DVB Logo
Home
မြန်မာသတင်း
ရေကြီးရေလျှံမှုကြောင့် ၁၂ မြို့နယ်မှ လူဦးရေ ၁၅၀၀၀ ကျော် ကယ်ဆယ်ရေးစခန်းများတွင် ခိုလှုံ
DVB
·
August 7, 2019
ရေကြီးရေလျှံမှုကြောင့် ၁၂ မြို့နယ်မှ လူဦးရေ ၁၅၀၀၀ ကျော် ကယ်ဆယ်ရေးစခန်းများတွင် ခိုလှုံ
Donate to DVB

တိုင်းနဲ့ပြည်နယ် ၄ ခု၊ မြို့နယ် ၁၂ မြို့နယ်မှာ မြစ်ရေမြင့်တက်ပြီး ရေကြီးရေလျှံဖြစ်တာကြောင့် လူဦးရေ စုစုပေါင်း ၁၅၀၀၀ ကျော် ကယ်ဆယ်ရေးစခန်းတွေမှာ ယာယီခိုလှုံနေကြတယ်လို့ ပြည်ထဲရေးထုတ်ပြန်ချက်အရ သိရပါတယ်။

ကရင်ပြည်နယ် ဘားအံမြို့နယ်မှာ သံလွင်မြစ်ရေ မြင့်တက်လို့ ရေကြီးနေပြီး လူဦး စုစုပေါင်း ၅၆၇၀ ဟာ မိုးလုံလေလုံ အားကစားရုံ၊ ရွှေယဉ်မျှော်ဘုရား၊ အာရဗီကျောင်း၊ ဆိုင်ကလုန်းရှဲလ်တာ၊ ဓမ္မပီယ ဘုန်းကြီးကျောင်း၊၊ အ.မ.က(၅)၊ အောင်သံလွင်အားကစားရုံ၊၊ အ.ထ.က(၃)၊ အ.လ.က(၆) စတာတွေမှာ ပြောင်းရွှေ့နေကြပြီးစာသင်ကျောင်း ၂ ကျောင်း ယာယီပိတ်ထားတယ်လို့ ဆိုပါတယ်။

ကော့ကရိတ်မြို့နယ်မှာတော့ ဟောင်သရောမြစ်ရေ မြင့်တက်မှုကြောင့် ရေကြီးနေပြီး  လူဉီးရေ ၄၃၄ ဦး ဓမ္မာသုခရသေ့ကျောင်း၊ ကုန်သွယ်လယ်ယာဂိုဒေါင်၊ အ.မ.က(၆)၊ ဒေါ့ဖျာကျေးရွာ ဘုန်းကြီးကျောင်းတွေမှာ အသီးသီးရွှေပြောင်းနေထိုင်လျက်ရှိကြပြီး ခရစ်ကျောက်တန်းကျေးရွာမှာ စာသင်ကျောင်း ၁ ကျောင်း ယာယီပိတ်ထားရပါတယ်။

ဖာပွန်မြို့နယ်မှာတော့ သံလွင်မြစ်ရေမြင့်တက်တာကြောင့် ရေကြီးနေပြီး ကမမောင်းမြို့ (၃)ရပ်ကွက်ပါ ၄ ခုနဲ့ အောက်ကိုင်းကျေးရွာပါ ၃ ရွာတို့မှာ ရေအနက် ၃ ပေလောက် ဝင်ရောက်နေလို့ စာသင်ကျောင်း ၇ ကျောင်း ယာယီပိတ်ထားရပါတယ်၊

လှိုင်းဘွဲ့မြို့နယ်မှာတော့ လှိုင်းဘွဲ့ချောင်းရေမြင့်တက်မှုကြောင့်  ရေကြီးနေပြီး လူဦးရေ စုစုပေါင်း ၈၃၂ ဦးဟာ (ခ)ရပ်ကွက်မူကြိုကျောင်း၊ အ.မ.က(၂)၊ မြို့မရပ်ကွက်အထက် ဘုန်းကြီးကျောင်း၊ ကမော့ကချူးကျေး မူကြိုကျောင်း၊ ဝင်းပရဘုန်းကြီးကျောင်း၊ အ.ထ.က(ဒေါ်လန်း) စတာတွေမှာ  အသီးသီးရွှေပြောင်းနေထိုင်နေကြပါတယ်။

မြ၀တီမြို့နယ်မှာတော့ သောင်ရင်းမြစ်ရေမြင့်တက်မှုကြောင့် ရေကြီးနေပြီး  လူဦးရေ ၁၀၇၀ ဦးဟာ ကျောက်လုံးကြီးစခန်း၊ တောရဘုန်းကြီးကျောင်း၊ ကိုးနဝင်းဘုန်းကြီးကျောင်း စတာတွေမှာ အသီးသီးရွှေ့ပြောင်းနေထိုင်နေကြပါတယ်၊

ပဲခူးတိုင်း ရွှေကျင်မြို့မှာတော့ စစ်တောင်းမြစ် ရေဝင်ရောက်မှုကြောင့် လူဦးရေ ၂၂၁၁ ဦးဟာ ပြည်ခိုင်ဖြိုးပါတီရုံး၊ သာသနာ့ဗိမာန်ကျောင်း၊ ရွှေတောင်ဦးဘုရား ကုန်းပေါ်၊ တောင်ပိုင်း ဘုန်းကြီးကျောင်း၊ ကျွဲတဲဘုန်းကြီးကျောင်း၊ အ.လ.က(ပွဲကုန်း)၊ တိုက်ဆော် ဘုန်းကြီးကျောင်း၊ အ.လ.က(သောင်လယ်)၊ ရွာသစ်ဘုန်းကြီးကျောင်း၊ ရွာမဘုန်းကြီးကျောင်း၊ အလယ်ကျွန်းဘုန်းကြီးကျောင်း၊ အရှေ့မဟာဗုဒ္ဓဘုရား ကြီးကုန်းပေါ်၊ စံဖဲကျေးရွာဘုန်းကြီးကျောင်း၊ စက်စုကျေးရွာဘုန်းကြီးကျောင်း၊ အောင်သာယာ ဘုန်းကြီးကျောင်း၊ ဒိုးပင်းကျေးရွာဘုန်းကြီး၊ ရန်ကုန် ဘုန်းကြီးကျောင်း၊ သိရိမင်္ဂလာဘုန်းကြီးကျောင်း ဝိုင်ပျဉ်ရေဘုန်းကြီးကျောင်း စတာတွေမှာ အသီးသီး ရွှေ့ပြောင်းနေထိုင်နေကြပြီး စာသင်ကျောင်း ၁၁ ကျောင်း ယာယီပိတ်ထားရပါတယ်။

ကျောက်ကြီးမြို့နယ်မှာ စစ်တောင်းမြစ်နဲ့ ကျောက်ကြီးချောင်းရေ မြင့်တက်မှုကြောင့် ရေကြီးနေပြီး လူဦးရေ ၅၆၇ ဦးဟာ ပဲခူးမြို့တွင်းဘုန်းကြီးကျောင်း၊ သိန်တန်းရပ်ကွက်ဓမ္မာရုံ၊ သိမ်တန်းရပ်ကွက်ရှိ မင်းအိုကြီးဘုန်းကြီးကျောင်း၊ တောင်ငူတန်းရပ်ကွက်ရှိ မြို့ဦးဘုန်းကြီးကျောင်း၊ သိန်းတန်ရပ်ကွက်ရှိ ရွှေအုန်းခြံလက်ဖက်ရည်ဆိုင်ခြံ၊ ကျွန်းပင်ကျေးရွာခန်းမဆောင်နဲ့ နီးစပ်ရာဆွေမျိုးတွေရဲ့ နေအိမ်တွေမှာ အသီးသီး ရွှေ့ပြောင်းနေထိုင်နေကြပါတယ်။

မွန်ပြည်နယ် ရေးမြို့နယ်မှာတော့  တောင်ကျရေစီးဆင်းပြီး ရေကြီးရေလျှံတာကြောင့် လူဦးရေ ၇၄ ဦးဟာ နီးစပ်ရာဆွေမျိုးတွေအိမ်မှာ နေထိုင်နေကြပြီး လေပြင်းတိုက်ခတ်မှုကြောင့် သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်းနေအိမ် ၆ လုံး၊ ဇရပ် ၁ ဆောင် အမိုးလန်၊ နေအိမ် ၁ လုံး သစ်ပင်ပိပျ က်စီးဆုံးရှုံးခဲ့ပါတယ်။

ဘီးလင်းမြို့နယ်အတွင်း ဘီးလင်းမြစ် ရေမြင့်တက်မှုကြောင့် ရေကြီးနေပြီး  လူဦးရေ ၄၀၅၅ ဦးဟာ ဓမ္မဝိဟာရဘုန်းကြီးကျောင်း၊ တစညပါတီရုံး၊အ.ထ.က(ကန်သာယာ)၊ မြို့ဦးဘုန်းကြီးကျောင်း၊ အောင်သိဒ္ဓိဘုန်းကြီးကျောင်း၊ ငြိမ်းချမ်းရိပ်မြုံ ဘုန်းကြီးကျောင်းအပါအဝင် စာသင်ကျောင်းတွေ စတာတွေမှာ ခိုလှုံနေကြပြီး စာသင်ကျောင်း ၉ ကျောင်း ယာယီ ပိတ်ထာရေပါတယ်။

ကျိုက်မရောမြို့နယ်အတွင်း အတ္ထရံမြစ်ရေမြင့်တက်မှုကြောင့် ရေကြီးနေပြီး  လူဦးရေ ၂၄၁ ဦးတို့ဟာ ရန်မျိုးအောင်ရပ်ကွက်(၅)ရှိ ရသေ့ကျောင်းတိုက်မှာ ရွှေ့ပြောင်းနေထိုင်နေကြပြီး အောင်ဗလကုန်း ကျေးရွာမှာ စာသင်ကျောင်း ၁ ကျောင်း ယာယီပိတ်ထားရပါတယ်၊

ဧရာဝတီတိုင်း ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်အတွင်း မိုးရွာသွန်းပြီး ဒီရေမြင့်တက်မှုကြောင့် လူဦးရေ ၁၀၅ ဦးဟာ တင်းချောင်းကျေးရွာရှိ မြစ်တစ်ရာဘုန်းကြီးကျောင်းမှာ အသီးသီးရွှေ့ပြောင်း နေထိုင်ကြပြီး စပါး ၂၁၇ တင်း ရေးစိုပျက်စီးဆုံးရှုံးခဲ့ပါတယ်၊

မြောင်းမြမြို့နယ်အတွင်း မိုးရွာသွန်းပြီး ရေကြီးနေတာကြောင့် ၂၈၉ ဦးဟာ ကံကော်မြိုင်ဘုန်းကြီးကျောင်းနဲ့ သရက်ကုန်းဘုန်းကြီးကျောင်း၊ ပညာဇေယျုံဘုန်းကြီးကျောင်းတို့မှာ အသီးသီးရွှေ့ပြောင်းနေထိုင်နေပြီး စာသင်ကျောင်း ၂ ကျောင်း ယာယီပိတ်ထားရပါတယ်။




ေရႀကီးေရလွ်ံမႈေၾကာင့္ ၁၂ ၿမိဳ႕နယ္မွ လူဦးေရ ၁၅၀၀၀ ေက်ာ္ ကယ္ဆယ္ေရးစခန္းမ်ားတြင္ ခိုလႈံ

DVB

တိုင္းနဲ႔ျပည္နယ္ ၄ ခု၊ ၿမိဳ႕နယ္ ၁၂ ၿမိဳ႕နယ္မွာ ျမစ္ေရျမင့္တက္ၿပီး ေရႀကီးေရလွ်ံျဖစ္တာေၾကာင့္ လူဦးေရ စုစုေပါင္း ၁၅၀၀၀ ေက်ာ္ ကယ္ဆယ္ေရးစခန္းေတြမွာ ယာယီခိုလႈံေနၾကတယ္လို႔ ျပည္ထဲေရးထုတ္ျပန္ခ်က္အရ သိရပါတယ္။

ကရင္ျပည္နယ္ ဘားအံၿမိဳ႕နယ္မွာ သံလြင္ျမစ္ေရ ျမင့္တက္လို႔ ေရႀကီးေနၿပီး လူဦး စုစုေပါင္း ၅၆၇၀ ဟာ မိုးလုံေလလုံ အားကစား႐ုံ၊ ေ႐ႊယဥ္ေမွ်ာ္ဘုရား၊ အာရဗီေက်ာင္း၊ ဆိုင္ကလုန္းရွဲလ္တာ၊ ဓမၼပီယ ဘုန္းႀကီးေက်ာင္း၊၊ အ.မ.က(၅)၊ ေအာင္သံလြင္အားကစား႐ုံ၊၊ အ.ထ.က(၃)၊ အ.လ.က(၆) စတာေတြမွာ ေျပာင္းေ႐ႊ႕ေနၾကၿပီးစာသင္ေက်ာင္း ၂ ေက်ာင္း ယာယီပိတ္ထားတယ္လို႔ ဆိုပါတယ္။

ေကာ့ကရိတ္ၿမိဳ႕နယ္မွာေတာ့ ေဟာင္သေရာျမစ္ေရ ျမင့္တက္မႈေၾကာင့္ ေရႀကီးေနၿပီး  လူဉီးေရ ၄၃၄ ဦး ဓမၼာသုခရေသ့ေက်ာင္း၊ ကုန္သြယ္လယ္ယာဂိုေဒါင္၊ အ.မ.က(၆)၊ ေဒါ့ဖ်ာေက်း႐ြာ ဘုန္းႀကီးေက်ာင္းေတြမွာ အသီးသီးေ႐ႊေျပာင္းေနထိုင္လ်က္ရွိၾကၿပီး ခရစ္ေက်ာက္တန္းေက်း႐ြာမွာ စာသင္ေက်ာင္း ၁ ေက်ာင္း ယာယီပိတ္ထားရပါတယ္။

ဖာပြန္ၿမိဳ႕နယ္မွာေတာ့ သံလြင္ျမစ္ေရျမင့္တက္တာေၾကာင့္ ေရႀကီးေနၿပီး ကမေမာင္းၿမိဳ႕ (၃)ရပ္ကြက္ပါ ၄ ခုနဲ႔ ေအာက္ကိုင္းေက်း႐ြာပါ ၃ ႐ြာတို႔မွာ ေရအနက္ ၃ ေပေလာက္ ဝင္ေရာက္ေနလို႔ စာသင္ေက်ာင္း ၇ ေက်ာင္း ယာယီပိတ္ထားရပါတယ္၊

လႈိင္းဘြဲ႕ၿမိဳ႕နယ္မွာေတာ့ လႈိင္းဘြဲ႕ေခ်ာင္းေရျမင့္တက္မႈေၾကာင့္  ေရႀကီးေနၿပီး လူဦးေရ စုစုေပါင္း ၈၃၂ ဦးဟာ (ခ)ရပ္ကြက္မူႀကိဳေက်ာင္း၊ အ.မ.က(၂)၊ ၿမိဳ႕မရပ္ကြက္အထက္ ဘုန္းႀကီးေက်ာင္း၊ ကေမာ့ကခ်ဴးေက်း မူႀကိဳေက်ာင္း၊ ဝင္းပရဘုန္းႀကီးေက်ာင္း၊ အ.ထ.က(ေဒၚလန္း) စတာေတြမွာ  အသီးသီးေ႐ႊေျပာင္းေနထိုင္ေနၾကပါတယ္။

ျမ၀တီၿမိဳ႕နယ္မွာေတာ့ ေသာင္ရင္းျမစ္ေရျမင့္တက္မႈေၾကာင့္ ေရႀကီးေနၿပီး  လူဦးေရ ၁၀၇၀ ဦးဟာ ေက်ာက္လုံးႀကီးစခန္း၊ ေတာရဘုန္းႀကီးေက်ာင္း၊ ကိုးနဝင္းဘုန္းႀကီးေက်ာင္း စတာေတြမွာ အသီးသီးေ႐ႊ႕ေျပာင္းေနထိုင္ေနၾကပါတယ္၊

ပဲခူးတိုင္း ေ႐ႊက်င္ၿမိဳ႕မွာေတာ့ စစ္ေတာင္းျမစ္ ေရဝင္ေရာက္မႈေၾကာင့္ လူဦးေရ ၂၂၁၁ ဦးဟာ ျပည္ခိုင္ၿဖိဳးပါတီ႐ုံး၊ သာသနာ့ဗိမာန္ေက်ာင္း၊ ေ႐ႊေတာင္ဦးဘုရား ကုန္းေပၚ၊ ေတာင္ပိုင္း ဘုန္းႀကီးေက်ာင္း၊ ကြၽဲတဲဘုန္းႀကီးေက်ာင္း၊ အ.လ.က(ပြဲကုန္း)၊ တိုက္ေဆာ္ ဘုန္းႀကီးေက်ာင္း၊ အ.လ.က(ေသာင္လယ္)၊ ႐ြာသစ္ဘုန္းႀကီးေက်ာင္း၊ ႐ြာမဘုန္းႀကီးေက်ာင္း၊ အလယ္ကြၽန္းဘုန္းႀကီးေက်ာင္း၊ အေရွ႕မဟာဗုဒၶဘုရား ႀကီးကုန္းေပၚ၊ စံဖဲေက်း႐ြာဘုန္းႀကီးေက်ာင္း၊ စက္စုေက်း႐ြာဘုန္းႀကီးေက်ာင္း၊ ေအာင္သာယာ ဘုန္းႀကီးေက်ာင္း၊ ဒိုးပင္းေက်း႐ြာဘုန္းႀကီး၊ ရန္ကုန္ ဘုန္းႀကီးေက်ာင္း၊ သိရိမဂၤလာဘုန္းႀကီးေက်ာင္း ဝိုင္ပ်ဥ္ေရဘုန္းႀကီးေက်ာင္း စတာေတြမွာ အသီးသီး ေ႐ႊ႕ေျပာင္းေနထိုင္ေနၾကၿပီး စာသင္ေက်ာင္း ၁၁ ေက်ာင္း ယာယီပိတ္ထားရပါတယ္။

ေက်ာက္ႀကီးၿမိဳ႕နယ္မွာ စစ္ေတာင္းျမစ္နဲ႔ ေက်ာက္ႀကီးေခ်ာင္းေရ ျမင့္တက္မႈေၾကာင့္ ေရႀကီးေနၿပီး လူဦးေရ ၅၆၇ ဦးဟာ ပဲခူးၿမိဳ႕တြင္းဘုန္းႀကီးေက်ာင္း၊ သိန္တန္းရပ္ကြက္ဓမၼာ႐ုံ၊ သိမ္တန္းရပ္ကြက္ရွိ မင္းအိုႀကီးဘုန္းႀကီးေက်ာင္း၊ ေတာင္ငူတန္းရပ္ကြက္ရွိ ၿမိဳ႕ဦးဘုန္းႀကီးေက်ာင္း၊ သိန္းတန္ရပ္ကြက္ရွိ ေ႐ႊအုန္းၿခံလက္ဖက္ရည္ဆိုင္ၿခံ၊ ကြၽန္းပင္ေက်း႐ြာခန္းမေဆာင္နဲ႔ နီးစပ္ရာေဆြမ်ိဳးေတြရဲ႕ ေနအိမ္ေတြမွာ အသီးသီး ေ႐ႊ႕ေျပာင္းေနထိုင္ေနၾကပါတယ္။

မြန္ျပည္နယ္ ေရးၿမိဳ႕နယ္မွာေတာ့  ေတာင္က်ေရစီးဆင္းၿပီး ေရႀကီးေရလွ်ံတာေၾကာင့္ လူဦးေရ ၇၄ ဦးဟာ နီးစပ္ရာေဆြမ်ိဳးေတြအိမ္မွာ ေနထိုင္ေနၾကၿပီး ေလျပင္းတိုက္ခတ္မႈေၾကာင့္ သြပ္မိုး၊ ထရံကာ၊ ပ်ဥ္ခင္းေနအိမ္ ၆ လုံး၊ ဇရပ္ ၁ ေဆာင္ အမိုးလန္၊ ေနအိမ္ ၁ လုံး သစ္ပင္ပိပ် က္စီးဆုံးရႈံးခဲ့ပါတယ္။

ဘီးလင္းၿမိဳ႕နယ္အတြင္း ဘီးလင္းျမစ္ ေရျမင့္တက္မႈေၾကာင့္ ေရႀကီးေနၿပီး  လူဦးေရ ၄၀၅၅ ဦးဟာ ဓမၼဝိဟာရဘုန္းႀကီးေက်ာင္း၊ တစညပါတီ႐ုံး၊အ.ထ.က(ကန္သာယာ)၊ ၿမိဳ႕ဦးဘုန္းႀကီးေက်ာင္း၊ ေအာင္သိဒၶိဘုန္းႀကီးေက်ာင္း၊ ၿငိမ္းခ်မ္းရိပ္ၿမဳံ ဘုန္းႀကီးေက်ာင္းအပါအဝင္ စာသင္ေက်ာင္းေတြ စတာေတြမွာ ခိုလႈံေနၾကၿပီး စာသင္ေက်ာင္း ၉ ေက်ာင္း ယာယီ ပိတ္ထာရပါတယ္။

က်ိဳက္မေရာၿမိဳ႕နယ္အတြင္း အတၳရံျမစ္ေရျမင့္တက္မႈေၾကာင့္ ေရႀကီးေနၿပီး  လူဦးေရ ၂၄၁ ဦးတို႔ဟာ ရန္မ်ိဳးေအာင္ရပ္ကြက္(၅)ရွိ ရေသ့ေက်ာင္းတိုက္မွာ ေ႐ႊ႕ေျပာင္းေနထိုင္ေနၾကၿပီး ေအာင္ဗလကုန္း ေက်း႐ြာမွာ စာသင္ေက်ာင္း ၁ ေက်ာင္း ယာယီပိတ္ထားရပါတယ္၊

ဧရာဝတီတိုင္း ပုသိမ္ခ႐ိုင္၊ ငပုေတာၿမိဳ႕နယ္အတြင္း မိုး႐ြာသြန္းၿပီး ဒီေရျမင့္တက္မႈေၾကာင့္ လူဦးေရ ၁၀၅ ဦးဟာ တင္းေခ်ာင္းေက်း႐ြာရွိ ျမစ္တစ္ရာဘုန္းႀကီးေက်ာင္းမွာ အသီးသီးေ႐ႊ႕ေျပာင္း ေနထိုင္ၾကၿပီး စပါး ၂၁၇ တင္း ေရးစိုပ်က္စီးဆုံးရႈံးခဲ့ပါတယ္၊

ေျမာင္းျမၿမိဳ႕နယ္အတြင္း မိုး႐ြာသြန္းၿပီး ေရႀကီးေနတာေၾကာင့္ ၂၈၉ ဦးဟာ ကံေကာ္ၿမိဳင္ဘုန္းႀကီးေက်ာင္းနဲ႔ သရက္ကုန္းဘုန္းႀကီးေက်ာင္း၊ ပညာေဇယ်ဳံဘုန္းႀကီးေက်ာင္းတို႔မွာ အသီးသီးေ႐ႊ႕ေျပာင္းေနထိုင္ေနၿပီး စာသင္ေက်ာင္း ၂ ေက်ာင္း ယာယီပိတ္ထားရပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013