲ႔အတူ ဖမ္းဆီးရမိခဲ့တဲ့ ၿဗိတိန္ႏိုင္ငံသား တဦးကိုလည္း တရား႐ုံးကေန ေထာင္ဒဏ္ ၁၃ ႏွစ္ခ်မွတ္ခဲ့တဲ့အျပင္ ျမန္မာအမ်ိဳးသမီး ၅ ဦးကိုေတာ့ မူးယစ္ပုဒ္မ ၁၉(က) /၂၁ နဲ႔ေထာင္ဒဏ္ ၁၁ ႏွစ္ ခ်မွတ္လိုက္ပါတယ္။

အမႈကို ၁ ႏွစ္ေက်ာ္ၾကာစစ္ေဆးခဲ့ၿပီးေနာက္ အခုလို အၿပီးသတ္ အမိန္႔ခ်မွတ္ခဲ့တာျဖစ္ၿပီး ခ်ဳပ္ရက္ေတြကို ခံစားခြင့္ျပဳတယ္လို႔ ဥပေဒအရာရွိက ဆိုပါတယ္။

အခုျဖစ္စဥ္နဲ႔ ပတ္သက္ၿပီး မူးယစ္ေဆးဝါးေတြနဲ႔အတူ ဖမ္းဆီးရမိခဲ့တဲ့ ႏိုင္ငံျခားသားႏွစ္ဦးကို မူးယစ္ေဆး ဝါးႏွင့္ စိတ္ကိုေျပာင္းလဲေစသည့္ေဆးဝါးမ်ားဆိုင္ရာ ဥပေဒပုဒ္မ ၁၉(က) (မူးယစ္ေဆးေရာင္းရရန္ လက္ဝယ္ထားတာနဲ႔ စြဲခ်က္တင္ခဲ့ၿပီး ျမန္မာႏိုင္ငံသားအမ်ိဳးသမီးငါးဦးကို ပုဒ္မ ၁၉(က) အျပင္ ပုဒ္မ ၂၁ (အားေပးကူညီမႈျဖင့္ပါ) အေနာက္ပိုင္းခ႐ိုင္တရား႐ုံးမွာ စြဲခ်က္တင္ခဲ့တာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013