DVB Logo
Home
မြန်မာသတင်း
သစ်တောပြုန်းတီးမှုကာကွယ်ရန် စွမ်းအားမြှင့်မီးဖိုများ  ရွာပေါင်း ၆၀၀ ကျော်တွင် လိုက်ဝေ
DVB
·
August 7, 2019
သစ်တောပြုန်းတီးမှုကာကွယ်ရန် စွမ်းအားမြှင့်မီးဖိုများ  ရွာပေါင်း ၆၀၀ ကျော်တွင် လိုက်ဝေ
1 / 4
Donate to DVB

သစ်တောပြုန်းတီးမှုကာကွယ်ဖို့ ရည်ရွယ်ပြီး အင်္ဂပူမြို့နယ်မှာ စွမ်းအားမြှင့်မီးဖိုတွေ ရွာပေါင်း ၆၀၀ ကျော်မှာ လိုက်ဝေပေးနေတယ်လို့ သိရပါတယ်။

ဧရာဝတီတိုင်း၊ အင်္ဂပူမြို့နယ်မှာ စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကိုရီယား အပြည်ပြည်ဆိုင်ရာ ပူပေါင်းဆောက်ရွက်မူ အေဂျင်စီ (KOICA) နှင့်ရာသီဥတုပြောင်းလဲမှု ဗဟိုဌာန (korea Climate Change Center) တို့ ပူးပေါင်းကာ အင်္ဂပူမြို့နယ်တွင်းက ကျေးရွာပေါင်း ၆၄၆ အိမ်ထောင်စုပေါင်း ၂၂၇၆၅ အိမ်ထောင်စုတို့ကို စွမ်းအားမြှင့်မီးဖိုတွေ ဖြန့်ဝေပေးနေတာပါ။

သဘာဝပတ်ဝန်းကျင်ပျက်စီးမှုနဲ့ သစ်တောပြုန်းတီးမူကို ကာကွယ်ဖို့ ရည်ရွယ်ပြီး စွမ်းအားမြင့် မီးဖိုတွေ ဝေငှပေးနေတာလို့ အင်္ဂပူမြို့နယ်စိုက်ပျိုးရေး ဦးစီးအရာရှိ ဦးခင်မောင်ဆန်းက ပြောပါတယ်။ 

စွမ်းအားမြှင့်မီးဖိုးဟာ သဲနဲ့မြေစေးနဲ့ လုပ်ထားတာဖြစ်ပြီး ရိုးရိုးမီးဖိုးများလို ထင်းအများကြီး အသုံးပြုစရာမလိုပါဘူးလို့ ဆိုပါတယ်။

အင်္ဂပူမြို့နယ်ဟာ ရခိုင်ရိုးမနဲ့ ဆက်စပ်နေပြီး ထင်းနဲ့ မီးသွေး အများဆုံးထွက်ရာ ဒေသတခုလည်း ဖြစ်ပါတယ်။

သန်းထိုက်မြင့်




သစ္ေတာျပဳန္းတီးမႈကာကြယ္ရန္ စြမ္းအားျမႇင့္မီးဖိုမ်ား ႐ြာေပါင္း ၆၀၀ ေက်ာ္တြင္ လိုက္ေဝ
DVB
သစ္ေတာျပဳန္းတီးမႈကာကြယ္ဖို႔ ရည္႐ြယ္ၿပီး အဂၤပူၿမိဳ႕နယ္မွာ စြမ္းအားျမႇင့္မီးဖိုေတြ ႐ြာေပါင္း ၆၀၀ ေက်ာ္မွာ လိုက္ေဝေပးေနတယ္လို႔ သိရပါတယ္။

ဧရာဝတီတိုင္း၊ အဂၤပူၿမိဳ႕နယ္မွာ စိုက္ပ်ိဳးေရးေမြးျမဴေရးႏွင့္ဆည္ေျမာင္းဝန္ႀကီးဌာန၊ ကိုရီယား အျပည္ျပည္ဆိုင္ရာ ပူေပါင္းေဆာက္႐ြက္မူ ေအဂ်င္စီ (KOICA) ႏွင့္ရာသီဥတုေျပာင္းလဲမႈ ဗဟိုဌာန (korea Climate Change Center) တို႔ ပူးေပါင္းကာ အဂၤပူၿမိဳ႕နယ္တြင္းက ေက်း႐ြာေပါင္း ၆၄၆ အိမ္ေထာင္စုေပါင္း ၂၂၇၆၅ အိမ္ေထာင္စုတို႔ကို စြမ္းအားျမႇင့္မီးဖိုေတြ ျဖန႔္ေဝေပးေနတာပါ။

သဘာဝပတ္ဝန္းက်င္ပ်က္စီးမႈနဲ႔ သစ္ေတာျပဳန္းတီးမူကို ကာကြယ္ဖို႔ ရည္႐ြယ္ၿပီး စြမ္းအားျမင့္ မီးဖိုေတြ ေဝငွေပးေနတာလို႔ အဂၤပူၿမိဳ႕နယ္စိုက္ပ်ိဳးေရး ဦးစီးအရာရွိ ဦးခင္ေမာင္ဆန္းက ေျပာပါတယ္။

စြမ္းအားျမႇင့္မီးဖိုးဟာ သဲနဲ႔ေျမေစးနဲ႔ လုပ္ထားတာျဖစ္ၿပီး ႐ိုး႐ိုးမီးဖိုးမ်ားလို ထင္းအမ်ားႀကီး အသုံးျပဳစရာမလိုပါဘူးလို႔ ဆိုပါတယ္။

အဂၤပူၿမိဳ႕နယ္ဟာ ရခိုင္႐ိုးမနဲ႔ ဆက္စပ္ေနၿပီး ထင္းနဲ႔ မီးေသြး အမ်ားဆုံးထြက္ရာ ေဒသတခုလည္း ျဖစ္ပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013