DVB Logo
Home
မြန်မာသတင်း
ကျွဲနွား တင်ပို့မှု မြန်မာနှင့်တရုတ် နားလည်မှု စာချွန်လွှာ လက်မှတ်ထိုးမှ အဆင်ပြေမည်
DVB
·
August 7, 2019
ကျွဲနွား တင်ပို့မှု မြန်မာနှင့်တရုတ် နားလည်မှု စာချွန်လွှာ လက်မှတ်ထိုးမှ အဆင်ပြေမည်
Donate to DVB

ကျွဲ၊ နွားတင်ပို့မှုနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံတို့ကြားမှာ MOU ထိုးနိုင်မှသာ ဒေသအတွင်းက ကျွဲ၊ နွား မွေးမြူထုတ်လုပ် တင်ပို့ရောင်းချသူတွေအတွက် အကျိုးရှိနိုင်မယ်လို့ ကုန်သည်တွေက ပြောပါတယ်။ 

မြန်မာနိုင်ငံက ထွက်ရှိတဲ့ ကျွဲ၊ နွားတွေကို နိုင်ငံတော်က ချမှတ်ထားတဲ့ အခွန်အခတွေ ပေးဆောင်ပြီး တရုတ်နိုင်ငံ နယ်စပ်ဘက်ကို တရားဝင် တင်ပို့နေပေမယ့် တရုတ်နိုင်ငံဘက်ခြမ်းက တရားမဝင်ကုန်ပစ္စည်းအဖြစ် သက်မှတ်ထားတာကြောင့် တရုတ်ဘက်က ဈေးကွက် ကစားတာကို မြန်မာကုန်သည်တွေ ခံစားနေရပါတယ်။ 

ဒါ့ကြောင့်  ကျွဲ၊ နွား တင်ပို့မှုနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံတို့ကြားမှာ နှစ်နိုင်ငံ နားလည်မှုစာချွန်လွှာ (MOU) ထိုးနိုင်မှသာ တိုင်းပြည်အတွက် အကျိုးရှိနိုင်မယ်လို့ ရှမ်းပြည်နယ်မြောက်ပိုင်းက ကျွဲ၊ နွား ကုန်သည်တွေက ပြောပါတယ်။

MGC ကုမ္ပဏီမှ ကိုတူးအောင်က “မြန်မာပြည်က တရားဝင်၊ တရုတ်ပြည်က မှောင်ခိုဆိုမှ တရုတ်ပြည်က ကုန်သည်က မြန်မာပြည်မှာ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှာ နွားလာဝယ်တဲ့အချိန်မှာ အကြွေးနဲ့ လာဝယ်တယ်။ ဈေးကွက်က မတည်ငြိမ်သေးဘူး။ တချို့က လိမ်ခံရတာလည်း ရှိတယ်။ အခု မူဆယ်၊ နမ့်ခန်း၊ ၁၀၅ မိုင် နယ်စပ်က တရုတ်ငွေ ယွမ် အနည်းဆုံး သိန်း ၂၀၀ အလိမ်ခံရတယ်။ တကယ်လို့ ကျန်တော်တို့ MOU ထိုးလိုက်ပြီဆိုရင် နိုင်ငံတော်က တာဝန်ရှိပြီလေ။ အခုက စီးပွားရေးသမားအနေနဲ့ ကိုယ့်နည်းကိုယ့်ဟန် ချိတ်ပြီး ရောင်းကြတာပေါ့။ ဒီငွေက အာမခံမရှိဘူး။ MOU နဲ့ပတ်သက်ရင် အင်မတန် အရေးကြီးတယ်။ နိုင်ငံတော်အတွက်ရော၊ မွေးမြူရေးသမားအတွက်ရော အင်မတန် အရေးကြီးတယ်” လို့ ပြောပါတယ်။

ဒီကိစ္စရပ်တွေကို ဖြေရှင်းနိုင်ဖို့ ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်းက မြို့နယ်တွေမှာရှိတဲ့ ကျွဲ၊ နွား မွေးမြူထုတ်လုပ်ရောင်းချသူတွေ စုစည်းပြီး ကျွဲ၊ နွား တင်ပို့သူများအသင်းကို သြဂုတ်လ ၃ ရက်နေ့က လားရှိုးမြို့မှာ ဖွဲ့စည်းထားပါတယ်။ 

ဒေါက်တာစိုင်းစံဝမ်းကက “ကျနော်တို့ ရှမ်းပြည်မြောက်ပိုင်းဟာ အဓိကကုန်သွယ်နေတဲ့ လမ်းကြောင်း ဖြစ်တဲ့အတွက် ကျွဲ၊ နွား တင်ပို့သူများအသင်းအနေနဲ့ တကယ့်အရေးကြီးတဲ့နေရာက ပါတာ ဖြစ်တဲ့အတွက်ကြောင့်မို့ ရှမ်းပြည်မြောက်ပိုင်းကို ဦးစားပေးအနေနဲ့ လာရောက်ဖွဲ့စည်းခြင်း ဖြစ်ပါတယ်။ ရှေ့အပတ်ထဲဆိုရင် ရှမ်းပြည်တောင်ပိုင်းနဲ့ ရှမ်းပြည်အရှေ့ပိုင်းကို တခါတည်း တွဲဖွဲ့သွားမှာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။

ကျွဲ၊ နွား တင်ပို့သူများအသင်းရဲ့ ရည်ရွယ်ချက်တွေကတော့ ပြည်တွင်းမှာ တင်ပို့ရာမှာ အတားအဆီးတွေ လျှော့ချနိုင်ဖို့၊ ရောဂါကင်းရှင်းဇုန်နဲ့ ကုန်သွယ်မှုဇုန် ထူထောင်ရာမှာ တဖက်တလမ်းက ကူညီဖို့ ပြည်တွင်း ပြည်ပ ဈေးကွက်တွေ ယှဉ်ပြိုင်မှုဖြစ်လာရင် သက်ဆိုင်ရာဒေသက အချက်အလက်တွေကို ကောက်ယူပြီး ကြီးကြပ်ရေးကော်မတီနဲ့ ပူးပေါင်းဆောင်ရွက်သွားဖို့ ဖြစ်ပါတယ်။ 

နန်းရွှေဝင်းကုမ္ပဏီမှ ဒေါ်နန်းအေးခမ်းက “ဖွဲ့လိုက်မယ်ဆိုရင်တော့ ခက်ခဲနေတဲ့ ကုန်သည်တွေလည်း ကောင်းသွားမယ်ပေါ့။ နောက် ငွေဈေးကိစ္စလည်း ဒီဌာနက ထိန်းချုပ်ပေးမယ်ဆိုရင် ရောင်းတဲ့နေရာမှာ ငွေဈေးက ဒါထက် မပိုရဘူးပေါ့။ ကောင်းကျိုးရှိလာမယ်ပေါ့နော်” လို့ ပြောပါတယ်။

ရန်ကုန်၊ နေပြည်တော်၊ မန္တလေး၊ စစ်ကိုင်းနဲ့ ကရင်ပြည်နယ်တွေမှာ ကျွဲ၊ နွား တင်ပို့သူများအသင်းကို ဖွဲ့စည်းထားပါတယ်။ ကျန်ပြည်နယ်နဲ့ တိုင်းတွေမှာလည်း ဆက်လက်ဖွဲ့စည်းသွားဖို့ ရှိပါတယ်။




ကြၽဲႏြား တင္ပို႔မႈ ျမန္မာႏွင့္တ႐ုတ္ နားလည္မႈ စာခြၽန္လႊာ လက္မွတ္ထိုးမွ အဆင္ေျပမည္
ခြန္ေဇာ္ဦး

ကြၽဲ၊ ႏြားတင္ပို႔မႈနဲ႔ ပတ္သက္ၿပီး ျမန္မာႏိုင္ငံနဲ႔ တ႐ုတ္ႏိုင္ငံတို႔ၾကားမွာ MOU ထိုးႏိုင္မွသာ ေဒသအတြင္းက ကြၽဲ၊ ႏြား ေမြးျမဴထုတ္လုပ္ တင္ပို႔ေရာင္းခ်သူေတြအတြက္ အက်ိဳးရွိႏိုင္မယ္လို႔ ကုန္သည္ေတြက ေျပာပါတယ္။

ျမန္မာႏိုင္ငံက ထြက္ရွိတဲ့ ကြၽဲ၊ ႏြားေတြကို ႏိုင္ငံေတာ္က ခ်မွတ္ထားတဲ့ အခြန္အခေတြ ေပးေဆာင္ၿပီး တ႐ုတ္ႏိုင္ငံ နယ္စပ္ဘက္ကို တရားဝင္ တင္ပို႔ေနေပမယ့္ တ႐ုတ္ႏိုင္ငံဘက္ျခမ္းက တရားမဝင္ကုန္ပစၥည္းအျဖစ္ သက္မွတ္ထားတာေၾကာင့္ တ႐ုတ္ဘက္က ေဈးကြက္ ကစားတာကို ျမန္မာကုန္သည္ေတြ ခံစားေနရပါတယ္။

ဒါ့ေၾကာင့္ ကြၽဲ၊ ႏြား တင္ပို႔မႈနဲ႔ ပတ္သက္ၿပီး ျမန္မာႏိုင္ငံနဲ႔ တ႐ုတ္ႏိုင္ငံတို႔ၾကားမွာ ႏွစ္ႏိုင္ငံ နားလည္မႈစာခြၽန္လႊာ (MOU) ထိုးႏိုင္မွသာ တိုင္းျပည္အတြက္ အက်ိဳးရွိႏိုင္မယ္လို႔ ရွမ္းျပည္နယ္ေျမာက္ပိုင္းက ကြၽဲ၊ ႏြား ကုန္သည္ေတြက ေျပာပါတယ္။

MGC ကုမၸဏီမွ ကိုတူးေအာင္က “ျမန္မာျပည္က တရားဝင္၊ တ႐ုတ္ျပည္က ေမွာင္ခိုဆိုမွ တ႐ုတ္ျပည္က ကုန္သည္က ျမန္မာျပည္မွာ မူဆယ္ ၁၀၅ မိုင္ ကုန္သြယ္ေရးဇုန္မွာ ႏြားလာဝယ္တဲ့အခ်ိန္မွာ အေႂကြးနဲ႔ လာဝယ္တယ္။ ေဈးကြက္က မတည္ၿငိမ္ေသးဘူး။ တခ်ိဳ႕က လိမ္ခံရတာလည္း ရွိတယ္။ အခု မူဆယ္၊ နမ့္ခန္း၊ ၁၀၅ မိုင္ နယ္စပ္က တ႐ုတ္ေငြ ယြမ္ အနည္းဆုံး သိန္း ၂၀၀ အလိမ္ခံရတယ္။ တကယ္လို႔ က်န္ေတာ္တို႔ MOU ထိုးလိုက္ၿပီဆိုရင္ ႏိုင္ငံေတာ္က တာဝန္ရွိၿပီေလ။ အခုက စီးပြားေရးသမားအေနနဲ႔ ကိုယ့္နည္းကိုယ့္ဟန္ ခ်ိတ္ၿပီး ေရာင္းၾကတာေပါ့။ ဒီေငြက အာမခံမရွိဘူး။ MOU နဲ႔ပတ္သက္ရင္ အင္မတန္ အေရးႀကီးတယ္။ ႏိုင္ငံေတာ္အတြက္ေရာ၊ ေမြးျမဴေရးသမားအတြက္ေရာ အင္မတန္ အေရးႀကီးတယ္” လို႔ ေျပာပါတယ္။

ဒီကိစၥရပ္ေတြကို ေျဖရွင္းႏိုင္ဖို႔ ရွမ္းျပည္နယ္ေျမာက္ပိုင္းအတြင္းက ၿမိဳ႕နယ္ေတြမွာရွိတဲ့ ကြၽဲ၊ ႏြား ေမြးျမဴထုတ္လုပ္ေရာင္းခ်သူေတြ စုစည္းၿပီး ကြၽဲ၊ ႏြား တင္ပို႔သူမ်ားအသင္းကို ၾသဂုတ္လ ၃ ရက္ေန႔က လားရႈိးၿမိဳ႕မွာ ဖြဲ႕စည္းထားပါတယ္။

ေဒါက္တာစိုင္းစံဝမ္းကက “က်ေနာ္တို႔ ရွမ္းျပည္ေျမာက္ပိုင္းဟာ အဓိကကုန္သြယ္ေနတဲ့ လမ္းေၾကာင္း ျဖစ္တဲ့အတြက္ ကြၽဲ၊ ႏြား တင္ပို႔သူမ်ားအသင္းအေနနဲ႔ တကယ့္အေရးႀကီးတဲ့ေနရာက ပါတာ ျဖစ္တဲ့အတြက္ေၾကာင့္မို႔ ရွမ္းျပည္ေျမာက္ပိုင္းကို ဦးစားေပးအေနနဲ႔ လာေရာက္ဖြဲ႕စည္းျခင္း ျဖစ္ပါတယ္။ ေရွ႕အပတ္ထဲဆိုရင္ ရွမ္းျပည္ေတာင္ပိုင္းနဲ႔ ရွမ္းျပည္အေရွ႕ပိုင္းကို တခါတည္း တြဲဖြဲ႕သြားမွာ ျဖစ္ပါတယ္” လို႔ ေျပာပါတယ္။

ကြၽဲ၊ ႏြား တင္ပို႔သူမ်ားအသင္းရဲ႕ ရည္႐ြယ္ခ်က္ေတြကေတာ့ ျပည္တြင္းမွာ တင္ပို႔ရာမွာ အတားအဆီးေတြ ေလွ်ာ့ခ်ႏိုင္ဖို႔၊ ေရာဂါကင္းရွင္းဇုန္နဲ႔ ကုန္သြယ္မႈဇုန္ ထူေထာင္ရာမွာ တဖက္တလမ္းက ကူညီဖို႔ ျပည္တြင္း ျပည္ပ ေဈးကြက္ေတြ ယွဥ္ၿပိဳင္မႈျဖစ္လာရင္ သက္ဆိုင္ရာေဒသက အခ်က္အလက္ေတြကို ေကာက္ယူၿပီး ႀကီးၾကပ္ေရးေကာ္မတီနဲ႔ ပူးေပါင္းေဆာင္႐ြက္သြားဖို႔ ျဖစ္ပါတယ္။

နန္းေ႐ႊဝင္းကုမၸဏီမွ ေဒၚနန္းေအးခမ္းက “ဖြဲ႕လိုက္မယ္ဆိုရင္ေတာ့ ခက္ခဲေနတဲ့ ကုန္သည္ေတြလည္း ေကာင္းသြားမယ္ေပါ့။ ေနာက္ ေငြေဈးကိစၥလည္း ဒီဌာနက ထိန္းခ်ဳပ္ေပးမယ္ဆိုရင္ ေရာင္းတဲ့ေနရာမွာ ေငြေဈးက ဒါထက္ မပိုရဘူးေပါ့။ ေကာင္းက်ိဳးရွိလာမယ္ေပါ့ေနာ္” လို႔ ေျပာပါတယ္။

ရန္ကုန္၊ ေနျပည္ေတာ္၊ မႏၲေလး၊ စစ္ကိုင္းနဲ႔ ကရင္ျပည္နယ္ေတြမွာ ကြၽဲ၊ ႏြား တင္ပို႔သူမ်ားအသင္းကို ဖြဲ႕စည္းထားပါတယ္။ က်န္ျပည္နယ္နဲ႔ တိုင္းေတြမွာလည္း ဆက္လက္ဖြဲ႕စည္းသြားဖို႔ ရွိပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013