DVB Logo
Home
မြန်မာသတင်း
ရေနံချောင်း မြေနုကျွန်းပဋိပက္ခတွင်း သေဆုံးသူ ၃ ဦးအတွက် လူသတ်မှုဖြင့် ထပ်ဖွင့်
DVB
·
August 7, 2019
ရေနံချောင်း မြေနုကျွန်းပဋိပက္ခတွင်း သေဆုံးသူ ၃ ဦးအတွက် လူသတ်မှုဖြင့် ထပ်ဖွင့်
Donate to DVB

မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ် ကျေးရွာနှစ်ဖွဲ့ မြေနုကျွန်း အငြင်းပွားရာက ဖြစ်ခဲ့တဲ့ ပဋိပက္ခအတွင်း သေဆုံးသူများထဲက ၃ ဦးအတွက် ဒီကနေ့ နေ့လယ်မှာ လက်မှတ်ကုန်း နယ်မြေရဲစခန်းမှာ လူသတ်မှုနဲ့ အမှုဖွင့်လိုက်တယ်လို့ အဆိုပါနယ်မြေစခန်း စခန်းမှူးက ပြောပါတယ်။

“သေဆုံးသူတွေထဲက ရေထဲကရှာဖွေတွေတဲ့ အလောင်းတွေရဲ့ ဆေးစစ်ချက်မှာ ကျန်တဲ့ သူတွေက ရေနစ်မွန်းကျပ်သေဆုံးဖော်ပြထားပေမယ့် သူတို့ထဲက သုံးဦးမှာက တုံးသောလက်နက် မစိုးရိမ်ရ ဒဏ်ရာနဲ့နှစ်ဦး၊ တုံးသောလက်နက် စိုးရိမ်ရတဦးတို့ ရေနစ်မွန်းကျပ်သေဆုံးလို့ ပါနေတာ ကြောင့် ဒီနေ့ နေ့လယ်ပိုင်မှာပဲ ကျနော်က တရားလိုလုပ်ပြီး လူသတ်မှုနဲ့ အမှုဖွင့်လိုက်ပါပြီ”လို့ လက်မှတ်ကုန်း နယ်မြေ ရဲစခန်း စခန်းမှူး ရဲအုပ်မိုးညိုက ပြောပါတယ်။

ဆေးစာ ပါရှိချက်အရ သေဆုံးသူ ခင်မောင်ဆန်းနှင့် ကျော်ကျော်တို့မှာ တုံးသောလက်နက် သာမာန်ဒဏ်ရာ၊ ရေနစ်မွန်းကျပ်သေဆုံးနဲ့ နေဝင်းအောင်မှာ တုံးသောလက်နက် ပြင်းထန် ဒဏ်ရာရ ရေနစ်မွန်းကျပ်သေဆုံး ပါရှိတာကြောင့် ‌သေဆုံးသူ သုံးဦအတွက် လက်မှတ်ကုန်းနယ်မြေစခန်းမှာ (ပ)၉၂/၂၀၁၉ လူသတ်မှု ပုဒ်မ (၃၀၂၊၁၁၄) နဲ့ အရေဆောင်ရွက်ထားကြောင်း ရှင်းပြပါတယ်။

လူသေဆုံးတဲ့အထိ ဖြစ်ခဲ့တဲ့ ရေနံချောင်း မြေနုကျွန်း ပဋိပက္ခ ဖြစ်စဉ်မှာ နှစ်ဖက်ရွာက ပါဝင်ပတ်သက်သူ ၃၀ ကျော်ကို ခေါ်ယူစစ်ဆေးထားတယ်လို့ သိရပါတယ်။

ဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ ဆေးစာတွေလည်း လက်ခံရရှိထားပြီး နှစ်ရွာ အငြင်းပွား အခင်းဖြစ်ရခြင်းအတွက် ဦးဆောင်သူကို ဖော်ထုတ်နိုင်ရေး အလေးထား ဆောင်ရွက်နေတယ်လို့ လက်မှတ်ကုန်း နယ်မြေစခန်းမှူး ရဲအုပ်မိုးညိုက ပြောပါတယ်။

မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်မှာ မြေနုကျွန်းကိစ္စအငြင်းပွားပြီး ရွာ ၂ ရွာ ခိုက်ရန်ဖြစ်လို့ လူသေဆုံးခဲ့တဲ့ ကိစ္စကို တိုင်းအလုပ်သမားဝန်ကြီး ဦးဆောင်ပြီး အဖွဲ့ဝင် ၅ ယောက်နဲ့ စစ်ဆေးနေတာလည်း ဖြစ်ပါတယ်။

ဇူလိုင် ၂၃ ရက်နေ့က ဖရဲကျွန်းကျေးရွာနှင့် ကန်သာကျေးရွာတို့ ဧရာဝတီ မြစ်အတွင်းက မြေနုကျွန်း ပိုင်ဆိုင်ကြောင်း အငြင်းပွား ပဋိပက္ခဖြစ်ခဲ့ရာက လူ ၄၀ နီးပါးသေဆုံးမှု ဖြစ်ခဲ့ပြီး ဒီနေ့အချိန်ထိ ဧရာဝတီမြစ်အတွင်းက အလောင်း ၂၇ လောင်းသာ မြစ်အတွင်းက ရှာဖွေတွေ့ရှိ ထားပြီး ၁၀ ဦးထက်မနည်း ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။

ကိုလင်း(ချောက်)

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Zawgyi_version

ေရနံေခ်ာင္း ေျမႏုကြၽန္းပဋိပကၡတြင္း ေသဆုံးသူ ၃ ဦးအတြက္ လူသတ္မႈျဖင့္ ထပ္ဖြင့္

DVB

မေကြးတိုင္းေဒသႀကီး ေရနံေခ်ာင္းၿမိဳ႕နယ္ ေက်း႐ြာႏွစ္ဖြဲ႕ ေျမႏုကြၽန္း အျငင္းပြားရာက ျဖစ္ခဲ့တဲ့ ပဋိပကၡအတြင္း ေသဆုံးသူမ်ားထဲက ၃ ဦးအတြက္ ဒီကေန႔ ေန႔လယ္မွာ လက္မွတ္ကုန္း နယ္ေျမရဲစခန္းမွာ လူသတ္မႈနဲ႔ အမႈဖြင့္လိုက္တယ္လို႔ အဆိုပါနယ္ေျမစခန္း စခန္းမႉးက ေျပာပါတယ္။

“ေသဆုံးသူေတြထဲက ေရထဲကရွာေဖြေတြတဲ့ အေလာင္းေတြရဲ႕ ေဆးစစ္ခ်က္မွာ က်န္တဲ့ သူေတြက ေရနစ္မြန္းက်ပ္ေသဆုံးေဖာ္ျပထားေပမယ့္ သူတို႔ထဲက သုံးဦးမွာက တုံးေသာလက္နက္ မစိုးရိမ္ရ ဒဏ္ရာနဲ႔ႏွစ္ဦး၊ တုံးေသာလက္နက္ စိုးရိမ္ရတဦးတို႔ ေရနစ္မြန္းက်ပ္ေသဆုံးလို႔ ပါေနတာ ေၾကာင့္ ဒီေန႔ ေန႔လယ္ပိုင္မွာပဲ က်ေနာ္က တရားလိုလုပ္ၿပီး လူသတ္မႈနဲ႔ အမႈဖြင့္လိုက္ပါၿပီ”လို႔ လက္မွတ္ကုန္း နယ္ေျမ ရဲစခန္း စခန္းမႉး ရဲအုပ္မိုးညိဳက ေျပာပါတယ္။

ေဆးစာ ပါရွိခ်က္အရ ေသဆုံးသူ ခင္ေမာင္ဆန္းႏွင့္ ေက်ာ္ေက်ာ္တို႔မွာ တုံးေသာလက္နက္ သာမာန္ဒဏ္ရာ၊ ေရနစ္မြန္းက်ပ္ေသဆုံးနဲ႔ ေနဝင္းေအာင္မွာ တုံးေသာလက္နက္ ျပင္းထန္ ဒဏ္ရာရ ေရနစ္မြန္းက်ပ္ေသဆုံး ပါရွိတာေၾကာင့္ ‌ေသဆုံးသူ သုံးဦအတြက္ လက္မွတ္ကုန္းနယ္ေျမစခန္းမွာ (ပ)၉၂/၂၀၁၉ လူသတ္မႈ ပုဒ္မ (၃၀၂၊၁၁၄) နဲ႔ အေရေဆာင္႐ြက္ထားေၾကာင္း ရွင္းျပပါတယ္။

လူေသဆုံးတဲ့အထိ ျဖစ္ခဲ့တဲ့ ေရနံေခ်ာင္း ေျမႏုကြၽန္း ပဋိပကၡ ျဖစ္စဥ္မွာ ႏွစ္ဖက္႐ြာက ပါဝင္ပတ္သက္သူ ၃၀ ေက်ာ္ကို ေခၚယူစစ္ေဆးထားတယ္လို႔ သိရပါတယ္။

ျဖစ္စဥ္နဲ႔ပတ္သက္ၿပီးေတာ့ ေဆးစာေတြလည္း လက္ခံရရွိထားၿပီး ႏွစ္႐ြာ အျငင္းပြား အခင္းျဖစ္ရျခင္းအတြက္ ဦးေဆာင္သူကို ေဖာ္ထုတ္ႏိုင္ေရး အေလးထား ေဆာင္႐ြက္ေနတယ္လို႔ လက္မွတ္ကုန္း နယ္ေျမစခန္းမႉး ရဲအုပ္မိုးညိဳက ေျပာပါတယ္။

မေကြးတိုင္း၊ ေရနံေခ်ာင္းၿမိဳ႕နယ္မွာ ေျမႏုကြၽန္းကိစၥအျငင္းပြားၿပီး ႐ြာ ၂ ႐ြာ ခိုက္ရန္ျဖစ္လို႔ လူေသဆုံးခဲ့တဲ့ ကိစၥကို တိုင္းအလုပ္သမားဝန္ႀကီး ဦးေဆာင္ၿပီး အဖြဲ႕ဝင္ ၅ ေယာက္နဲ႔ စစ္ေဆးေနတာလည္း ျဖစ္ပါတယ္။

ဇူလိုင္ ၂၃ ရက္ေန႔က ဖရဲကြၽန္းေက်း႐ြာႏွင့္ ကန္သာေက်း႐ြာတို႔ ဧရာဝတီ ျမစ္အတြင္းက ေျမႏုကြၽန္း ပိုင္ဆိုင္ေၾကာင္း အျငင္းပြား ပဋိပကၡျဖစ္ခဲ့ရာက လူ ၄၀ နီးပါးေသဆုံးမႈ ျဖစ္ခဲ့ၿပီး ဒီေန႔အခ်ိန္ထိ ဧရာဝတီျမစ္အတြင္းက အေလာင္း ၂၇ ေလာင္းသာ ျမစ္အတြင္းက ရွာေဖြေတြ႕ရွိ ထားၿပီး ၁၀ ဦးထက္မနည္း ေပ်ာက္ဆုံးေနဆဲ ျဖစ္ပါတယ္။

ကိုလင္း(ေခ်ာက္)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013