DVB Logo
Home
မြန်မာသတင်း
မိတ္ထီလာတွင် ပရိုဘောက်ကားနှင့် ဆိုင်ကယ် ၂ စီးတိုက်မိ၊  ၂ ဦး သေဆုံး
DVB
·
August 7, 2019
မိတ္ထီလာတွင် ပရိုဘောက်ကားနှင့် ဆိုင်ကယ် ၂ စီးတိုက်မိ၊  ၂ ဦး သေဆုံး
1 / 4
Donate to DVB

မိတ္ထီလာ-ကျောက်ပန်းတောင်းလမ်း မိုင်တိုင် ၁၆/၆ နဲ့ ၇ အကြား မိတ္ထီလာမြို့နယ် ညောင်ပင်သာရွာအနီးမှာ သြဂုတ် ၆ ရက်ညနေက ပရိုဘောက်ကား ရှေ့ဘီးပေါက်ပြီး ဆိုင်ကယ် ၂ စီးအား တိုက်မိရာ ၂ ဦး ဒဏ်ရာရပြီး ၂ ဦး သေဆုံးသွားတယ်လို့ အလယ်ရွာရဲစခန်းက ပြောပါတယ်။

အလယ်ရွာရဲစခန်းတာဝန်ကျ ရဲဝန်ထမ်းတဦးက "ပရိုဘောက်ကား ဘယ်ဘက်ရှေ့ဘီး ပေါက်တယ်၊ ဆိုင်ကယ် ၂ စီးကို တိုက်မိသွားတယ်။ အခင်းဖြစ်နေရာတင် ၂ ဦးသေဆုံးတယ်။ ၂ ဦးဒဏ်ရာရသွားတယ်။ မိတ္ထီလာဆေးရုံ ပို့ပေးရတယ်" လို့ ပြောပါတယ်။

မလှိုင်မြို့နယ် ဆည်တိုရွာနေ ပြင်ပဘော်ဒါဆရာ ကိုဆန်းညွှန့်ဝင်း (၄၃ နှစ်) မောင်းလာတဲ့ ပရိုဘောက်ကား ရှေ့ဘီးပေါက်ပြီး ဆိုင်ကယ် ၂ စီးကို ဆင့်ကဲ တိုက်မိတာပါ။

ကားတိုက်မိတာကြောင့် ဆိုင်ကယ်စီးလာတဲ့ မိတ္ထီလာမြို့နယ် အောင်းကန်ရွာနေ ကိုမင်းမင်း(၃၆နှစ်) နဲ့ ဇနီးဖြစ်သူ မသဲမာ (၃၀နှစ်) တို့ အခင်းဖြစ်နေရာတင် သေဆုံးသွားပြီး ကိုဆန်းလွင်နဲ့ သမီးဖြစ်သူ မတင်တင်စိုးတို့ ၂ ဦး ဒဏ်ရာရခဲ့တာပါ။

မိတ္ထီလာမြို့နယ် အလယ်ရွာရဲစခန်းမှာ ကိုဆန်းညွှန့်ဝင်းကို ယာဉ်မဆင်မခြင်မောင်းလို့ လူသေဆုံးမှု၊ သာမန်ဒဏ်ရာရမှု၊ ပြင်းထန်ဒဏ်ရာရစေမှု၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၇/၃၃၈ တို့နဲ့ ဖမ်းဆီးအရေးယူထားပါတယ်။




မိတၳီလာတြင္ ပ႐ိုေဘာက္ကားႏွင့္ ဆိုင္ကယ္ ၂ စီးတိုက္မိ၊ ၂ ဦး ေသဆုံး
DVB

မိတၳီလာ-ေက်ာက္ပန္းေတာင္းလမ္း မိုင္တိုင္ ၁၆/၆ နဲ႔ ၇ အၾကား မိတၳီလာၿမိဳ႕နယ္ ေညာင္ပင္သာ႐ြာအနီးမွာ ၾသဂုတ္ ၆ ရက္ညေနက ပ႐ိုေဘာက္ကား ေရွ႕ဘီးေပါက္ၿပီး ဆိုင္ကယ္ ၂ စီးအား တိုက္မိရာ ၂ ဦး ဒဏ္ရာရၿပီး ၂ ဦး ေသဆုံးသြားတယ္လို႔ အလယ္႐ြာရဲစခန္းက ေျပာပါတယ္။

အလယ္႐ြာရဲစခန္းတာဝန္က် ရဲဝန္ထမ္းတဦးက "ပ႐ိုေဘာက္ကား ဘယ္ဘက္ေရွ႕ဘီး ေပါက္တယ္၊ ဆိုင္ကယ္ ၂ စီးကို တိုက္မိသြားတယ္။ အခင္းျဖစ္ေနရာတင္ ၂ ဦးေသဆုံးတယ္။ ၂ ဦးဒဏ္ရာရသြားတယ္။ မိတၳီလာေဆး႐ုံ ပို႔ေပးရတယ္" လို႔ ေျပာပါတယ္။

မလႈိင္ၿမိဳ႕နယ္ ဆည္တို႐ြာေန ျပင္ပေဘာ္ဒါဆရာ ကိုဆန္းၫႊန႔္ဝင္း (၄၃ ႏွစ္) ေမာင္းလာတဲ့ ပ႐ိုေဘာက္ကား ေရွ႕ဘီးေပါက္ၿပီး ဆိုင္ကယ္ ၂ စီးကို ဆင့္ကဲ တိုက္မိတာပါ။
ကားတိုက္မိတာေၾကာင့္ ဆိုင္ကယ္စီးလာတဲ့ မိတၳီလာၿမိဳ႕နယ္ ေအာင္းကန္႐ြာေန ကိုမင္းမင္း(၃၆ႏွစ္) နဲ႔ ဇနီးျဖစ္သူ မသဲမာ (၃၀ႏွစ္) တို႔ အခင္းျဖစ္ေနရာတင္ ေသဆုံးသြားၿပီး ကိုဆန္းလြင္နဲ႔ သမီးျဖစ္သူ မတင္တင္စိုးတို႔ ၂ ဦး ဒဏ္ရာရခဲ့တာပါ။

မိတၳီလာၿမိဳ႕နယ္ အလယ္႐ြာရဲစခန္းမွာ ကိုဆန္းၫႊန႔္ဝင္းကို ယာဥ္မဆင္မျခင္ေမာင္းလို႔ လူေသဆုံးမႈ၊ သာမန္ဒဏ္ရာရမႈ၊ ျပင္းထန္ဒဏ္ရာရေစမႈ၊ ရာဇသတ္ႀကီးပုဒ္မ ၃၀၄-က/၃၃၇/၃၃၈ တို႔နဲ႔ ဖမ္းဆီးအေရးယူထားပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013